Wednesday, September 25, 2013

အသက်အရွယ် အသက်ကြီးလေလေ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများလေလေ ဖြစ်သည်။





(၁) အသက်အရွယ်
အသက်ကြီးလေလေ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများလေလေ
ဖြစ်သည်။

(၂) နိုင်ငံဖွံဖြိုးမှု
ဖွံဖြိုးပြီးနိုင်ငံသူ များသည် ဖွံဖြိုးမှု အနည်းဆုံးဖြစ်သော
နိုင်ငံသူများထက် အဖြစ်ပိုများသည်။


(၃)မျိုးပွားမှုဆိုင်ရာ အချက်အလက်များ
ရာသီသွေးစပေါ်သည့် အသက်အရွယ် စောလွန်းခြင်း၊
ပထမကလေးယူသည့် အသက်အရွယ် နောက်ကျခြင်း၊
ကလေးမမွေးခြင်း(သို့) ကလေးယူသည့်အရေအတွက် နည်းခြင်း ၊နို့မတိုက်ခြင်း၊ ရာသီသွေးဆုံးမှု နောက်ကျလွန်းခြင်း တို့သည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ပိုများစေသည်။

(၄)ဟော်မုန်းသုံးစွဲ သူများ
(သန္ဓေတားဆေးကတ်၊ ဟော်မုန်းကုထုံးများ)
(၅) ရင်သားငယ်ကျစ် သူများ
(၆) ရင်သားရောဂါအခံရှိ သူများ
(၈) ရင်သားကင်ဆာ မျိုးရိုးရှိသူများသည် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများကြောင်း ဆက်စပ်တွေ့ရှိရသည်။

အခြား အချက်အလက်များမှာ

(၁) အ၀လွန်သူများ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူများ၊
အဆီအစားများသူ၊ ဓါတ်ရောင်ခြည်နှင့် ထိတွေ့မှုများသူ အရက်သောက်သုံး သူနှင့် ဆေးလိပ်သောက်သုံး သူများသည်
လည်း ရင်သားကင် ဆာဖြစ်ပွားမှုနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရပါသည်။


ဒေါက်တာခင်နိုင်ဦး

Ref: Cancer Research UK 

From...Facebook

No comments:

Post a Comment