Friday, September 20, 2013

ရှောင် မရသည့်ဘေး




 ကိုယ်ကျင့်သီလ ဖောက်ဖျက်ပြီဆိုသည်နှင့် သူတစ်ပါးနစ်နာမှု
အကြီးအသေးကိုလိုက်၍ ဘေးကြီးလေးမျိုးဆိုက်တတ်သည်။
ယင်းတို့ ကား -

၁။ အတ္တာနုဝါဒဘေး - မိမိကိုယ်ကို စွပ်စွဲကဲ့ရဲ့ခြင်း
၂။ ပရာနုဝါဒဘေး - သူတစ်ပါးက စွပ်စွဲကဲ့ရဲ့ခြင်း
၃။ ဒဏ္ဍဘေး - မင်းပြစ်မင်းဒဏ်သင့်ခြင်း(ထောင်ကျခြင်း)
၎။ ဒုဂ္ဂတိဘေး - အပါယ်လေးပါးသို့  ကျရောက်ရခြင်း
တို့ ဖြစ်ပေသည်။

ထိုလေးမျိုးတို့ တွင် ဟန်ဆောင်ဖုံးကွယ်မှု ကောင်းသောကြောင့် ပရာနုဝါဒဘေးမှ လွတ်နိုင်သည်။ ငွေကြေးလာဘ်ထိုးနိုင်မှု၊
ပရိယာယ် မာယာဖြင့် ဥပဒေလက်တစ်လုံးခြား ရှောင်တတ်မှုတို့ ကြောင့်
ဒဏ္ဍဘေးမှ လွတ်နိုင်သည်။



အတ္တာနုဝါဒဘေးနှင့် ဒုဂ္ဂတိဘေးမှကား မည်သို့ သော နည်းနှင့်မှ မလွတ်နိုင်ပေ။ သူတစ်ပါး ကိုသာ လိမ်လို့ ရမယ်။ မိမိကိုယ်မိမိကား လိမ်လို့ မရဟူသော စကားသည် ကိုယ်ကျင့်သီလတစ် ခုခု ဖောက် ဖျက်လိုက်လျှင် သူတစ်ပါးသိသည်ဖြစ်စေ မသိသည်ဖြစ်စေ အတ္တာနုဝါဒဘေးနှင့် ဒုဂ္ဂတိဘေးကား
ဧကန်မုချဆိုက်မည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ)
(သီလအစွမ်း အံ့မခန်း မှ)


မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

 
အနှိုင်းမဲ့စာတိုပေစများ ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
From...Facebook

No comments:

Post a Comment