Saturday, September 30, 2017

သင့်မှာ ဒီလို ပြဿနာတွေ ရှိနေရင် ကြက်သွန်ဖြူ ကို မစားပါနဲ့



ကြက်သွန်ဖြူ အစိမ်းဟာ ရောဂါ အမျိုးမျိုး ကုသဖို့ အတွက် ရိုးရာ ဆေး အဖြစ် အသုံးပြုခဲ့ကြတာပါ ။ သွေးတိုးတာ၊ နှလုံးရောဂါ၊ ကိုလက်စထရော နဲ့ သွေးကြောကျဉ်းတာ ၊ နှလုံးရောဂါတွေကြောင့် သွေး စီးဆင်းမှု လျှော့နည်းတာတွေ အတွက် အသုံးပြုခဲ့ကြတာပါ။

ကြက်သွန်ဖြူဟာ အကျိုးကျေးဇူး အများဆုံး အစားအစာ တစ်မျိုးဖြစ်ပေမဲ့လည်း ကျန်းမာရေးနဲ့ ညီညွှတ်ဆုံး အစားအစာ ဖြစ်တယ် လို့တော့ မဆိုနိုင်ပါဘူး။

ကြက်သွန်ဖြူ ကို စားရင် ဘယ်သူ မဆို ဘယ်လို အခြေအနေမျိုးမှာ မဆို စားသုံးလို့ ရသလား ဆိုတော့ 
အခုဖော်ပြမဲ့ အခြေအနေမျိုး ဆိုရင်တော့ မစား သင့်ပါဘူး။

ကြက်သွန်ဖြူ ကို လုံးဝ စားလို့ မရဘူးလား ဆိုတာတော့ မဟုတ်ပါဘူး။ ဆေးဖြစ် ၀ါးဖြစ် မီးဖုတ်ပြီး စားတာတို့ အစိမ်းလိုက် ၀ါးစားတာ တို့ကို ရှောင်ကျဉ်ပါ။ ဟင်းချက်တဲ့ နေရာမှာတော့ ထည့်ချက်လို့ရပါတယ်။

သွေး ဖိအားနည်းခြင်း ၊
ကြက်သွန်ဖြူ ကို အစိမ်းလိုက် စားတာဟာ သွေးတိုး ကျစေလို့ သွေးဖိအား နည်းတတ်သူတွေ အတွက်
ကြက်သွန်ဖြူ ကို အစိမ်းလိုက် မစားသင့်ပါဘူး။

ဆေးဝါး အမျိုးမျိုး မှီဝဲနေရရင် ၊
သင်ဟာ ဝေဒနာ တစ်ခုခုကြောင့် ဆေးဝါး တစ်မျိုးမျိုး မှီဝဲနေရသူဖြစ်ရင် ကြက်သွန်ဖြူ ကို မစားခင် ဆရာ ၀န် နဲ့ တိုင်ပင်သင့်ပါတယ် ။ ကြက်သွန်ဖြူ ဟာ ဆေးဝါး တစ်မျိုးမျိုးရဲ့ အာနိသင်ကို မြင့်တင်နိုင်စွမ်း ရှိတာပါတယ်။ ဒါဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။


ဘယ်တော့မှ မနစ်မြုပ်နိုင်တဲ့ မြန်မာ့ လေယာဉ်တင်သင်္ဘော



ဘယ်တော့မှ မနစ်မြုပ်နိုင်တဲ့ မြန်မာ့ လေယာဉ်တင်သင်္ဘော(သို့မဟုတ်) မြန်မာ့ ရှေ့တန်း ခံစစ်ကြောင်း၊

မြန်မာနိုင်ငံ အနောက်တောင်ဖက် ရန်ကုန်မှ ထောင့်ဖြတ် တိုင်းပါက 420 ကီလိုမီတာ ရှိပြီး ရှေ့ တန်းအကျဆုံးကျွန်းစုဖြစ်ပါတယ် ။

သူ့ ရဲ့ တောင်ဖက်မှာက အက်ဒမန်းကျွန်းစု ရှိပြီး ကီလိုမီတာ 60 ပဲဝေးတာပါ ။ အိန္ဒိယပိုင် ဖြစ်ပြီး စစ် အခြေစိုက် စခန်း ချထားပါပြီ ။

တောင်မြောက် အရှည် ၁၂ ကီလိုမီတာ ရှိပြီး ရှေ့  နောက် ကတော့ ၁’ ၇ ရှိပါတယ် ။ မဟာဗျူဟာ အကျဆုံး ဖြစ်ပြီး သဘာဝတရားကြီးက ပေးတဲ့ လက်ဆောင် အဖြစ် ကျောက်ဆောင် ထူထပ် လို့  မည်သည့် စစ်သင်္ဘော မှ အနား မကပ်ရဲပါဘူး ။ ကမ်းတက် တိုက်မယ်ဆိုရင် အခေါင်းပါ အပိုယူလာမှ ရပါလိမ့်မယ် ။

ဒါကြောင့်  မြန်မာ့ တပ်မတော် လေယာဉ်တင် သင်္ဘောကြီးအဖြစ် နိုင်ငံတစ်ကာမှ ပြောထားပြီး စစ်ရေး အ
ချက်အချာ နေရာဖြစ်လို့  အမေရိကန် တရုတ် အိန္ဒိယ က လိုချင်နေပြီး ပိုက်ဆံမကုန်တဲ့  လေယဉ်တင်
သင်္ဘော အဖြစ် စစ်စခန်းဆောက်ချင်နေပါတယ် ။

တပ်မတော်က ကမ်းနီး ကမ်းဝေး ရေဒါ များနဲ့  စောင့်ကြည့်နေပြီး မဖော်ပြနိုင်သေးတဲ့  လက်နက်တွေ တပ်ဆင် ထားပြီး လေယာဉ်တင်သင်္ဘော အဖြစ် အသုံးချနေပါပြီ ။




Saturday, September 23, 2017

နိုင်ငံသား ဖြစ်ချင်တယ် ဆိုရင် နိုင်ငံတော်အလံ ကိုတော့ အလေးပြုရလိမ့်မယ်



White Card ဆိုသည်မှာ....
မည်သူ မည်ဝါဖြစ်ကြောင်း လက်မှတ် ထိုးထားခြင်းသာဖြစ်ကြောင်း သမိုင်းပညာရှင် ဒေါက်အေးချမ်း
က ပြောသည်။

White Card ဆိုတာက မည်သူ မည်ဝါဖြစ်ကြောင်း လက်မှတ်ပေါ့။ ဒီလူ တစ်ယောက်ဟာ မည်သူဖြစ်တယ်၊ ဘယ် မှာနေတယ် ဆိုတာပါပဲ။ နိုင်ငံသား မဟုတ် ဘူး၊ ဘာမှ ထောက်ခံချက် မပေးနိုင်ဘူး ဟု သမိုင်း ပညာရှင် ဒေါက်တာအေးချမ်း က ပြောသည်။

ယခင် အစိုးရ လက်ထက်တွင် ရခိုင် ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီ များကို White Card ထုတ်ပေးခဲ့သောကြောင့် ဝေဖန်မှု ဖြစ်ပေါ်ခဲ့သည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက္ကဌ ကိုဖီအာနန် က ၁၉၈၂ ခုနှစ် ဥပဒေကို ဖြေလျှော့ပေးရန် အတွက် အကြံပေးစာတမ်းတွင် ထည့်သွင်းဖော်ပြ ထားသည်။

နိုင်ငံတစ်ကာ စံချိန် စံညွှန်းတွေနဲ့ မကိုက်ညီဘူး ဆိုတာ ဘယ်နေရာ မကိုက်ညီတာလဲ၊ အတိ အကျ ထောက်ပြပါ။ မကိုက်ညီဘူး လို့ပြောရုံနဲ့တင် မရဘူး။ နိုင်ငံတိုင်းမှာ လူဝင်မှု အက်ဥပဒေ ဆိုတာ ရှိတယ်။ ဂျပန် မှာလည်းရှိတယ်။ အမေရိက မှာလည်းရှိတယ်။

Green Card ရထား တဲ့ သူတစ်ယောက်ဟာ ငါးနှစ် နေပြီးရင် နိုင်ငံသားဖြစ်ခွင့်ရှိတယ် ဟု ဒေါက်တာ
 အေးချမ်းက ပြောသည်။

အမေရိကန်နိုင်ငံသား ဖြစ်လိုလျှင် ဘာသာစကား၊ ဖွဲ့စည်းအုပ်ချုပ်ပုံ နှင့် အမေရိကန် သမိုင်း ကိုဖြေဆို၍ 
ကျမ်းကျိန် ရကြောင်း၊ ဂျပန်နိုင်ငံသား အဖြစ် ခံယူရန် လျှောက်ထားလျှင် ဂျပန်နိုင်ငံ၏ အလယ် တန်း အဆင့် ဂျပန်စာ ကိုဖြေရပြီး ဖွဲ့စည်းပုံ နိုင်ငံရေး စနစ်၊ ယဉ်ကျေးမှုများကို ဖြေဆိုပြီး အောင်မြင်မှ သာလျှင် နိုင်ငံသား
ဖြစ် ခွင့်ရှိသည်ဟု သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းက ရှင်းပြသည်။

“ဒီနိုင်ငံမှာ နိုင်ငံသားဖြစ်ချင်တယ် ဆိုရင် အဘိုး အဘွား ဘယ်နှစ်ဆက်နေ ရင် ရတယ်။ ရခိုင် စကားလည်း တတ်စရာ မလိုဘူး။ နိုင်ငံတော်သီချင်းလည်း ဆိုစရာ မလိုဘူး။

ဒီ ၁၉၈၂ ခုနှစ် ဥပဒေက ဒီလောက်ပျော့ပျောင်းတဲ့ ဥပဒေပါ။ ဒါကို နိုင်ငံ တစ်ကာ စံချိန် စံညွှန်း နဲ့ မကိုက်ညီဘူး ဆိုတာ က ဘာကိုပြောတာလဲ ဆိုတာ ကျွန်တော် နားမလည်ဘူးဖြစ်နေတယ်” ဟု ၎င်းး က ပြောသည်။


အစွန်း​ရောက်​ အကြမ်းဖက်မှုများနဲ့ ပတ်သက်ပြီး ဖေ့ဘုတ် မှ moderator များကို အမိန့်ထုတ်လိုက်ပြီ



ARSA အစွန်း​ရောက်​ အကြမ်းဖက် အဖွဲ့ကို facebook အသုံးပြုခွင့် ပိတ်ပင်တားမြစ်လိုက်ပြီဖြစ်ကြောင်း
သိရသည် ။
ARSA (Arakan Rohingya Salvation Army) ဟု သူတို့ကိုယ် သူတို့ အမည်တပ် ခေါ်ဝေါ်ကြသည့် အဖွဲ့ ကို အန္တရာယ် ရှိသော အကြမ်းဖက် အဖွဲ့တစ်ခု အဖြစ် facebook မှ တရားဝင် သတ်မှတ်လိုက်ပြီး ထိုအဖွဲ့ သည် လူမှုကွန်ရက်ကို အသုံးပြုကာ အမုန်းစကားများ ဖြန့်ချိရန်၊ အပြစ်မဲ့သူများကို သတ်ဖြတ်ရန်နှင့် ပြစ်မှုများ ကျူးလွန်ရန် စီစဉ်ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သောကြောင့် ယင်းအဖွဲ့ကို facebook လူမှုကွန်ရက် အသုံးပြုခွင့် ပိတ်ပင်တားမြစ်လိုက်ကြောင်း facbook မှ ပြောခွင့်ရ ပုဂ္ဂိုလ်က အတည်ပြုသည်။
facebook ၏ အဖွဲ့အစည်း စံသတ်မှတ်ချက် စည်းမျဉ်း (Community Standard) အရ အဆိုပါ အဖွဲ့အ
စည်းကို ထောက်ခံခြင်း၊ အားပေး အားမြှောက်ပြုလုပ်ခြင်းပြုသည့် စာသား၊ ဓာတ်ပုံ၊ ရုပ်သေ ရုပ်ရှင် ဖိုင်
များကိုပါ တားမြစ် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်းသိရသည်။


ကင်မ် ဂျုံ-အွမ်း ရဲ့ တိုက်ရိုက် သဘောထား ကြုံတောင့်ကြုံခဲ ထွက်လာ



ရူးသွပ်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ပြောစကားတွေ ကြားရတဲ့ အခါ သူ့ အနေ နဲ့ မြောက် ကိုရီးယား အတွက် လက်နက်တွေ တီထွင် ထုတ်လုပ်တာ မှန်ကန်ကြောင်း ပိုပြီး သေချာ လာတယ်လို့ 
ကင်မ် ဂျုံ-အွမ်း က ပြောပါတယ်။
ထရမ့် က မြောက်ကိုရီးယား ကို အလုံးစုံ ဖျက်စီးပစ်မယ် ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောဆိုခဲ့မှု အတွက် ကောင်းကောင်း ပြန်ပြီး ပေးဆပ်ရမယ်လို့ ကင်မ် ဂျုံ-အွမ်း ရဲ့ ရှားတောင့် ရှားပါး ထုတ်ပြန် တဲ့ ပုဂ္ဂလိက သဘောထား ပြောဆိုချက်ထဲ ပါဝင် နေပါတယ်။
ထရမ့် က သူ့နဲ့ သူ့တိုင်းပြည် တည်ရှိမှုကို ကမ္ဘာ့ ရှေ့မှောက်မှာ ခြိမ်းခြောက်ခဲ့တယ် ။ သမိုင်းမှာ ကြောက်စရာ အကောင်းဆုံး စစ်ကြေညာမှု ဖြစ်တဲ့ သု့နိုင်ငံကို ဖျက်ဆီးပစ်မယ်လို့ ပြောခဲ့တယ်၊ သူတို့ ဘက်က
လည်း အသေအချာ စဉ်းစားပြီး အပြင်းထန်ဆုံး တန်ပြန်မယ်လို့ ကင်မ် ဂျုံ-အွမ်း က ဆိုပါတယ်။
မစ္စတာ ထရမ့် ကလည်း သူ အရူး လို့ ခေါ်ခံရတဲ့ အခါ ကင်မ် ဂျုံ-အွမ်း ကို အရူး လို့ တန်ပြန် သမုတ်ကာ၊ ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ အတိုင်းအတာ နဲ့ စမ်းသပ် ရလိမ့်မယ် ဆိုပြီး တုံ့ပြန် ပါတယ်။


မြန်မာနိုင်ငံအား ကာကွယ်ရေး လက်နက် ပစ္စည်းများ ထောက်ပံ့မှုပြုရန် အိန္ဒိယ အစိုးရ စဉ်းစားနေကြောင်းသိရ



နယူးဒေလီ၊ စက်တင်ဘာ ၂၂

မြန်မာနိုင်ငံအား ကာကွယ်ရေး လက်နက်ပစ္စည်းများ ထောက်ပံ့မှုပြုရန် အိန္ဒိယ အစိုးရ စဉ်းစားနေကြောင်းသိရသည်။

လက်ရှိတွင် အစွန်းရောက် အကြမ်းဖက်ဖြစ်ရပ်များနှင့် ရင်ဆိုင်နေရသော မိမိ တို့၏ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ် သည့် မြန်မာနိုင်ငံအား ကာကွယ်ရေး ဆိုင်ရာ လက်နက် ကိရိယာပစ္စည်းများ အထောက်အပံ့ပေးရန် အိန္ဒိယ အစိုးရ က စဉ်းစားနေပြီဖြစ်ကြောင်း ရိုက်တာ သတင်းဌာနမှ သတင်း တစ်ရပ်တွင် ရေးသား ဖော်ပြထားခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် (ရေ) နှင့် အိန္ဒိယ အစိုးရတို့ ကြာသပတေးနေ့က တွေ့ဆုံ ဆွေနွေးခဲ့ကြရာတွင်လည်း ကာကွယ်ရေး လက်နက်ပစ္စည်းများ အကြောင်း ပါဝင်ခဲ့ကာ မြန်မာ ရေတပ်မတော်သားတို့ကို အိန္ဒိယနိုင်ငံ ရေတပ်မတော်နှင့် ပူးတွဲ၍ ထိပ်တန်း လေ့ကျင့်မှုများပြုလုပ်ပေးရန် ကိုလည်း နှစ်ဖက်စလုံးက ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း ယင်းသတင်းတွင်ရေးသားထားသည်။

မြန်မာနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် အန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး Nirmala Sitaraman နှင့် အိန္ဒိယနိုင်ငံတပ်မတော် ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သည်။

နှစ်ဖက် တာဝန်ရှိသူတို့သည် ကင်းလှည့်ရေယာဉ်များ ထောက်ပံ့ပေးရေး ကိစ္စရပ်ကိုပါ ဆွေးနွေးခဲ့သေးကြောင်းသိရသည်။ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် (ရေ )သည် သူ၏ အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ ခရီးစဉ် အတွင်း ၀ယ် မွန်ဘိုင်းမြို့ရှိ ရေတပ် သင်္ဘောများ ဆောက်လုပ်ရာနေရာသို့လည်း သွားရောက် လေ့လာကြည့်ရှုခဲ့သေးသည်။



Thursday, September 21, 2017

၂၁ ရာစု အတွင်း လူအများဆုံး ပျက်ပြုန်းသေဆုံးမှုကြီးကို UN က မျက်ကွယ်ပြုထားခြင်း



ယီမင်နိုင်ငံ ရဲ့ပြည်တွင်းစစ်ကြီးဟာ၂၁ ရာစုအတွင်း ကမ္ဘာ့သမိုင်းမှာ အကြီးဆုံးသော လူသားများ အများဆုံးသေကြေ ပျက်သုဉ်းမှူကြီးဖြစ်တယ်လို့ သတင်းတွေက ဖော်ထုတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့၂ နှစ်ခွဲက စပြီး ယီမင်နိုင်ငံဟာ Failed State လို့ခေါ်တဲ့ ကျဆုံး ပျက်စီးတဲ့ နိုင်ငံဘ၀ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အကြိမ်ပေါင်းများစွာ ဗုံးကြဲခံရမှု ဒဏ်ချက်တွေကြောင့် တံတားတွေ ၊ဆေးရုံတွေ၊ စက်ရုံတွေ အားလုံး ပျက်စီးခဲ့ရပါတယ်။ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေ ဆရာဝန်တွေဟာလည်း သူတို့အတွက် လခ ဆိုတာ မရှိတော့ပါဘူး ။

အဟာရ ချို့တဲ့မှုတွေ နဲ့ချို့တဲ့ပြတ်တောက်သွားတဲ့ ကျန်းမာရေး စောင့်ရှောက် မှုတွေကြောင့် လူနာတွေဟာလည်း မသေသင့်ဘဲ သေဆုံးကုန်ကြပါ တယ် ။ မြို့တော်ဆာနား လေဆိပ်ကလည်း ပြီးခဲ့တဲ့ တစ်နှစ်လောက်ကထဲက ပိတ်လိုက်ရပြီး သွားလာမှူနဲ့ကုန်သွယ်မှုတွေပြတ်တောက်သွားခဲ့ပါတယ်။

အဟာရ ချို့တဲ့မှုတွေနဲ့ မိလ္လာရေဆိုးထုတ် စနစ်တွေ မရှိတော့တဲ့ အတွက်လည်း အရှေ့အလယ်ပိုင်းမှာ အဆင်းရဲဆုံးနိုင်ငံလေး ခမြာမှာ သမိုင်းမှာ အဆိုးဆုံး ရောဂါဘယ လှိုင်းတွေ ဆက်တိုက် ကျရောက်လာပါတော့တယ်။

ပြီးခဲ့တဲ့ သုံးလလောက် အတွင်းမှာ ၀မ်းရောဂါ ကပ်ဘေးကြီး ကျရောက်လာပြီး လူနှစ်ထောင်ကျော်သေဆုံးခဲ့ကာ၊ လူတစ်သန်းကျော်လောက်ဟာ ကပ်ဘေး သင့်နေကြရပါတယ်။ အဲ့ဒီ အဖြစ်ဆိုးကြီးဟာ လွန်ခဲ့တဲ့အနှစ် (၅၀) အတွင်း ကမ္ဘာပေါ်မှာ အကြီးမားဆုံးသေဆုံးတဲ့ ကပ်ဘေးကြီးဖြစ်တယ်လို့ဆိုပါတယ်။

ယီမင် စစ်သား အယ်ဂျူဖီ က သူလစာ မရတာ ၈ လ ရှိပြီး မိသားစု အတွက် မရတာ ၆ လ ရှိပြီလို့ဆိုပါ တယ်။ သူဟာ အသက်ငင်နေသူလိုဖြစ်နေပြီး၊ သူ့ရဲ့သမီးကတော့ ဆာနားဆေးရုံမှာ ကာလ၀မ်း ရောဂါ
ရယ် အားပြတ်မှုရယ်နဲ့ အသက်ငင်နေပြီလို့ဆိုပါတယ်။ ယီမင်နိုင်ငံသား၂၈ သန်း နီးပါးထဲက တစ်ဝက်လောက်ဟာ ဆေးရုံဆေး ခန်းတွေကို မရောက်နိုင်ကြတော့ပါဘူး။ 

အယ်ဂျူဖီ ဟာ သူ့သမီးလေးကို ဆေးကုနိုင်ဖို့ဆွေမျိုးတွေဆီက ရသမျှငွေတွေချေးငှားပြီး မြို့တော် ဆာနား ကို သူ့ရွာလေးကနေ တက်လာခဲ့တာပါ။ ကျွန်တော်တို့နိုင်ငံကြီး အခုလို ဘာဖြစ်လို့ပြိုကွဲပြီး အခုလို ကယ်သူမဲ့ အခြေ အနေတွေဖြစ်နေရတာလဲဗျာ လို့သူ ငိုကြွေးရင်းညည်းငြူနေပါတယ်။


အာရပ် ကမ္ဘာထဲမှာ အဆင်းရဲဆုံးနိုင်ငံလေး ဖြစ်တဲ့ ယီမင် ဟာ အတော မသတ်တဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ၂၀၁၄ မှာ စခဲ့တဲ့နောက်ဆုံး ပဋိပက္ခဟာ ဟူသီ သူပုန်တွေကနေ သမတကို တိုက် ထုတ်ပြီးမြို့တော်ကို သိမ်းပိုက်ရာက စခဲ့ပါတယ်။

၂၀၁၅ မတ်လ မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံ တပ်တွေ ၀င်ရောက်လာပြီး ယီမင် သမတ ဟာဒီ ဘက်ကနေ ကူတိုက်ဖို့ အာရပ်နိုင်ငံ ပူးပေါင်းတပ်ဖွဲ့ အနေနဲ့စတင် တိုက်ခိုက်လာခဲ့ပါတယ်။ ဒါပေမည့်လည်း သူတို့ရဲ့ စစ်ဆင်ရေးဟာ အောင်မြင်ခြင်း မရှိဘဲ ဟူသီတွေက ယီမင် ရဲ့နိုင်ငံဒေသ တစ်ဝက်ကို ဆက်လက် ထိန်းချုပ်ထားလိုက်တဲ့အတွက်နိုင်ငံဟာနှစ်ပိုင်း ကွဲသွားခဲ့ပါတော့တယ်။





Thursday, September 7, 2017

သံလွင်ဆီ ၏ အာဟာရနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ


သံလွင်ဆီ 

သံလွင်ဆီ ဆိုတာ သံလွင်သီး ကနေ ရရှိတဲ့ အဆီဖြစ်ပြီး သံလွင်သီး ကို Olea europaea ; မျိုးရိုး Oleaceae လို့ မှတ် သားနိုင်ပါတယ် ။ သံလွင်ဆီကို ယေဘူယျ အားဖြင့် ချက်ပြုတ်ခြင်း အလှအပ ရေးရာ ၊ ဆေးဝါး ထုတ်လုပ်ခြင်း ၊ ဆပ်ပြာ နဲ့ လောင်စာဆီတွေ အဖြစ်လည်းအ သုံးပြုနိုင်ပါတယ် ။ ကမ္ဘာတစ်ဝှမ်းလုံးမှာ သံလွင်ဆီ ကို အသုံးပြုကြပြီး အထူး သဖြင့် မြေထဲပင်လယ် အနီးတစ်ဝိုက် ဒေသတွေမှာ အသုံး များကြပါတယ် ။


သံလွင်ဆီမှာ ဘာတွေပါလဲ 

သံလွင်ဆီမှာ အဓိက အားဖြင့် ရောနှောနေတဲ့ triglyceride အစု အဝေးတွေဖြစ်တဲ့ oleic acid , palmitic acid နဲ့ တခြား fatty acids တွေနဲ့ ဖွဲ့စည်းထားပါ့တယ် ။ ဒါ့အပြင် squalene 0.7 % နဲ့ sterols အနည်း ငယ် လည်းပါဝင် ပါတယ် ။ သံလွင်ဆီ က ပါဝင် ဖွဲ့စည်းမှုဟာ နေရာဒေသ ၊ စိုက်ပျိုး ရိတ်သိမ်းချိန် ၊ အဆီ ထုတ်ယူမှု နည်း နဲ့ ရာသီ ဥတုတွေ အပေါ်မူတည်ပါတယ် ။ 

သံလွင်ဆီမှာ သဘာဝ ထုတ်ကုန်တွေဖြစ်တဲ့ ဓါတ်တိုး ဆန့်ကျင် ပစ္စည်း တွေပါဝင်ပြီး အချော မသတ်ရသေးတဲ့ အဆီ extra-virgin unprocessed olive oil ဟာ သူ့ရဲ့ ခါးသက် တဲ့ အရသာရယ် စူးရှတဲ့ အရသာရယ်ဟာ tyrosl , hydroxytyrosol , oleocanthal နဲ့ oleuropein စတဲ့ ဓါတ်တွေ ပါဝင်တဲ့အတွက်ဖြစ်ပါတယ် ။ 

အာဟာရနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ

လေ့လာ စမ်းသပ်မှုတွေအရ အစားအသောက်ထဲမှာ monunsaturated fats တွေ များများ စားစား ပါဝင်နေခြင်းဟာ နှလုံးသွေးကြောကျဉ်းနဲ့ နှလုံးသွေးကြော အဆီ ဖုံးရောဂါတွေ ကို လျော့ ကျစေ တယ် လို့ သိရပါ တယ် ။ ဒါဟာ အရေးကြီးပါတယ် ။ ဘာလို့လဲဆိုတော့ သံလွင်ဆီမှာ monounsaturated fats တွေအများ အပြားပါ ၀င်နေပြီး အထူးသဖြင့် oleic acid ပဲဖြစ်ပါတယ် ။ US မှာဆိုရင် သံလွင်ဆီ ထုတ်ကုန်တွေမှာ ထုတ် လုပ်သူတွေက အောက်ပါတိုင်း ကျန်းမာရေး အကြောင်းတွေရေးထားလေ့ရှိတယ် ။

- သံလွင်ဆီ ၂၃ ဂရမ် နေ့ စဉ်ပေးခြင်းဇြင့် နှလုံးသွေးကြော အဆီ ဖုံးနှင့် နှလုံးသွေးကြော ကျဉ်းရောဂါ အားလျော့ နည်းစေနိုင် ပါတယ် ။ ဒါဟာ သံလွင်ဆီမှာ ပါတဲ့ monounsaturated fats ကြောင့်ဖြစ်ပါတယ် ။ ဒီလို ကောင်း ကျိုးတွေကို ရရှိဖို့အတွက် သံလွင်ဆီ ဟာ saturated fat တွေနေရာမှာ အစားထိုးနိုင်ပြီး သင်တစ်နေ့တာ စားသောက် တဲ့ ကယ်လီရီ အရေအတွက်ကိုလည်း မများစေပါဘူး ။

ဒီလို ဆုံးဖြတ်ချက်ကို ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှာ FDA ကကြေငြာခဲ့ပြီး ဒီလို အလားတူ စာတမ်းမျိုးကို omega-3 fatty acids တွေပါဝင်တဲ့ မက်မွန်စေ့နဲ့ ဘန်လျှောင်ပင်စေ့ တို့မှာလည်း ကြော်ငြာဖို့ ခွင့်ပြုခဲ့ပါတယ် ။

သံလွင်ဆီ ဟာ နှလုံး ကျန်းမာရေးကို အလွန် အထောက်အကူပြုကြောင်း စမ်းသပ်မှုတွေ အများကြီးရှိခဲ့ပါ တယ် ။ အထူး သဖြင့် ကိုလက်စထရော ကို ပုံမှန် လည်ပတ်စေပြီး LDL cholesterol ကို ဓါတ်တိုးစေပါ တယ် ။ ဒါ့အပြင် သံလွင် ဆီမှာ အရောင်ကျစေတယ် ၊ သွေးခဲ တာကို ဆန့်ကျင်ခြင်း ၊ သွေးတိုးရောဂါကို  သက်သာစေခြင်း နဲ့ သွေးကြောကျယ်စေခြင်း  စတဲ့ စွမ်းရည်တွေရှိပါတယ် ။

အချို့သော လေ့လာမှုတွေ အရ သံလွင်ဆီ ရဲ့ Phenolic ပါဝင်မှုဟာ နှလုံးကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိ တယ်လို့ ဆိုပါတယ် ။ သံလွင်ဆီ ကို ရေရှည်သာ အသုံးပြုမယ်ဆိုရင် သွေးလွှတ်ကြော နံရံတွေရဲ့ ကျုံ့နိုင် ဆန့် နိုင်စွမ်း အားကို များစေပြီး သွေးကြောတွေရဲ့ stress ကို နည်းစေပါတယ် ။ ဒါကြောင့် နှလုံး တိုက် ခိုက် ခံရ မှုနဲ့ လေဖြတ်ခြင်း ကိုလည်း ကာကွယ်ပေးနိုင်ပြန်ပါတယ် ။




Thursday, August 31, 2017

1942 မေလ 13 ရက် ရခိုင်များ လူမျိုးတုံး သတ်ဖြတ်ခံရတဲ့နေ့


နိုင်ငံတစ်ကာ သမိုင်းပညာရှင်များ မသိချင်ယောင်ဆောင်ထားတဲ့ တစ်ကယ့်ဖြစ်ရပ်မှန်။ ။

၁၉၄၂ ခုနှစ် ရခိုင် သမိုင်းမှာ ဒီလို ပုံရိပ်တွေ ရှိခဲ့တယ် ။
(1942 ) ခုနှစ် ကုလားရခိုင် အထိကရုဏ်း စတင်ဖြစ်ရခြင်း အကြောင်းတရားကား စစ်တွေမြို့မှ စတင်ဖြစ်ပွါးလေသည်။

အင်္ဂလိပ်တပ်ဖြစ်သော ရာခ်ျပု ကုလားစစ်သားများက ရခိုင် အမျိုးသမီးများကို အဓမ္မပြုကျင့် ရခိုင်အမျိုးသားများကို ဘင်္ဂလီကုလား အရပ်သားများနှင့် ပူးပေါင်း၍ အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ရာမှ မခံမရပ်နိုင်ဖြစ်ပြီး   စတင်ဖြစ်ပွါးလာ ရခြင်းဖြစ်လေသည်။

ယင်းပြဿနာသည် မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ် များသို့ ကူးစက်သွားသည်။ ယင်းကိစ္စကို ရခိုင်နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသော ဦးပညာသီဟ ၊ ဦးသာကျော် (ဘုံပေါက်) တို့က ဖြန်ဖြေပေးသဖြင့် အထက်ပါမြို့များမှာ အေးဆေးငြိမ်သက်သွားခဲ့ပါသည်။

သို့သော် အထက်ပါမြို့နယ်များမှ ဘူးသီးတောင် ၊မောင်တောမြို့နယ်များသို့ ထွက်ပြေးသွားကြသော ဘင်္ဂလီကုလားများနှင့် ဘူးသီးတောင် မောင်တောမြို့နယ်များမှ ပညာတတ် ကုလားခေါင်းဆောင် အချို့ ဦးဆောင်ကာ နယ်ခံ ကုလားများနှင့် ပူးပေါင်း၍ ယင်းဒေသရှိ ရခိုင် ၊ ရခိုင် မျိုးနွယ်စု တိုင်းရင်းသားများနှင့် ကျေးရွာများကို အမြစ်မကျန် ချေမှုန်း သုတ်သင် သတ်ဖြတ်ကြရန် နှိုးဆော် စည်းရုံးကြလေသည်။

ယင်းအချိန်တွင် မေဂျာ ဦးကျော်ခိုင် (အိုင်စီအက်) သည် ၄င်းကိစ္စကို ထိမ်းသိမ်းရန် စစ်တွေမြို့  မှ ကုလားခေါင်းဆောင်များဖြစ်သော ဦးယာဆိန်း (ရှေ့နေ) ဦးဆူတန်မာမတ် ၊ဦးဘိုးခိုင် စသော သူများ နှင့် ကြိုးပမ်းသော် လည်း မအောင်မြင်သည့် အပြင် (မေဂျာ ဦးကျော်ခိုင် ) ကိုယ်တိုင် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ တွင် ကုလား များ၏ ပစ်ခတ် လိုက်သော သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားရလေသည်။

(၁၉၄၂) ခုနှစ် မေလ တွင် မောင်တောမြို့နယ်ရှိ ကုလားကျေးရွာ အားလုံးသည် လူစုရုံးပြီး လက်နက်ကိုင်များကိုင်ဆောင် လျက် ရခိုင်ကျေးရွာများကို တိုက်ခိုက်ဖျက် ဆီး မီးရှို့ခြင်းများ စတင်ပြုလုပ်လာကြသည်။ ရခိုင်ကျေးရွာ များကို ၀ိုင်းထားခြင်း ၊ လမ်းတံတားများအား ဖြတ်တောက် ဖျက်ဆီးထားခြင်းတို့ ပြုလုပ်ကြ သည်။

မောင်တောမြို့ကို ဒုတ် ဒါး လက်နက် ကိုယ်စီဖြင့် ၀ိုင်းရံထားသည့် ဘင်္ဂလီ အင်အားမှာ(၂၀၀၀၀)နှစ်သောင်း ကျော် လောက်ရှိမည်ဟု ခန်းမှန်းကြသည်။ မောင်တောမြို့ ၀င်ပေါက် ထွက်ပေါက် အားလုံးကို ပိတ်ဆို့ထားကြ သည်။

မောင်တောမြို့နယ် ပတ်ဝန်းကျင် ကျေးရွာများကိုလည်း ကုလား များ ၀ိုင်းဝန်း ထိုးခုတ်နေကြသည်ဟု သတင်းများကြားကြရသည်။ ဒါး ဒါဏ်ရာနှင့် မောင်တော မြို့ပေါ်သို့ တက်လာ သော သူများမှာလည်း မနည်းလှပါ။
မောင်တောမြို့အလယ်ရွာက ဟု ထင်ပါသည်။ အိမ်ထောင်စု တစ်စု မနက် (၄နာရီ) လောက်တွင် ဘူးသီးတောင်သို့ ဖေါက်ထွက်ပြေးကြရာ ကညင်တန်းရွာမှ ကုလားများ ခုတ်လွှတ်လိုက်သောကြောင့် ပါသွားသော 
ပစ္စည်း များအားလုံးလည်း လုယူ ခံရပြီး သွေးသံရဲရဲ ဖြင့် မြို့ထဲသို့ ပြန်ဝင်ပြေးလာသည်ကို တွေ့ရှိခဲ့ရသည်။

ယင်းနေ့ မိုးလင်းသည့် အချိန်မှ စ၍ ရရာ ပစ္စည်းများကို ထုတ်ပိုးပြီး ထွက်လာခဲ့ကြ ရာ လမ်းများပေါ်တွင် မိမိကဲ့သို့ အထုတ် အပိုးများဖြင့် ဟိုဟို ဒီဒီ ပြေးလွှားနေကြသော ထိတ်လန့် ကြောက်လန့်နေကြသည့် ရခိုင်များ အုပ်စုလိုက် အုပ်စုလိုက် တွေ့ရပါသည်။






မောင်တော ဘင်္ဂါလီ အကြမ်းဖက် အဓိကရုဏ်းမှာ တာဝန်အရှိဆုံး ဘယ်သူလဲ



မြန်မာ့နိုင်ငံရေးက ရီရမလို ငိုရမလို၊
မူလတန်းကလေးတွေ ပါရဂူဘွဲ့ စာတမ်းတင်သလို ဖြစ်နေတယ်။

မောင်တောတိုက်ခိုက်ခံရမှုဟာ အစိုးရမှာ တာဝန်ရှိတယ် ။ တပ်မတော်မှာ တာဝန်ရှိတယ် ။အငြင်း အခုံဖြစ်နေကြတာ သာမန်လူထု မဟုတ်ဘဲ ဥပဒေပြုနေကြတဲ့ တစ်ချို့သော လွှတ်တော် အမတမင်းတွေ ကိုယ်တိုင်က တပ်မတော်မှာသာ တာဝန်ရှိတယ်ဆိုတဲ့ အယူအဆ တွေပြောကြားလာကြတာကို အံ့သြ စရာကောင်းအောင်တွေ့မြင်ကြားနေ ရပါတယ်။

တစ်ယောက်က တပ်မတော်ဟာ ကာကွယ်ရေး ဘက်ဂျက်တွေ အများကြီးသုံးပြီး ဘင်္ဂလီတွေကို ထိထိရောက်ရောက် မနှိမ်နှင်းနိုင်ဘူးပြောတယ်။ တစ်ယောက်က တပ်မတော်က အခြေခံဥပဒေအရကာကွယ်နိုင်မယ်ယုံကြည်လို့ ရခိုင်အရေးအဆိုကို မှတ်တမ်းတင်ရုံသာ တင်သင့်ကြောင်းထောက်ခံတာပါလို့ ပြောတယ်။


တစ်ယောက်က KIA,TNLA ကိုကျ မီးကုန်ယမ်းကုန် တိုက်ပြီး လွှတ်တော်က စစ်ပွဲတွေ ရပ်ခိုင်းတာတောင် မရပ်ဘဲ ကုလားအရေးကျမှ တပ်မတော်က နိုင်ငံရေး အမြတ်ထုတ်ဖို့ချောင်းနေတယ်ပြောတယ်။

အဲဒါ တိုင်းပြည်အတွက် ဥပဒေတွေ ပြုနေတဲ့ အမတ်တွေထဲကပြောနေကြတာပါ။ သာမန်နိုင်ငံရေး စိတ်မဝင်စား မလေ့လာတဲ့ လူထု မဟုတ်ပါဘူး။

အစိုးရမှာ တာဝန်ရှိတယ် ဆိုမှတော့....................
အစိုးရ ဆိုမှတော့ သမ္မတ ၊ ဝန်ကြီး ဆိုတဲ့ အစိုးရအဖွဲ့အားလုံးပါတာပေါ့။ ကာကွယ်ရေး ပြည်ထဲရေး ဝန်ကြီးတွေလည်းပါပြီပေါ့။ 


အစိုးရ ဆိုသည်မှာ ၂၀၀၈ ခြေဥအရနိုင်ငံတော် သမ္မတဦးဆောင်သော အစိုးရအဖွဲ့ကို ဆိုလိုခြင်းဖြစ်ပြီးမြေပြင်တွင် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်သော အစိုးရအဖွဲ့ကို ဆိုလို ကြောင်း အားလုံး သိကြပါတယ်။




ဒီကနေ့ တိုင်းပြည်ကို ဦးဆောင်ပြီး တာဝန်ခံ လုပ်နေတာ NLD အစိုးရပဲ ။ ခြေဥ အရ သမ္မတက တာဝန်ခံရမှာဖြစ်ပေမယ့် လက်တွေ့ ဦးဆောင်တာဝန်ခံ လုပ်နေတာ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ တစ်ကမ္ဘာလုံးကသိတယ်။

ဦးနေဝင်း၊ ဦးစောမောင်၊ ဦးသန်းရွှေ၊ ဦးသိန်းစိန် တို့ ဦးဆောင်တဲ့ ကာလ အတွင်း ကောင်းသည်ဆိုးသည် အားလုံးသူတို့ တာဝန်ပဲ။ အခု၂၀၁၅-၂၀၂၀ ကာလအတွက် ဆိုးသည်ကောင်းသည် တိုင်းပြည်ကို တာဝန်ခံရမှာဒေါ်အောင်ဆန်းစုကြည်ပဲ။


တိုင်းပြည်ကောင်းရင်လည်း အောင်ပွဲခံဖို့ ရင်ကော့ထားလို့ရ သလိုတိုင်းပြည် ဆိုးရင်လည်း တာဝန်ရှိကြောင်း ခံယူဖို့လိုပါတယ်။ ပြည်သူ တင်မြှောက်တဲ့ အစိုးရ ဖြစ်လို့ပြည်သူ့တာဝန်လို့ လွှဲချလို့တော့မရပါဘူး။



အမှန်တရားက ဖိနပ်စီးနေတုန်းမှာပဲ မုသား က ကမ္ဘာ တစ်ပတ် ပတ်ပြီးသွားပြီ




ဆိုရေးရှိ၍ ဆိုပါရစေ။
အောက်မှာ ဖော်ပြထားတဲ့ ကမ္ဘာ့မြေပုံ ကတော့ လက်ရှိ ရခိုင် အရေးနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးမှာ ဘယ်လိုတွေ ပြောနေကြတယ်၊ ဘယ်လို သတင်းတွေ ပြန့်နှံ့နေကြတယ် ဆိုတာကို Data Crawling နဲ့ Analysis လုပ်ထားတာ ဖြစ်ပါတယ်။

အနီတွေ က Negative ပြောတာ ဖြစ်ပြီး အပြာတွေ က Positive ပြောတာ ဖြစ်ပါတယ်။ သတင်း အမှန်တွေက အပြာရောင် ဖြစ်ပြီး သတင်း အမှားတွေက အနီရောင် ဖြစ်ပါတယ်။ ကမ္ဘာကြီး တစ်ခုလုံးနဲ့ တစ်နိုင်ငံတည်း၊ တစ်နိုင်ငံတည်းမှာ မှ နေပြည်တော် ကွက်ကွက် ကလေးကနေ ထုတ်ပြန်နေရတာပါ။ တပ်ချုပ်ရုံး နဲ့ Information Committee နှစ်ခု ကနေ ထုတ်ပြန်နေတဲ့ သတင်းတွေဟာ Twitter မှာ သန်းနဲ့ ချီပြီး Tweet နေတာတွေကို မယှဉ်နိုင်ပါဘူး။

သတင်း မမှားရအောင်၊ အပြန်ပြန် အလှန်လှန် စိစစ်၊ တပ် နဲ့ ရဲ Double Check လုပ်ပြီး သေချာပြီ ဆိုမှ  ထုတ်ပြန်ပေးနေရတဲ့ အခြေအနေမှာ နိုင်ငံတစ်ကာမှာ ရှိတဲ့ သန်း နဲ့ချီတဲ့ လူတွေက ဟုတ်တာရော မဟုတ်တာရော ရှိရှိ သမျှ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို အစုလိုက် အပြုံလိုက် တင်ပြီး ထုတ်ပြန်နေကြတာပါ။ သတင်းဌာနတွေကို အဆက်မပြတ် အီးမေးလ်တွေ ပို့တယ်၊ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ ပို့တယ်။

အကြမ်းဖက် သမားတွေ လက်ချက်နဲ့ သေသွားရတဲ့ တိုင်းရင်းသားတွေရဲ့ ဓါတ်ပုံတွေ (ဒီ ဓါတ်ပုံတွေကို ရေစာထိုးပြီး မှ တင်တာ ) ဟာ Tweeter ပေါ်မှာ လုံခြုံရေး တပ်ဖွဲ့တွေ အသတ် ခံရတဲ့ " ရကောက် " တွေပါ ဆိုပြီး ဖြစ်သွားနေပါတယ်။

နိုင်ငံရေး ပါတီတွေက အကြမ်းဖက် ဆန့်ကျင်ရေး တစ်သားတည်း ရပ်တည်ကြတယ်။ ပြည်တွင်းနေ လူငယ်တစ်ချို့ ကလည်း အကြမ်းဖက်မှုကို ရှုတ်ချတဲ့၊ ကန့်ကွက်တဲ့ ကြေညာချက်တွေ ထုတ်ပြန်လာကြတာ တွေရတယ်။ ဒါကို ကြိုဆိုတယ်။ ဒီထက် ပိုပြီး ပြည်တွင်းနေ အဖွဲ့ကြီးတွေက ကန့်ကွက်ချက်တွေ ထွက်ပေါ်လာဖို့လည်း မျှော်လင့်ပါတယ်။ တိုက်လည်း တိုက်တွန်းပါတယ်။

ဒီအချိန်မှာ မြန်မာ ဆိုတဲ့ စိတ်နဲ့ ပြည်သူတွေဟာ Report တွေ လုပ်ကြတယ်။ Twitter တွေ ဖွင့်ပြီး သတင်းမှန်တွေ ဖြန့်ကြတယ်။ ပြည်တွင်း မီဒီယာတွေ ကလည်း သတင်းမှန်တွေကို အပင်ပန်း ခံပြီး ထုတ်ပြန်နေကြပါတယ်။ ဘယ်နေရာမှာ ဘယ်သူတွေ ရိက္ခာပြတ်နေပြီ၊ ဘယ်နေရာမှာ ပိတ်မိနေပြီ စတဲ့ သတင်း အချက်အလက်တွေ တိုးတိုး တိတ်တိတ် တစ်မျိုး၊ ကျယ်ကျယ်လောင်လောင် တစ်ဖုံ ပေးပို့ပေးခဲ့ကြပါတယ်။ ဒီလိုမျိုး အားတက်သရော ညီညွတ်နေကြတာ တွေ့ရလို့ စိတ်ထဲမှာ လှုပ်ရှားရလွန်းလို့ ပြောမပြတတ်အောင်ပါပဲ။

ဒါပေမယ့် မီဒီယာပါး ဝနေပြီ ဖြစ်တဲ့၊ မီဒီယာတွေကို စီးနင်းထားနိုင်တဲ့ သူတွေက Information Committee က ထုတ်ပြန်ချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံ နာမည်နဲ့ သတင်းခေါင်းစဉ်တွေ တည်ဆောက်ပြီး ဖိအားပေးကြတယ်။ ဒါတွေကို ဖတ်ပြီး Information Committee က ဒီလို ပုံတွေနဲ့ Tweet တာ၊
ပြည်သူတွေ က မတောက် တစ်ခေါက်နဲ့ Tweet ကြတာတွေကို တွေ့တော့ ရှက်စရာကောင်းတယ် လို့
 ပြောကြတယ်၊ Post တင် Tag လုပ်ပြီး အသိပေးလာကြတယ်။

ကိုယ့်တိုင်းရင်းသားတွေ၊ ဒေသခံတွေ အသတ်ခံရတဲ့ ဓါတ်ပုံတွေ၊ ရုပ်ပျက်ဆင်းပျက် ဓါတ်ပုံတွေ အများကြီး ရှိပါတယ်။ ပြည်မကြီး ဘက်မှာ ပဋိပက္ခ မီး မကူးရလေအောင်၊ ဘာသာရေး-လူမျိုးရေးတွေ ကူးစက်လာမှာကို ချင့်ချိန်ပြီး ဓါတ်ပုံတွေ တင်တာတောင်မှ ရွေးချယ်ပြီး တင်နေပါတယ်။

  



Saturday, August 12, 2017

သမိုင်း စည်းရိုး ကာသင့်နေပြီ



အရေးကြီးသည်။ ဖတ်ပါ။ ဖတ်ပြီး ဖြန့်ဝေပါ။ 
အနောက်တံခါး လုံခြုံရေးကို တပ်မတော်က ကာကွယ်နေလျှင် .....
တို့တစ်တွေက သမိုင်း စည်းရိုး ကာသင့်နေပြီ ။
**********************************

ရို/ဂျာ သတင်းမှာ ဘာတက်လာလဲ ဆိုတော့ ရခိုင်မင်းတွေ လက်ထက်က သွန်းလုပ်ခဲ့တဲ့ ဒင်္ဂါးပြားတွေမှာ ပါနေတဲ့ အာရဗီစာတွေကို လက်ညှိုး ထိုးပြီး ရှေးခေတ်ကတည်းက ရို/ဂျာ ရှိတယ်ဆိုတာကို သမိုင်းလိမ်ထားတယ်။

သူတို့တတွေက သမိုင်းလိမ်တွေကို ကမ္ဘာနဲ့ ချီပြီး ဖြန့်ဝေနေတဲ့ အချိန်မှာ တို့လူမျိုးတွေက စာဖတ်ဖို့ ပျင်းနေ ကြ တယ်။ နိုင်ငံတစ်ခုကို လက်နက်နဲ့ ကျူးကျော်လို့ လက်နက်နဲ့ ပြန်တိုက်လို့ရပေမဲ့ သမိုင်း ကျူးကျော်ပြီး ဝါဒဖြန့်နေတာကိုတော့ လက်နက်နဲ့ တိုက်မရပါဘူး။ ဒါဆို ဘာနဲ့ပြန်တိုက်မလဲ။ သမိုင်းကို သမိုင်းနဲ့ပြန်တိုက်မယ်။ ကုလားတွေရဲ့ သမိုင်းလိမ်တွေကို တို့တစ်တွေဖော်ထုတ်မယ်။ တို့လူမျိုးတွေ သမိုင်း အလိမ် မခံရအောင် စာဖတ်ကြမယ်။
လက်ရှိ ရခိုင်သမိုင်း လိမ်လည်မှုတွေကို ဒီအတိုင်း လက်ပိုက်ကြည့်နေရင် တို့တစ်တွေရဲ့ အမှန်တရားဟာ လုံးဝပျောက်ကွယ်သွားမယ် ဆိုတာ သတိထားကြပါ။ အခုလက်ရှိ အလိမ် ခံထားရတဲ့ ရခိုင်မင်းများလက် ထက် က ထုတ်တဲ့ ဒင်္ဂါးပြားပေါ်က အာရဗီစာတွေ အကြောင်းကို ကျွန်တော် လက်လှမ်းမှီသလောက် ရှင်းပြပါ့မယ်။
မြန်​မာနိုင်​ငံ၏ ပြည်​နယ်​တစ်​ခုဖြစ်​​သော ရခိုင်​ပြည်​နယ်​သည်​ ဧရိယာ စတုရန်းမိုင်​​ပေါင်း ၁၄၂၀၀ ရှိသည်​။၂၀၀၈ ခုနှစ်​ စာရင်း အရ လူဦး​ရေ ၃ သန်း နီးပါး ရှိသည်​ကို​တွေ့ရသည်​။
ဓည၀တီ (စစ်​​တွေခရိုင်)၊ ရမ္မ၀တီ ​(ကျောက်​ဖြူခရိုင်​)၊ ​မေဃ၀တီ (မာန်​​အောင်​ခရိုင်​) စသည့်​ ၀တီ​လေးရပ်​ဖြင့်​​  ပေါင်းစည်း အပ်​​သော ရခိုင်​ပြည်​နယ်​တွင်​ ...............
ဓည၀တီ​ခေတ်​ ၊ ​ဝေသာလီခေတ် ​၊ ​လေးမြို့​ခေတ်​ ၊ ​မြောက်​ဦး​ခေတ်​ ဟူ၍​ ခေတ်​​လေး​ခေတ်​ ထွန်းကားခဲ့သည်​။ 

ရခိုင်​ သမိုင်းမှတ်​တမ်းများ အရ ဓည၀တီ​ခေတ် ​သည်​ ဘီစီ ၃၂၅ မှ ​အေဒီ ၃၂၇ အထိကြာရှည်​ခဲ့သည် ​။ အ​ထောက်​အထား အဖြစ်​ ဓည၀တီမြို့​ဟောင်း၏ မြို့ရိုးများ၊ နန်းရာများကို ယ​နေ့နိုင်​ တူး​ဖော်​​တွေ့ရှိ​နေရခြင်းဖြစ်​သည်​။ 

ဓည၀တီသည်​ ပထမ ဓည၀တီ ၊ဒုတိယ ဓည၀တီ ၊တတိယ ဓည၀တီ ဟူ၍ထွန်းကားခဲ့ရာ ဘီစီ ၅၈၀ တွင်​နန်းတတ်​​သော စန္စသူရိယမင်း သည် တတိယ ဓည၀တီကို တည်​ထောင်​၍ မြို့တော်​ကို ​​တောင့်​တင်းခိုင်​မာ​အောင်​ ပြုလုပ်​ပြီး သူရိယ မင်းဆက်​ကို တည်​​ထောင်​ခဲ့သည်​။ ဓည၀တီမြို့သည်​ ​အေဒီ ၃၂၇ အထိ မြို့​တော် ​အဖြစ်​ ဆက်​လက်​တည်​ရှိခဲ့ရာ ​နောက်​ဆုံးမင်းမှာ သူရိယ​ကေတု ဖြစ်​သည်​။ ထိုမင်း လက်​ထက်​တွင်​ ​ဝေသာလီ အရပ်​သို့​ပြောင်း​ရွှေ့ခဲ့ရသည်​။
ဝေသာလီ အပျက်​တွင်​ ငမင်းငတုံ​ ခေါင်းဆောက်သော သက်လူမျိုးတို့ အင်​အား ကြီးမားလာပြီး ​အေ​ဒီ ၇၉၄ တွင်​နန်း တက်ခဲ့သည်​။ မြို့​တော်​ကိုလည်း ​ဝေသာလီ မှ စမ္ပ၀က်​သို့ ​ပြောင်း​ရွှေ့ခဲ့ပြီး ​နောင်​အခါ ​လေးမြို့​ခေတ်​ ဟု ထင်​ရှားလာမည့်​ ​ခေတ်​တစ်​​ခေတ်​ကို စတင်​ခဲ့သည်​။ 






Friday, August 11, 2017

ကွန်ပျူတာမှာ ဒီအပိုင်းတွေ ပါဝင်တယ်



• အပြင်က Data တွေကို လက်ခံ ထည့်သွင်းတဲ့အပိုင်း ( keyboard, mouse)
• အထဲက Data တွေကို ပြန်ပြ၊ ပြန်ထုတ်ပေးတဲ့ အပိုင်း (monitor, printer)
• စက်ထဲမှာ အလုပ် လုပ်တဲ့အပိုင်း (system unit, processor)
• စက်ဖွင့်လိုက်တဲ့အခါ တစ်ချို့အရာတွေကို မှတ်ထားပေးတဲ့ အပိုင်း (short term memory)
• စက် ပိတ်လိုက်တဲ့အခါ တစ်ချို့ အရာတွေကို မှတ်ထားပေးတဲ့ အပိုင်း (long term memory)



ကီးဘုတ် ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ Function keys များ ရဲ့ အသုံးပြုနည်း လျှို့ဝှက်ချက်



ကီးဘုတ် ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ F1;F2;F3;F4;F5;F6;F7;F8;F9 Function keys များ ရဲ့ 
အသုံးပြုနည်း လျှို့ဝှက်ချက် ၊

F1 = ဖွင့်ထားတဲ့ Application မှာ မိမိ မသိတာ ရှိတဲ့အခါ အကူအညီတောင်းလို့ ရပါတယ်။( Help Screen ပေါ်လာပါလိမ့်မည်။)
F2 = ဖိုင် တစ်ခုကို ရွေးပြီး F2 ကို နှိပ်ပါက ဖိုင် အမည်အား အလွယ်တစ်ကူ ပြောင်းလို့ရပါလိမ့်မည်။
F3 = ဖွင့်ထားသည့်  Application တစ်ခုမှာ စာသား Text တစ်ခုခု ရှာဖို့အတွက် အသုံးဝင်ပါတယ်။
F4 = လက်ရှိ ဖွင့်ထားသည့် Application ဖိုင်ကို ပိတ်လိုလျှင် F4 အား နှိပ်လိုက်ပါ။ ပိတ်သွားပါလိမ့်မည်။
F5 = F5 အား များများ နှိပ်ပေးလေ စက်ကို ပိုမို မြန်ဆန် သွက်လက်စေပါသည်။ (Refersh)


ရွှေတောင်ပံ ချွေရန်ခက်သည်






ရွှေတောင်ပံ ချွေရန်ခက်သည်
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ 
 တပ်မတော်(လေ)...ဂုဏ်ပြုဆောင်းပါး

အပိုင်း(၁)
ရေးသားသူ..........Star Shinester
တပ်မတော်လေ မွေးဖွားခဲ့သည်မှာနှစ်ပေါင်း ၆၉နှစ်ပြည့်မြောက်ခဲ့ပြီ ။ ဗမာ့လေတပ်မတော်(Burmese air force) အဖြစ် အင်္ဂလိပ် လက်အောက် ၁၉၄၇ခုနှစ် ဇန်န၀ါရီ ၁၆ ရက်နေ့မှ စတင်ကာ Airspeed Oxford  လေယာဉ် အစီး.၄၀၊ Havilland Tiger Moth လေယာဉ် ၁၆စီး၊ Auster လေယာဉ်လေးစီး၊ Supermarine Spitifire လေယာဉ်  ၃ စီးကို ဗြိတိသျှတို့ ထံမှ လွှဲပြောင်းရယူ ဖွဲ့စည်းခဲ့သော တပ်မတော်လေ ဟာ ၁၉၄၇ ခုနှစ် မှာ ဗမာ့ လေတပ်မတော် ဥပဒေကိုပြဌာန်းပြီး စတင် အသက်ဝင်ခဲ့တယ် ။

ရွှေတောင်ပံတပ် လေသူရဲတွေကို ကြည့်အုန်းမလား..
၁၉၄၀ ခုနှစ် အပျော်တန်း လေယာဉ်မောင်းကလပ်ကို တိုက်ဂါးမော့ လေယာဉ်တွေနဲ့ စတင်ဖွဲံစည်းစဉ် က တည်းက အိန္ဒိယတို့ နယူးဇီလန်တို့ကို သွားပြီး ပညာသင်ခဲ့သူတွေ ။

ဂျပန်အ၀င် အင်္ဂလိပ်တွေ အိန္ဒိယကို ဆုတ်ခွာတော့လဲ ဗမာ့ အပျော်တန်း လေတပ်က လေသူရဲတွေ လိုက် ပါ သွားပြီး အင်္ဂလန် ၊ဟော်လန်၊ ဂျာမန် လေကြောင်း တိုက်ပွဲကြီးတွေမှာ မဟာမိတ်တွေ ဘက်က ကူ တိုက်ပေးခဲ့ကြတဲ့ ဒေါင်ဒေါင်မည်တွေ ။

အင်္ဂလိပ်ဆီက၁၉၄၈ခုနှစ်လွတ်လပ်ရေးရတော့ဗမာ့လေတပ်မတော်မှာ ဆက်လက်တာဝန်ထမ်းဆောင်ပြီး ပြည်တွင်းသောင်းကျမ်းသူတွေကို လက်စွမ်းပြခဲ့ကြတယ်..တံဆိပ်ကလဲ နဂါး တစ်ကောင် ပေါက်တော့မည့်ဟန် အမောက်ထောင်နေပြီး သတ္တိ ဆိုတဲ့ စာသားကပါသေးတယ် ။

၁၉၄၉ ခုနှစ် ဇန်န၀ါရီ.၁၀ရက်..
မြစ်ဝကျွန်းပေါ်ဒေသက သောင်းကျမ်းသူတွေကို တပ်မတော်က အကြီးအကျယ် ထိုးစစ်ဆင်တိုက်တဲ့အချိန်..

ဇန်န၀ါရီ.၂၀ ရက်မှာ ပန်းတနော်မြို့ အနီးက သောင်းကျမ်းသူတွေကို လေသူရဲ့ အဆင့်. ၄ ဗိုလ်စောဖြူ နဲ့  ဗိုလ်ထွန်းစိန် မောင်းတဲ့ အော်စကာ လေယာဉ်.၂စီး၊ က အပြင်းအထန် တိုက်ရာ ရန်သူ ပစ်ခတ်တဲ့ကျည်ဆံထိမှန်လို့ အော်စကာလေယာဉ်တစ်စီး ပေါက်ကွဲပြီး ဗိုလ်ထွန်းစိန်နှင့် သေနတ်သမားလှကြည်တို့ ကျဆုံးခဲ့ ရတယ် ။

၁၉၄၉.ခု ဒီဇင်ဘာလ.၁၅ ရက်နေ့မှာ ရန်သူရဲ့ စာဘူးတောင်း ခံတပ်ကြီးကို တောင်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဇော ကိုယ်တိုင် ဦးစီးပြီး တိုက်ရာ တပ်မတော်လေကလဲ ပါဝင်တိုက်ခိုက်ခဲ့တယ် ။ ဒီတိုက်ပွဲမှာ အောက်စဖို့ လေယာဉ်ကို ရန်သူကျည်ဆံ ထိမှန်တာကြောင့် ဒုဗိုလ်ထင်ကြီးနှင့် သေနတ်သမား ၂ဦး ကျဆုံးခဲ့ပြန်တယ် ။

ပြည်တွင်းသောင်းကျမ်းသူကိုနှိမ်နင်းနိုင်လို့ ရန်ကုန် အစိုးရဘ၀က လွတ်မယ် ကျန်ရုံရှိသေးတယ် အရှေ့မြောက်နဲ့ မော်လမြိုင် ပင်လယ်ထွက်ပေါက်အထိ တရုပ်ဖြူ ကူမင်တန်တွေ ကျူးကျော် ၀င်ရောက်လာပြန်တယ် ။

ကုလသမဂ္ဂက မြန်မာ ၊ ထိုင်း ထိုင်ဝမ် နဲ့ အမေရိကန် တို့ပါတဲ့ ကော်မရှင်ကို ဖွဲ့ပြီး တရုပ်ဖြူတွေ ထွက်ခွာရေးဆောင်ရွက်ပေးပေမဲ့ အမေရိကန်၊ ထိုင်ဝမ် နဲ့ ထိုင်း တို့ ပါဝင်နေတာကြောင့် ကော်မရှင်ဟာ ထိထိရောက်ရောက်ဘာမှ လုပ်နိုင်ခြင်းမရှိခဲ့ဘူး ။





တစ်ခြားနိုင်ငံတွေက. ကိုယ့်ဖာသာကိုယ် တိုက်ထုတ်ပါလား ဘာလို့ ကုလသမဂ္ဂ တင်နေသေးလဲ ၊ ဘာလို့ လွတ်လပ်ရေး ယူသေးလဲ  ကျွန်းကလေး တစ်ကျွန်းပေါ် သွားနေကြပါလား လို့ မေးငေါ့ကြလို့ နိုင်ငံ ရဲ့ဂုဏ်သိက္ခာကျဆင်းခဲ့ရတယ် ။

ဒါကြောင့် တပ်မတော်ဟာ နဂါးနိုင် စစ်ဆင်ရေး၊ ရန်ကြီးအောင် စစ်ဆင်ရေး၊ ဘုရင့်နောင် စစ်ဆင်ရေး စတာတွေ နဲ့ တရုပ်ဖြူကို တိုက်ထုတ်ခဲ့ကြရတဲ့ နေရာမှာ တပ်မတော်လေဟာလဲ ပါဝင်ခွင့်ရခဲ့တယ်။ ၁၉၅၀ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ လေတပ်ဦးစီးချုပ် ဒုတိယဗိုလ်မှူးကြီး အက်စ်ခင်ဟာ အောက်စဖို့ လေယာဉ်မှာ ဒုံးပျံ တပ်ဆင်ဖို့ စမ်းသပ်ရာက ကျိုင်းတုံလေယာဉ်ကွင်း အနီး လေယာဉ်တောင်ပံ ကျိုးကာ ကျဆုံးခဲ့ရတယ်။

 မြန်မာပြည်တွင်းက ကူမင်တန် တရုပ်ဖြူတွေကို ဖေါ်မိုဆာဟာ CIA အကူအညီ နဲ့ လက်နက် ရိက္ခာတွေကိုလေယာဉ်နဲ့ ချပေးလေ့ရှိတဲ့ သတင်းတွေ တပ်မတော်လေက ရတယ်။ ဗိုလ်မောင်သိန်း၊ ဗိုလ်ချစ်ခိုင်၊ ဗိုလ်ပီတာတို့ သွားသွားချောင်းနေခဲ့ကြတယ်။ 

တစ်နေ့တော့ ဗိုလ်ချစ်ခိုင်၊ ဗိုလ်မောင်သိန်း၊ ဗိုလ်ပီတာ တို့ရဲ့ Seefury လေယာဉ် ၃ စီးဟာ တိမ်တိုက်တွေကို မိတ်ဖွဲ့ရင်း သားကောင်ကို ချောင်းဖို့ထွက်ခဲ့ကြတဲ့ အချိန်မှာ အမှတ်အသားတွေ ဖျက်ထားတဲ့ အမေရိကန်လုပ်စက် ၄ လုံးတပ် BP.4.Y.Privateer.B.29 မျိုးကွဲလေယာဉ်ကြီး တစ်စီး ကူမင်တန်တွေကို လက်နက်ရိက္ခာ ချဖို့ Tree top level နှင့် သူခိုးချောင်း.ချောင်း ပြီးဝင်လာတာနဲ့ ဘွားကနဲ ပက်ပင်း တိုးတော့တယ် ။ 



Friday, August 4, 2017

တစ်ဘ၀ပဲ ဆိုပြီးတော့ လျော့မတွက်လိုက်ပါနှင့် မိတ်ဆွေ



အကြွေး ဆိုတာ မဆပ်ပဲ နေလျှင် တစ်ဘ၀ပါ။ သို့သော် တစ်ဘ၀ပဲ ဆိုပြီးတော့ လျော့မတွက်လိုက်ပါနှင့် 
မိတ်ဆွေ ။ ထို အကြွေးကို ကျေအောင် မဆပ်ခဲ့ရင် ဝဋ်ကြွေး ဖြစ်သွားပါလိမ့်မည် ။ ဝဋ်ကြွေး ဆိုသည် ကတော့ ထာဝရ ဆပ်ရမည်မှာ မလွဲပင် ။

ရစရာရှိသော သူများသည် မိမိတို့ ကြပ်တည်း လာတိုင်း ရရန် ရှိသော ငွေကြေးများကိုသာ အားကိုး တကြီး မျှော်လင့်ရသည် ။ ကိုယ့်ဆီက မရသောကြောင့် တစ်ပါးသူ အခက်အခဲပေါင်း များစွာနှင့် စိတ်ဆင်းရဲရလေလေ ကိုယ်ဆပ်ရမည့် ဝဋ်ကြွေး တန်ဖိုးကြီးမာလေလေ ဖြစ်မည်ကိုလည်း သိစေလိုပါသည် ။

သင်တို့ ရဟန်း ၀တ်ဖူးပေလိမ့်မည်။ သင်တို့ အသက် ၂၀ပြည့်ပြီးလို့ ဒုလ္လဘ ရဟန်း အနေနဲ့ သာသနာ့ဘောင် ကို ၀င်တော့မယ် ဆိုလျှင် သင်တို့ကို ရဟန်းပြု သိမ်ဝင်ပေးမယ့် ဆရာတော်က ” အသင်တို့ဟာ အမှန်တစ်ကယ်ကြွေးမှီများ ကင်းရှင်းသူများဖြစ်ကြပါရဲ့လား ” ဆိုပြီး မေးလာခဲ့သည် ရှိသော် ကြွေးမှီများ ကင်းပါတယ်   ဖြစ်ကြောင်းကို လိပ်ပြာ သန့်သန့်ဖြင့်ဖြေနိုင်ဖို့ အရေးကြီးသည် ။

ကြွေးပူများ ( မိမိမှ မပေးရင် တစ်ဖက်လူ ဒုက္ခရောက်တော့မယ့် အနေအထား ) ရှိနေခဲ့သော် မြင့်မြတ်သော ရဟန်း အဖြစ်သို့ မြတ်စွာဘုရား၏ သာသနာမှ လက်မခံပါ ။

ခြွင်းချက် အနေဖြင့် အကြွေးပင် ရှိနေသော်ငြားလည်း မကျေကျေအောင် ဆပ်မည်ဆိုသူများ သို့မဟုတ် ကြွေးရှင်မှ ကြွေးပူအဖြစ် မသတ်မှတ်ဘဲ အဆင်ပြေသည်အထိ စောင့်ပါမည်ဟု ခွင့်ပြုပေးထားသူများအား ရဟန်းအဖြစ်သို့ လက်ခံမည်ဟု ဆိုထားသော်လည်း ကြွေးမှီများလည်း မကင်းကြ ဆပ်ချင်စိတ်လည်း မရှိသူများအဖို့ကား နည်းလမ်း မရှိနိုင်ပေ ။

သူတစ်ပါးအား မျက်ရည်ကြီးငယ် ကျစေသော အကုသိုလ်ကံ အကျိုးပေး အဖြစ် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရမည့် အခွင့်အရေးအား ယခုဘဝတွင် လောလော လတ်လတ် ဆုံးရှုံးရမည်ဖြစ်သည် ။ နောက်ဘဝများတွင်လည်း ကောင်းသော အကျိုးပေးများ ရရှိနိုင်မည်ဟု ရာနှုန်းပြည့် မျှော်လင့်၍ မရနိုင်တော့ပါ ။

ထို့ကြောင့် ကြွေးပေးရန်ရှိသူများ အနေနဲ့ မိမိသာ တိရစ္ဆာန် ဘ၀မျိုးရောက်နေခဲ့လျှင် မည်သို့သော နည်းဖြင့် ကြွေးဆပ်ရမည်ကို တွေးကြည့်ဖို့လိုသည် ။ အကြွေးများကင်းရှင်းရန်နှင့် ဝဋ်ကြွေးများဆပ်ရန်အကောင်းဆုံးအချိန်အခါဖြစ်သော လူဖြစ်နေတုန်းအခိုက်မှ မဆပ်နိုင်ခဲ့လျှင် သံသရာအဆက်ဆက်အထိ မကျေမချင်း ခန္ဓာနဲ့ရင်းပြီး ဆပ်ရန်သာရှိတော့သည် ။



သူ့ဖို့လား ကိုယ့်ဖို့လား ခွဲခြားမြင်နိုင်ကြပါစေ



ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများ၏ နောက်ဆက်တွဲ မြင်ကွင်းများကို စာရေးသူ လက်လှမ်း မှီသလောက် ထောက်ပြလိုပါသည်။ မြန်မာနိုင်ငံတွင် အတိတ် က ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ညီညီညွတ်ညွတ် အေးအေးချမ်းချမ်း နေထိုင်ခဲ့သည်မှာ လူတိုင်း အသိ ပင်ဖြစ်ပါသည်။

မြန်မာ လူမျိုးတို့၏ မူရင်း သဘောမှာ သူတစ်ပါး အပေါ်မှာ စော်ကားလိုစိတ်၊ အနိုင် ယူလိုစိတ်၊ ဖိနှိပ်လိုစိတ် မရှိကြပါ။ မိမိနိုင်ငံသို့ ရောက်ရှိလာကြသော လူမျိုးခြား၊ ဘာသာခြားများ ကိုလည်း ကြည်ကြည် ဖြူဖြူပင် ဆွေ မျိုးရင်းခြာ သဘောထားကာ ရင်းရင်းနှီးနှီး ပေါင်းသင်း ဆက်ဆံခဲ့ကြသည်။

အတိတ်နှစ်ပေါင်းများစွာမှ စ၍ မြန်မာ့မြေပေါ်၌ နေထိုင်ခဲ့ကြသော “ခရစ်ယာန် ဘာသာဝင်” လူမျိုးခြား၊ ဘာသာခြား များနှင့် မြန်မာ ဗုဒ္ဓဘာသာများ ပဋိပက္ခဖြစ်ခဲ့သည်ဟု ယခင်ကလည်း မကြားသိခဲ့၊ ယခုလည်း မကြား သိ၊ ယင်းသို့ ပဋိပက္ခ မဖြစ်ရခြင်းမှာ တစ်ဖက်သားမှ “ မိမိ အမျိုး ဘာသာ သာသနာ ” ကို ဖျက်လို့ဖျက်စီး မလုပ်ခဲ့ခြင်းကြောင့်ဟု စာရေးသူမှ ယူဆပါသည်။

ယနေ့ မြန်မာနိုင်ငံနှင့်တစ်ကွ ကမ္ဘာအရပ်ရပ် ဒေသ အသီးသီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများတွင် လည်း မြန်မာ ဗုဒ္ဓဘာသာဝင်များ ပါဝင်သည်ဟု မကြားသိရပါ။ သမိုင်း မှတ်တမ်း၊ စာနယ်ဇင်း မှတ်တမ်းများ တွင် လည်း မတွေ့ရ၊ မသိရပါ။ ဤသည်ပင် မြန်မာ ဗုဒ္ဓဘာသာဝင်များ၏ “မူရင်း စိတ်ဓါတ်အဖြစ်” အထင်းသားမြင်နိုင်ပါသည်။

မြန်မာနိုင်ငံသားများသည် ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် ဒေသခံများနှင့် လိုက်လျော ညီထွေ နေတတ်ကြသည်။ သူများအတွက် “ ၀န်ထုပ် ၀န်ပိုး ” မဖြစ်အောင် နေထိုင်တတ်ကြသည်။ “ရောမရောက်ရင် ရောမလို ကျင့်” ဆိုသည့် အတိုင်း လိုက်နာကျင့်သုံးကြသည်။

ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများမှာလည်း မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များ စတင်ဖန်တီးခဲ့သည့် လုပ်ရပ် တစ်ခုမျှ မရှိ၊ သို့သော် တစ်ခြား တစ်ဖက်က “ ကိုယ့်လူမျိုးကို စော်ကားလာသည့် အခါ” မှာ ပြန်လည်တုံ့ပြန်တတ်သည့် သဘောသဘာဝ အတိုင်း တစ်ချို့လူငယ်များ ပါဝင် ပက်သက် လွန်ကျူးခဲ့ သည်များတော့ ရှိနိုင်ပါသည်။ “ အင်္ဂလန် ၊ အမေရိကန် ” စသော တိုင်းပြည်များတွင်လည်း ဒီသဘောများ တွေ့ရ တတ်ပါသည်။



သေးမွှား သည့် တိရိစ္ဆာန် ပုရွက်ဆိတ် သတ္တ၀ါပင် ဖြစ်စေကာမူ ကိုယ့် အင်အားရှိသလောက် တုန့်ပြန်တတ်သည့် သဘောမှာ “ လူမျိုးတိုင်း ၊ သတ္တ၀ါတိုင်း ” မှာ ရှိသည်။ မြန်မာ့မြေပေါ်တွင်ဖြစ်ပေါ်လာသည့် ပဋိပက္ခများကိုလည်း သက်ဆိုင်ရာ “ ဆရာတော် သံဃာတော်များ ” အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူ အားလုံး ၀ိုင်းဝန်း ထိန်းသိမ်းခဲ့ခြင်းကြောင့် ကြီးကျယ်တဲ့ ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ပွားသည်မှာလည်း အထင်အရှားပင်ဖြစ်ပါသည်။

“ဤသို့ တာဝန်ရှိသူများ၏ တာဝန် သိသိ ၀ိုင်းဝန်း ထိန်းသိမ်းသည့် အကောင်းကွက် ကိုတော့ မျက် ကွယ်ပြုထားကြသည်။ အဆိုး ဘက်ကို ဇောင်းပေးဖော်ပြနေသည်မှာလည်း တရားနည်းလမ်း ကျမည် မဟုတ်ပါ ”

လူသားတိုင်းမှာ ပြင်ပ အန္တရာယ်များ ထင်သလို စော်ကား မခံရစေရန် “ ကိုယ့်အိမ် ကိုယ့် ခြံစည်းရိုး
လုံအောင် ကာရမည့် နည်းလမ်း ” မှန်သမျှကိုတော့ မလွဲမသွေ လုပ်ဆောင် ရမည်သာဖြစ်ပေသည်။
ကိုယ့်အိမ် ကိုယ် ခြံစည်းရိုး မလုံလျှင် တစ်ဖက်သားက ထင်သလိုစော်ကားမည်။ အနိုင်ကျင့်မည်။
သိမ်းသွင်းမည်။