Thursday, September 21, 2017

၂၁ ရာစု အတွင်း လူအများဆုံး ပျက်ပြုန်းသေဆုံးမှုကြီးကို UN က မျက်ကွယ်ပြုထားခြင်း



ယီမင်နိုင်ငံ ရဲ့ပြည်တွင်းစစ်ကြီးဟာ၂၁ ရာစုအတွင်း ကမ္ဘာ့သမိုင်းမှာ အကြီးဆုံးသော လူသားများ အများဆုံးသေကြေ ပျက်သုဉ်းမှူကြီးဖြစ်တယ်လို့ သတင်းတွေက ဖော်ထုတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့၂ နှစ်ခွဲက စပြီး ယီမင်နိုင်ငံဟာ Failed State လို့ခေါ်တဲ့ ကျဆုံး ပျက်စီးတဲ့ နိုင်ငံဘ၀ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အကြိမ်ပေါင်းများစွာ ဗုံးကြဲခံရမှု ဒဏ်ချက်တွေကြောင့် တံတားတွေ ၊ဆေးရုံတွေ၊ စက်ရုံတွေ အားလုံး ပျက်စီးခဲ့ရပါတယ်။ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေ ဆရာဝန်တွေဟာလည်း သူတို့အတွက် လခ ဆိုတာ မရှိတော့ပါဘူး ။

အဟာရ ချို့တဲ့မှုတွေ နဲ့ချို့တဲ့ပြတ်တောက်သွားတဲ့ ကျန်းမာရေး စောင့်ရှောက် မှုတွေကြောင့် လူနာတွေဟာလည်း မသေသင့်ဘဲ သေဆုံးကုန်ကြပါ တယ် ။ မြို့တော်ဆာနား လေဆိပ်ကလည်း ပြီးခဲ့တဲ့ တစ်နှစ်လောက်ကထဲက ပိတ်လိုက်ရပြီး သွားလာမှူနဲ့ကုန်သွယ်မှုတွေပြတ်တောက်သွားခဲ့ပါတယ်။

အဟာရ ချို့တဲ့မှုတွေနဲ့ မိလ္လာရေဆိုးထုတ် စနစ်တွေ မရှိတော့တဲ့ အတွက်လည်း အရှေ့အလယ်ပိုင်းမှာ အဆင်းရဲဆုံးနိုင်ငံလေး ခမြာမှာ သမိုင်းမှာ အဆိုးဆုံး ရောဂါဘယ လှိုင်းတွေ ဆက်တိုက် ကျရောက်လာပါတော့တယ်။

ပြီးခဲ့တဲ့ သုံးလလောက် အတွင်းမှာ ၀မ်းရောဂါ ကပ်ဘေးကြီး ကျရောက်လာပြီး လူနှစ်ထောင်ကျော်သေဆုံးခဲ့ကာ၊ လူတစ်သန်းကျော်လောက်ဟာ ကပ်ဘေး သင့်နေကြရပါတယ်။ အဲ့ဒီ အဖြစ်ဆိုးကြီးဟာ လွန်ခဲ့တဲ့အနှစ် (၅၀) အတွင်း ကမ္ဘာပေါ်မှာ အကြီးမားဆုံးသေဆုံးတဲ့ ကပ်ဘေးကြီးဖြစ်တယ်လို့ဆိုပါတယ်။

ယီမင် စစ်သား အယ်ဂျူဖီ က သူလစာ မရတာ ၈ လ ရှိပြီး မိသားစု အတွက် မရတာ ၆ လ ရှိပြီလို့ဆိုပါ တယ်။ သူဟာ အသက်ငင်နေသူလိုဖြစ်နေပြီး၊ သူ့ရဲ့သမီးကတော့ ဆာနားဆေးရုံမှာ ကာလ၀မ်း ရောဂါ
ရယ် အားပြတ်မှုရယ်နဲ့ အသက်ငင်နေပြီလို့ဆိုပါတယ်။ ယီမင်နိုင်ငံသား၂၈ သန်း နီးပါးထဲက တစ်ဝက်လောက်ဟာ ဆေးရုံဆေး ခန်းတွေကို မရောက်နိုင်ကြတော့ပါဘူး။ 

အယ်ဂျူဖီ ဟာ သူ့သမီးလေးကို ဆေးကုနိုင်ဖို့ဆွေမျိုးတွေဆီက ရသမျှငွေတွေချေးငှားပြီး မြို့တော် ဆာနား ကို သူ့ရွာလေးကနေ တက်လာခဲ့တာပါ။ ကျွန်တော်တို့နိုင်ငံကြီး အခုလို ဘာဖြစ်လို့ပြိုကွဲပြီး အခုလို ကယ်သူမဲ့ အခြေ အနေတွေဖြစ်နေရတာလဲဗျာ လို့သူ ငိုကြွေးရင်းညည်းငြူနေပါတယ်။


အာရပ် ကမ္ဘာထဲမှာ အဆင်းရဲဆုံးနိုင်ငံလေး ဖြစ်တဲ့ ယီမင် ဟာ အတော မသတ်တဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ၂၀၁၄ မှာ စခဲ့တဲ့နောက်ဆုံး ပဋိပက္ခဟာ ဟူသီ သူပုန်တွေကနေ သမတကို တိုက် ထုတ်ပြီးမြို့တော်ကို သိမ်းပိုက်ရာက စခဲ့ပါတယ်။

၂၀၁၅ မတ်လ မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံ တပ်တွေ ၀င်ရောက်လာပြီး ယီမင် သမတ ဟာဒီ ဘက်ကနေ ကူတိုက်ဖို့ အာရပ်နိုင်ငံ ပူးပေါင်းတပ်ဖွဲ့ အနေနဲ့စတင် တိုက်ခိုက်လာခဲ့ပါတယ်။ ဒါပေမည့်လည်း သူတို့ရဲ့ စစ်ဆင်ရေးဟာ အောင်မြင်ခြင်း မရှိဘဲ ဟူသီတွေက ယီမင် ရဲ့နိုင်ငံဒေသ တစ်ဝက်ကို ဆက်လက် ထိန်းချုပ်ထားလိုက်တဲ့အတွက်နိုင်ငံဟာနှစ်ပိုင်း ကွဲသွားခဲ့ပါတော့တယ်။









မြောက်ပိုင်း ယီမင်က ဟူသီတွေ လက်အောက်မှာဖြစ်ပြီးတောင်ပိုင်း ယီမင် က ဆော်ဒီ ဦးဆောင်တဲ့ တပ်တွေ လက်အောက်မှာ သမတ ဟာဒီ က အုပ်ချုပ်နေပါတယ်။

ဟူသီတွေ လက်အောက်မှာ ရှိတဲ့မြို့တော် ဆာနား ကို အဆက်မပြတ် ဗုံးကြဲ မှုတွေကြောင့် နိုင်ငံရဲ့အခြေခံ အဆောက်အဦးတွေ လုံးဝပြားပြားဝပ်သွားပြီဖြစ်ပြီး၊ လူသန်းပေါင်းများစွာ ဟာလည်း စစ် အတွင်းမှာ ပိတ် မိနေကြပါတယ်။

သူတို့ အတွက် ရေ နဲ့ အစားအစာတွေ လိုအပ်နေသလို ၊ ဗုံးဒဏ်ကြောင့် ဒဏ်ရာ ရသူ သေဆုံးသူ အရေအတွက်ဟာလည်း ကြောက်ခမန်း လိလိ များပြားတယ် လို့ဆိုပါတယ်။ ဒါတင်မက အဟာရပြတ်ပြီး ၀မ်းရောဂါ ၀မ်းပျက်ရောဂါတွေ ဟာလည်း နေရာ အနှံ့ကျရောက်နေပြီး ဒါတွေကိုပြန်လည် ထူမတ်နိုင်တဲ့ အကူ အညီတွေ အထူး လိုအပ်နေတယ်လို့ ယူနီဆက်က တာဝန်ရှိသူကပြောပါတယ်။

ကျွန်တော်တို့ စစ်ဖြစ်နေတဲ့ ၃ နှစ် နီးပါး ဒီမှာကြာခဲ့ပါပြီ ။ ဒါပေမည့် အခြေ အနေတွေကောင်းလာတာ မရှိပါဘူး၊ ဒီလိုပြိုကွဲနေတဲ့ တိုင်းပြည်ကိုပြန် လည် ထူထောင်နိုင်ဖို့ ကူညီရတာ သိပ်ခက်ပါတယ်လို့သူကပြောပါတယ်။

လူ ၁၀ သန်းလောက်ဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေတာဖြစ်ပြီး ကျွန်တော်တို့ ပိုပြီး အားထုတ် ကူညီမှသာ ဖြစ်ပါတော့မယ်လို့ WHO တာဝန် ရှိသူကပြောပါတယ်။ စစ်ပွဲတွေ ရပ်ဖို့စေ့စပ်လို့ မရနိုင်သေးသလို UN မှာလည်း ဒီလိုငြိမ်း ချမ်းရေး အတွက်ဦးစားပေး ဆွေနွေးတာမျိုး မရှိဘူးလို့ဆိုပါတယ်။ အပေးအယူ လုပ် ညှိနှိုင်းပေးတဲ့ လှိုက်လှဲမှုမျိုး ကိုလည်း UN ကပြသခြင်းမရှိဘူးလို့ဆိုပါတယ် ။

ဒီတစ်နှစ် အတွင်းမှာပဲ ယီမင် ပြည်သူတွေကို လူသားချင်းစာနာတဲ့ အထောက် အပံ့တွေပေးဖို့ဒေါ်လာ ၂.၃ ဘီလီယံ အရေးပေါ်လိုအပ်နေပြီး၊ သူတို့ ရတာကတော့ လိုအပ်ချက်ရဲ့ ၄၁% ပဲ လက်ခံရရှိတယ် လို့ဒေသခံ ဌာနေကိုယ်စားလှယ် ကဆိုပါတယ်။

ဒီလိုဖြစ်ရတာကလည်း စစ်ထဲမှာ ပါနေတဲ့ UN မှာသြဇာရှိတဲ့ ဆော်ဒီ နဲ့ UAE တို့ရဲ့ အစီအမံတွေကြောင့်သာ ဖြစ်တယ်လို့သူကဆိုပါတယ်။ ဝေဖန်သူတွေ ကတော့ သူတို့ ဆော်ဒီ တပ်တွေဟာ ဆိပ်ကမ်းနဲ့လေယဉ်ကွင်းတွေကို ပိတ်ဆို့ ထားတဲ့ အတွက် လူသားချင်း စာနာမှုတွေ အကူအညီမပေးနိုင်တာဖြစ်တယ်လို့လည်း စွပ်စွဲနေကြပါတယ်။

ဆော်ဒီ တပ်ဖွဲ့တွေ အတွက် လိုအပ်တဲ့ လက်နက်ခဲယမ်း ဟူသမျှကိုထောက် ပံ့နေတာက US ဖြစ်ပြီး၊ အမေရိကန်ဟာ ကိုယ်တိုင် မပါဝင်ပေမည့် လိုအပ်တဲ့လေကြောင်း တိုက်ခိုက်မှု အကူအညီ နည်းပညာ နဲ့ လက် နက် ခဲယမ်းတွေကို ထောက်ပံ့နေတယ်လို့ သူကဆိုပါတယ်။ ဒါတွေကတော့ ယီမင် ပြည်သူတွေအတွက် မကောင်းတဲ့ နိမိတ်ဆိုးတွေပါပဲလို့ဆိုပါတယ်။

စစ်ပွဲတွေဟာ နေရာအနှံ့ ဆက်တိုက်ဖြစ်ပွားနေပြီး ကျွန်တော်တို့လည်း လွတ်အောင် ထွက်ပြေးနေကြရ တယ် လို့ ယီမင်ပြည်သူတစ်ဦးက ဆိုပါတယ်။ သူဟာ သူ့ရဲ့ မိန်းမနဲ့ ကလေးခြောက်ယောက် အတွက် စားစရာ မရှိလို့သူ့ရဲ့ဆွေမျိုးတွေကို သတ်ပြီး စားစရာတွေ ယူခဲ့ရတယ်လို့ ဆိုပြီး တစ်ခါ တလေတော့ သူသတ်တဲ့ သူတွေဆီက စားစရာရတယ် ။ တစ်ခါ တစ်လေတော့ ဘာမှ မရလို့ဘာစားရမှန်း မသိတဲ့နေ့တွေ ရှိခဲ့တယ်လို့သူကဆိုပါတယ်။

ယီမင် စစ်ဘေးရှောင် သုံးသိန်းကျော် ကိုသာ UN က ကူညီထားနိုင်ပြီးကျန်တဲ့ပြည်သူ ၂၆ သန်းလောက်ဟာနေစရာ စားစရာမဲ့ ဘ၀ကို လူတစ် ၀က်လောက် ရောက်နေကြပြီဖြစ်ပါတယ် ။ စစ်အတွင်းမှာ ပြည်သူ တစ်သောင်းကျော် အသတ် ခံခဲ့ရပြီဖြစ်ပြီး၊ ဒဏ်ရာရသူ လေးသောင်းကျော် ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် 
စစ်ပွဲတွေ ကတော့ဆက်တိုက်မြဲပါပဲ တဲ့ဗျာ။

**************

UN  ရဲ့ အကူ အညီတွေဟာ မထိရောက်သလို UN မှာ သြဇာကြီးတဲ့ နိုင်ငံတွေ နဲ့ ဖြစ်တဲ့ စစ်မို့လို့  စစ်ပြေငြိမ်းရေး မဟကြသလို၊ ဆွန်နီ မူဆလင် နဲ့ ရှိရိုက် မူဆလင် တို့ရဲ့ နယ်မြေလု စစ်ပွဲဟာ ယီမင်နိုင်ငံမှာ ဆိုးရွားစွာ ဆက် လက်ဖြစ်ပေါ်နေဆဲပဲဖြစ်ပါတယ်။

ဒါပေမည့်လည်း ဒီလို ရှိရိုက်တွေ အပေါ် မျိုးတုန်းအောင် သတ်ဖြတ်နေ တာတွေကို နိုင်ငံတစ်ကာ မီဒီယာတွေ က မရေးကြသလို ဘာမဟုတ်တဲ့ မြန်မာနိုင်ငံက လူတွေ ထွက်ပြေးမှုကို အလေးပေးနေတာဟာ နောက်ကွယ်ကကြိုးကိုင်ထားတဲ့ မူဆလင်နိုင်ငံတွေနဲ့ အမေရိကန်၊ အင်္ဂလန် စတဲ့ အနောက်နိုင်ငံတွေရဲ့လှည့် ကွက်တွေ ဆိုတာ သိသာစေဖို့ဖော်ပြလိုက်ပါတယ်။

စစ်ဖြစ်လာရင်တော့ ဘယ်သူမဆို စစ်ဘေးဒဏ်ကို ခံကြရပြီး Collaspe State ပြိုကွဲသွားတဲ့ နိုင်ငံတစ်ခုမှာ အစားအစာ ရဖို့ဆွေမျိုး အရင်းတွေ ကိုတောင်ပြန်သတ်နေရတဲ့ လူမဆန်တဲ့ အဖြစ်ဆိုးတွေ ကိုယ့်နိုင်ငံမှာ မဖြစ်ပေါ်စေရေး ၀ိုင်းဝန်ကာကွယ်နိုင်ဖို့ သတိပေး ရေးသားလိုက်ရကြောင်းပါဗျာ။


Moe Kyaw (or) Sit Thwe (20-9-2017) #မြန်မာ့စစ်သွေး


Yemen: The worst humanitarian crisis in the world has become part of history books.
After two and a half years of the war, Yemen became a collapsed state, where life was only a little restrained.
Repeated shelling destroyed bridges, hospitals and factories.
Staff and doctors were unable to find their salaries, malnutrition and health services made the country’s citizens vulnerable to death. Sanaa airport has been shut down for more than a year, resulting in a disruption of travel and commercial transport.
Because of malnutrition and lack of sanitation, the poorest country in the Middle East has been hit by waves of disease that have become part of history books. In less than three months, cholera has killed 2,000 people and infected half a million in one of the waves the world has not seen in 50 years.
Yacoub al-Juifi, a Yemeni soldier from Sanaa who has not been paid for eight months and a family of six, says he is dying slowly.
His daughter suffers from malnutrition, and his daughter receives chronic malnutrition at the hospital in Sanaa. The neighbors offer her, but they are not enough for her to recover, as her body becomes worn out.
Half of Yemenis could not reach the only clinic in his village, so he borrowed money from his relatives and friends to treat his daughter in the capital. “We are waiting for the end or the sky to open up to us,” he says.
How has a country collapsed in an area rich in wealth and income of this slider..?
Yemen has long been the poorest country in the Arab world and has suffered constant wars and conflicts. The latest conflict began in 2014 when the Houthis took control of the capital and forced the president to flee into exile. In March 2015, Saudi
Arabia and an alliance of Arab states launched a military operation aimed at returning Hadi. So far, the coalition has failed to achieve its stated objectives, and the country remains divided between the Houthi-dominated areas and their allies and those controlled by the Hadi government and its Arab backers in the south.
State collapse:
Many of the coalition’s air strikes have killed and wounded many civilians, including those who fell on Wednesday in raids on and around the capital Sanaa. The ongoing bombardment destroyed the country’s infrastructure, especially vital ports, important bridges, hospitals, health facilities and factories. Services on which the Yemenis depended on their lives were halted, and the destruction of the infrastructure affected Yemen’s weak economy. And even the bombing of the mission of humanitarian institutions to enter and distribute aid to those in need.
The bombing of the Sanaa International Airport in front of civil navigation for a year, meaning that it is not possible to transport commercial goods, wounded and sick Yemenis for treatment abroad, and many of them died. Civil servants in both warring administrations have not received their salaries for more than a year, increasing their poverty, especially as jobs in the war are not available.
The most affected by the suspension of salaries are the workers in the necessary sectors that deal with the crisis, such as doctors, nursing, health facilities and technicians, which led to the collapse of these sectors.
Cholera is devastating
Added to these disasters is the cholera disaster, which has flourished under conditions of war. Bacteria spread in polluted water and in sewage. Because of the accumulation of garbage piles and the destruction of sanitation facilities, Yemenis rely on polluted drinking water. Water has increased pollution from wells.
In developed countries, cholera is no longer a life-threatening disease and can be easily treated with antibiotics if it becomes advanced and dangerous. Yemen, which suffers from widespread malnutrition, especially among children, has developed a good climate for its spread.
“With malnutrition spreading among children, if they have diarrhea, they will not recover,” said Mirishtel Relano, UNICEF’s resident representative in Yemen.
Outside the cholera treatment clinic in Sanaa, Mohammed Nasser was waiting for news of his 6-month-old son Walid. A poor agricultural worker borrowed money to transfer his son to Sanaa and did not have the money to return to his hometown even if his son had recovered. “My situation is bad,” he said.
To counter the spread of cholera, the clinic has set up five tents at the rear to accommodate the growing numbers of patients. Researchers fear it will continue to spread so well that the population of Haiti is affected by the devastating earthquake of 2010.
Relief organizations cannot restore the services the government is supposed to provide. This means there is little chance of improvement unless war breaks out.
“We are almost in the third year of the war and nothing has improved and there is a limit to what we can do in this collapsed country,” says Merichtel Relano.
The UN sees the situation in Yemen as the biggest humanitarian crisis, requiring more than 10 million emergency aid and the situation could deteriorate further.
“With the collapse of the country, we are seeing a cholera epidemic and we may have seen more outbreaks in the future,” warned Peter Salama, WHO’s emergency program director.
International involvement
There is no sign of the end of the war, where the UN-sponsored peace efforts have stalled and none of the parties to the conflict has shown willingness to compromise. The Houthis and their allies continue to rule the capital while the Saudis have vowed to fight until the other side surrenders.
The UN says Yemen needs $ 2.3 billion in humanitarian aid this year, but only 41 percent of that amount. The parties involved in the war are among the most affluent countries, with Saudi
Arabia and the United Arab Emirates providing sums. Critics say they spend more on humanitarian efforts than on humanitarian efforts, and their blockade of the port of Hodeidah and the closure of Sanaa airport have had a devastating impact on civilians.
The United States is a major donor but is one of the largest arms suppliers to the Saudi-led coalition. Although not directly involved in the war, they have provided military support to the coalition and Yemenis often find remnants of US-made ammunition after deadly air strikes.
None of this augurs well for Yemeni civilians.
“The war continues to haunt us from all directions and everywhere we flee,” said Saleh al-Khulani, who fled his home in northern Yemen with his wife and six children after the Saudi-led coalition launched the campaign. Khulani then fled to Sanaa after an air raid hit the camp where they were seeking refuge. He killed several of his relatives who lived on the streets for a while begging: “Sometimes we get food and sometimes we do not have what we eat.”
Yemen are displaced within their own governorate. More than half a million people, 27 per cent of Yemen’s IDPs originate from Taizz and yet the governorate is also host to 15 per cent of Yemen’s IDP’s, or some 303,672 individuals.10,000 civilians killed and 40,000 injured in conflict, UN reveals.
Since March 2015, OHCHR has recorded a total of 13,504 civilian casualties, including 4,971 killed and 8,533 injured.

No comments:

Post a Comment