Thursday, August 31, 2017

မောင်တော ဘင်္ဂါလီ အကြမ်းဖက် အဓိကရုဏ်းမှာ တာဝန်အရှိဆုံး ဘယ်သူလဲ



မြန်မာ့နိုင်ငံရေးက ရီရမလို ငိုရမလို၊
မူလတန်းကလေးတွေ ပါရဂူဘွဲ့ စာတမ်းတင်သလို ဖြစ်နေတယ်။

မောင်တောတိုက်ခိုက်ခံရမှုဟာ အစိုးရမှာ တာဝန်ရှိတယ် ။ တပ်မတော်မှာ တာဝန်ရှိတယ် ။အငြင်း အခုံဖြစ်နေကြတာ သာမန်လူထု မဟုတ်ဘဲ ဥပဒေပြုနေကြတဲ့ တစ်ချို့သော လွှတ်တော် အမတမင်းတွေ ကိုယ်တိုင်က တပ်မတော်မှာသာ တာဝန်ရှိတယ်ဆိုတဲ့ အယူအဆ တွေပြောကြားလာကြတာကို အံ့သြ စရာကောင်းအောင်တွေ့မြင်ကြားနေ ရပါတယ်။

တစ်ယောက်က တပ်မတော်ဟာ ကာကွယ်ရေး ဘက်ဂျက်တွေ အများကြီးသုံးပြီး ဘင်္ဂလီတွေကို ထိထိရောက်ရောက် မနှိမ်နှင်းနိုင်ဘူးပြောတယ်။ တစ်ယောက်က တပ်မတော်က အခြေခံဥပဒေအရကာကွယ်နိုင်မယ်ယုံကြည်လို့ ရခိုင်အရေးအဆိုကို မှတ်တမ်းတင်ရုံသာ တင်သင့်ကြောင်းထောက်ခံတာပါလို့ ပြောတယ်။


တစ်ယောက်က KIA,TNLA ကိုကျ မီးကုန်ယမ်းကုန် တိုက်ပြီး လွှတ်တော်က စစ်ပွဲတွေ ရပ်ခိုင်းတာတောင် မရပ်ဘဲ ကုလားအရေးကျမှ တပ်မတော်က နိုင်ငံရေး အမြတ်ထုတ်ဖို့ချောင်းနေတယ်ပြောတယ်။

အဲဒါ တိုင်းပြည်အတွက် ဥပဒေတွေ ပြုနေတဲ့ အမတ်တွေထဲကပြောနေကြတာပါ။ သာမန်နိုင်ငံရေး စိတ်မဝင်စား မလေ့လာတဲ့ လူထု မဟုတ်ပါဘူး။

အစိုးရမှာ တာဝန်ရှိတယ် ဆိုမှတော့....................
အစိုးရ ဆိုမှတော့ သမ္မတ ၊ ဝန်ကြီး ဆိုတဲ့ အစိုးရအဖွဲ့အားလုံးပါတာပေါ့။ ကာကွယ်ရေး ပြည်ထဲရေး ဝန်ကြီးတွေလည်းပါပြီပေါ့။ 


အစိုးရ ဆိုသည်မှာ ၂၀၀၈ ခြေဥအရနိုင်ငံတော် သမ္မတဦးဆောင်သော အစိုးရအဖွဲ့ကို ဆိုလိုခြင်းဖြစ်ပြီးမြေပြင်တွင် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်သော အစိုးရအဖွဲ့ကို ဆိုလို ကြောင်း အားလုံး သိကြပါတယ်။




ဒီကနေ့ တိုင်းပြည်ကို ဦးဆောင်ပြီး တာဝန်ခံ လုပ်နေတာ NLD အစိုးရပဲ ။ ခြေဥ အရ သမ္မတက တာဝန်ခံရမှာဖြစ်ပေမယ့် လက်တွေ့ ဦးဆောင်တာဝန်ခံ လုပ်နေတာ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ တစ်ကမ္ဘာလုံးကသိတယ်။

ဦးနေဝင်း၊ ဦးစောမောင်၊ ဦးသန်းရွှေ၊ ဦးသိန်းစိန် တို့ ဦးဆောင်တဲ့ ကာလ အတွင်း ကောင်းသည်ဆိုးသည် အားလုံးသူတို့ တာဝန်ပဲ။ အခု၂၀၁၅-၂၀၂၀ ကာလအတွက် ဆိုးသည်ကောင်းသည် တိုင်းပြည်ကို တာဝန်ခံရမှာဒေါ်အောင်ဆန်းစုကြည်ပဲ။


တိုင်းပြည်ကောင်းရင်လည်း အောင်ပွဲခံဖို့ ရင်ကော့ထားလို့ရ သလိုတိုင်းပြည် ဆိုးရင်လည်း တာဝန်ရှိကြောင်း ခံယူဖို့လိုပါတယ်။ ပြည်သူ တင်မြှောက်တဲ့ အစိုးရ ဖြစ်လို့ပြည်သူ့တာဝန်လို့ လွှဲချလို့တော့မရပါဘူး။





အရင် အစိုးရတွေကြောင့်လို့လည်း လွှဲချလို့မရပါဘူး။ အစိုးရ အဆက်ဆက် ဘယ်အစိုးရမှ ရွှေဘုံပေါ် စံပြီး အဆင်သင့် ခူးပြီးခပ်ပြီး ဇိမ်နဲ့နေသွား လုပ်သွားရတာ မရှိပါဘူး။ အခက်အခဲ အကြပ်အတည်းပေါင်းစုံကြား ကနေ ရုန်းကန် လုပ်ကိုင်သွားရတာချည်းပါပဲ။ 

အခု ရခိုင်ပြည်နယ်မှာဖြစ်ပျက်နေတဲ့ ကိစ္စတွေ၊ ကိုဖီအာနန်ကော်မရှင် ကိစ္စ နောက်ဆက်တွဲ ဂယက် အဆိုး အကောင်း မှန်သမျှ အစိုးရ တစ်ရပ်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိရပါလိမ့်မယ်။

ရခိုင်ပြည်နယ်က ဘင်္ဂလီအကြမ်းဖက်တွေကို ဘင်္ဂလီ အကြမ်းဖက်လို့ နိုင်ငံပိုင် သတင်းစာမှာ မထည့်ရဲခဲ့တဲ့ အာဏာရ ပါတီ အစိုးရ ရဲ့ ပါတီ အမတ်က တိုင်းပြည် ဆင်းရဲလို့ ငပျောအူပြုတ်စားပြီး ခြင်းကြားကြောပိုး အိတ်နဲ့ လားတစ်ကောင်လို ဝန်တွေ သယ်ပြီး အသက်စွန့် စစ်တိုက်နေရတဲ့ တပ်မတော်ကို စစ်သုံးစရိတ်တွေ အများကြီးသုံးပြီး ဘင်္ဂလီအကြမ်းဖက် တွေကို မချေမှုန်းနိုင်ဘူးပြောတာကတော့ တပ်မတော်ကို စော်ကားတာဖြစ်ပါတယ်။


တပ်ချုပ် အနေနဲ့ လူကြီးလူကောင်း ဆန်ဆန် ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်မှာဖြစ်ပေမယ့်ဒီလိုဆက်တိုက်စော် ကားတာတွေများ လာရင်အောက်ခြေ အရာရှိ စစ်သည်တွေရဲ့ စိတ်ဓာတ်တွေပျက်ပြားလာနိုင်ပါတယ်။

မြန်မာ့ တပ်မတော်ဟာ တိုင်းပြည်စီးပွားရေးချို့တဲ့လို့ လက်နက်ခဲယမ်းချွေတာရလို့ တပ်မတော်သားတွေရဲ့ အသက်တွေ မသေသင့်ပဲ စွန့်ခဲ့ကြရ၊ ဒီကနေ့ပြည်ထောင်စုမြန်မာနိုင်ငံ အဖြစ် တည်ရှိနေနိုင်အောင် ကာ ကွယ်ပေးခဲ့ကြရတဲ့ သမိုင်းကိုတော့ မစော်ကားသင့်ပါဘူး။ 
အသက်စွန့်ခဲ့တဲ့ သွေးတွေလည်း ခုချိန်ထိ မခြောက်နိုင်သေးပါဘူး။ လေ့လာကြည့်ပါ။ 

သိပ် အံ့သြဖို့ ကောင်းတယ်။
၄၉ ခုနှစ်ဆန်းမှာ အစိုးရ ရုံးစိုက်ရာ ရန်ကုန်မြို့တော်ရဲ့ ၇ မိုင် ပတ်လည် အတွင်း တိုက်ပွဲကြီးတွေဖြစ် ၊အစိုးရ ကျဆုံးလုနီးနီး ကနေ လူလက်နက်အင်အား အဆမတန် သာလွန်တဲ့ ရောင်စုံသူပုန်တွေကို မောင်း ထုတ်နိုင်ခဲ့တယ်။ အဲဒီအချိန်က ရှုံးနိမ့် ခဲ့ရင် ခုချိန်ဆို ဘယ်လို တိုင်းပြည်ဖြစ်နေပြီလဲ......

သိပ်အံ့သြဖို့ကောင်းတယ်။ 

အမေရိကန်က လေယာဉ်တွေ အပါအဝင် အပြည့်အဝထောက်ပံ့ပေးပြီး လူ လက်နက် သာလွန် အင်အားနဲ့ ရှမ်းပြည်နယ်ထဲ ကျူးကျော်နေတဲ့ ချန်ကေရှိတ် ရဲ့တရုပ်ဖြူ တပ်မတော်ကိုမောင်းထုတ်နိုင်ခဲ့တယ်။ အဲဒီအချိန်က တရုပ်ဖြူ တပ်ကို သာ မောင်းမထုတ်နိုင်ခဲ့ရင် ခုချိန်ဆို ဘယ်လို တိုင်းပြည်ဖြစ်နေပြီလဲ။


သိပ်အံ့သြဖို့ကောင်းတယ်။
၁၉၇၁ ခုနှစ် ကွမ်းလုံ ရက်လေးဆယ် တိုက်ပွဲ။ ဗကပတွေဟာ မော်စီတုံးရဲ့ တရုပ်နီ တပ်က လူလက်နက် အင် အား အဆအတန် သာလွန်အင်အားအကူနဲ့ ကွမ်းလုံမြို့သိမ်းတိုက်ပွဲ ဆင်နွှဲတာကို မယုံနိုင်
လောက်အောင်ပြန်တိုက်ထုတ်နိုင်ခဲ့ တယ်။ အဲဒီအချိန်ကသာ ဗကပတွေ ကွမ်းလုံ သိမ်းနိုင်ခဲ့ရင် ခုချိန်ဆို 

ဘယ်လို တိုင်းပြည်ဖြစ်နေပြီလဲ။

သိပ်အံ့သြဖို့ကောင်းတယ်။
၈၈ ခုနှစ် တစ်တိုင်းပြည်လုံး ဝရုန်းသုန်းကား ဖြစ်နေချိန်၊ ဒေါ်လာ ၈ သန်းသာ ရှိတယ် ဆိုတဲ့ အစိုးရသစ်
တက်ကာစမှာ အခွင့် ကောင်းယူပြီး လူ လက်နက်အင်အား အဆမတန် သာလွန်အင်အားတွေနဲ့ မိုင်းယန်း  မဲသဝေါ တိုက်ပွဲကြီးတွေနဲ့မြေသိမ်း တိုက်ပွဲကြီး တွေ ဆင်နွှဲလာတဲ့ သူပုန်တွေကို တန်ပြန် တိုက်စစ်နဲ့နယ်  စပ် စခန်းတွေပါ မကျန်အောင် တစ်ခုပြီး တစ်ခု သိမ်းပိုက်ပစ် လိုက်တယ်။ အဲဒီ အချိန်ကသာမိုင်းယန်း မဲသဝေါ ကနေ ဆုတ်ခွာခဲ့ရရင် ခုချိန်ဆို ဘယ်လို တိုင်းပြည်ဖြစ်နေပြီလဲ။

သိပ်အံ့သြစရာ ကောင်းတယ်။
ဒီလို သမိုင်းကြောင်း ရှိခဲ့တဲ့ တိုင်းပြည် ဆင်းရဲလို့ ဘက်ဂျက်နဲနဲနဲ့ ချွေတာပြီး မယုံနိုင်လောက်အောင် စွမ်းရည်ပြခဲ့တဲ့ အစဉ်အလာကြီးမားတဲ့ တပ်မတော်ကြီးဟာ ဒီ ဘင်္ဂလီ အကြမ်းဖက်တွေနဲ့ ကျမှ ကာကွယ်ရေး စရိတ်တွေ အများကြီးသုံး ပြီးထိထိရောက်ရောက် မချေမှုန်းနိုင်ဘူးလို့ လွှတ်တော်မှာ အပြောခံရတာ။
ခွေးကိုက်တာထက် နာဖို့ကောင်းတယ်။

ဒုတိယ လွှတ်တော် အမတ်ပြောတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်က ကာကွယ်ဖို့ တာဝန်ရှိတယ်ဆိုတာ မှန်တယ်။ ဘယ်လို ကာကွယ်ရမလဲ ဆိုတာ အစိုးရရဲ့ မူဝါဒက ဘာလဲဆိုတာ အရင်ကြည့်ရပါတယ်။


၈၈ အရေးအခင်း သမ္မတ ဦးစိန်လွင် အစိုးရလက်ထက် စစ်အုပ်ချုပ်ရေးပေးပြီး ပစ်ဆို ပစ်ခတ်ရပါတယ်။
ဒေါက်တာမောင်မောင်လက်ထက် စစ်အုပ်ချုပ်ရေး ရုတ်သိမ်းတယ်၊ မပစ်နဲ့ဆို မပစ်ရပါဘူး။

အစိုးရရဲ့ မူဝါဒပေါ် မူတည်ပါတယ်။ ပစ်ချင်တိုင်းလည်း လျှောက်ပစ်လို့ မရသလို မပစ်ချင်ဘူး ငြင်းလို့လည်း မရဘူး။ လုံခြုံရေးတာဝန် ယူထားတဲ့နေရာတွေမှာသာနေကြ။ ဟုတ်ပြီ ။သေနတ်တွေ လာလုနေကြပြီ။ ဘာဆက်လုပ်ရမှာလဲ။ သမ္မတက ဘယ်ရောက်နေမှန်းမသိ၊ ဘာမှ မညွှန်ကြား၊ ပစ်ခတ်ဖို့ အမိန့် မပေးတော့ တပ်မတော်ကလည်း ဘာမှ မပစ်ခတ်ဘဲသေနတ်တွေ ပေးလိုက်ရတယ်။

ပစ်ခတ်လို့ ဖြစ်လာမယ့် အကျိုးဆက်ကို တာဝန်ယူမယ့်သူ မရှိဘူးလေ။ တာဝန်ယူ တာဝန်ခံမယ့် သမ္မတကပစ်ဆို ပစ်ရမှာပါပဲ။ ဒီလို အုပ်ချုပ်ရေးစနစ်ကို ဥပဒေပြုနေတဲ့ အမတ်တွေ နားလည်ဖို့တော့လိုပါတယ်။ 


အခု မောင်တော နယ်အရေးမှာ အစိုးရရဲ့ မူဝါဒက ဘာလဲ။၂၅ ရက်နေ့ အထိပြတ်ပြတ် သားသားမရှိသေးပါဘူး ။၂၅ ရက် ညနေမှသာ အကြမ်းဘက် အဖွဲ့အစည်းအဖြစ်ကြေငြာ အသိအမှတ်ပြုလိုက်တာဖြစ်ပတယ်။

၂၅ ရက် မတိုင်မီက ဒီလို အကြမ်းဖက်လာရင် အကုန်အပြတ်ရှင်းပစ် သတ်ပစ်ရမှာလား။ ထိန်းထိန်း သိမ်းသိမ်း ပစ်ရမှာလား၊ မပစ်ခတ်ဘဲ နေရမှာလား ဆိုတာ ဘယ်လို မူဝါဒရှိခဲ့ပါသလဲ။ အစိုးရရဲ့ မူဝါဒကို ဆန့်ကျင်ပြီး တပ်မတော်က ဝင်လူစွမ်းကောင်း လုပ်လို့မရပါဘူး။

အစိုးရက မီးစိမ်း မပြဘဲ သွားလုပ်ရင် တရားခံဖြစ်သွားပါမယ်။ အစိုးရက အပြတ်ဆော် ဆိုတာနဲ့ ရဟတ်ယာဉ် နဲ့ အပေါ်က ပစ်ချတာနဲ့ကို အကုန်ထွက် ပြေးပါတယ်။ ဖြစ်ပျက်လာတဲ့ အကောင်းအဆိုးကိုတော့ အစိုးရက သာတာဝန်ယူရမှာဖြစ်ပါတယ်။

သြဂုတ်၂၅ မှာ အကြမ်းဖက် အဖွဲ့အစည်းအဖြစ်ကြေငြာပြီးနောက် အစိုးရရဲ့ ဆက်တိုက် အရေးယူ ဆောင် ရွက် မှုတွေဟာ အားရစရာကောင်းပါတယ် ။၂၅ ရက်နေ့မတိုင်အထိ အစိုးရရဲ့ဆောင်ရွက်ချက်တွေ ၂၄ ရက်နေ့ လွှတ်တော်မှာ ဆွေးနွေးချက်တွေလေ့လာရင် ဘယ်သူမှန်လို့ ဘယ်သူမှားတယ် ဆိုတာ၂၅ ရက်နေ့က စ နှဖူးတွေ့ဒူးတွေ့တွေ့ခဲ့ကြရပြီဖြစ်ပါတယ်။

အရပ်ဘက် အုပ်ချုပ်ရေး စစ်အုပ်ချုပ်ရေး အရေးပေါ်ကာလ သတ်မှတ်ခြင်း ၊ ဆိုတဲ့ အခြေခံ ဥပဒေတွေကို မကျေညက် မလေ့လာထားကြဘဲ အဖြူရောင်နယ်မြေ အညိုရောင်နယ်မြေ အနက်ရောင်နယ်မြေ ဆိုတာဘာမှန်း မသိကြဘဲပြောချင်ရာ ပြောနေကြရင်တော့ ဒီလိုပဲဖြစ်နေမှာပါပဲ။


အခုမောင်တောနယ်ဟာ အရပ်ဘက် အုပ်ချုပ်ရေးအောက်မှာ ရှိနေပါတယ် ။နိုင်ငံတော် သမ္မတ ကနေ အဓိက တာဝန်ယူထားပြီး သူ့အာဏာခွဲဝေမှုအောက်က ပြည်ထောင်စု ဝန်ကြီးတွေပြည်နယ်ဝန်ကြီးချုပ်တွေအဆင့်ဆင့် တာဝန်ယူအုပ်ချုပ်နေပါတယ်။


အရပ်ဘက် အုပ်ချုပ်ရေးနဲ့ ထိမ်းနိုင်တယ်လို့ သမ္မတ က ယူဆလို့ စစ်အုပ်ချုပ်ရေးအောက် လွှဲမပေးသေး တာဖြစ်ပါတယ်။ အစိုးရရဲ့ မူဝါဒအရ ကာကွယ်ရေးလုပ်ငန်းစဉ်ကို လုပ်ရပါတယ်။ အစိုးရက ငါတို့ မနိုင်တော့ဘူး။ တရားဥပဒေ စိုးမိုးရေး ပျက်ပြားနေပြီ။ တပ်မတော်က စစ်အုပ်ချုပ်ရေးနဲ့ ဝင်လုပ်တော့လို့ ညွှန်ကြားရင်တာဝန်ယူပြီး ဝင်လုပ်ရပါတယ်။

တတိယ အမတ်ပြောတဲ့ KIA,TNLA ကိုကျ မီးကုန် ယမ်းကုန် တိုက်တယ်။ ကုလားအရေးကျနိုင်ငံရေး အမြတ် ထုတ်ဖို့ချောင်းနေတယ် ဆိုတာကတော့ အလွန် နလပိန်းတုန်း ကျလွန်းတယ် လို့ပဲ ပြောရပါလိမ့်မယ်။
KIA,TNLA ကို တိုက်ခြင်း မတိုက်ခြင်းဟာ တပ်မတော်က လွှတ်တော်ရဲ့ ညွှန်ကြားချက်ကို ယူရတာ မဟုတ်ပါဘူး။


အစိုးရရဲ့ ညွှန်ကြားချက်ကိုသာ ယူရတာဖြစ်ပါတယ်။ မတိုက်စေချင်ရင် လွှတ်တော်က အစိုးရကို အဆိုတင် တားဆီး ရမှာဖြစ်ပါတယ်။ ဦးသိန်းစိန် လက်ထက် လိုင်ဇာဂိတ်ပေါက် ရောက်ပြီးမှ ပြန်လှည့် ဆို ပြန်လှည့်ခဲ့ ရတာ တပ်မတော်ပါ။


တပ်မတော်ဟာ ရွေးကောက်ပွဲ ဝင်ပြိုင်ပြီး အာဏာပြိုင် လုစရာမလိုတဲ့ အတွက် နိုင်ငံရေး အမြတ်ထုတ်လို့ လည်း NLD အစိုးရပြုတ်စရာ အကြောင်းလည်းမရှိပါဘူး။

တစ်ကယ်တော့ ဒီအချိန်ဟာ သူ့ကြောင့် ငါ့ကြောင့် တာဝန်လွှဲချနေရမယ့် အချိန်မဟုတ်ပါဘူး။ မတူတာတွေကိုဘေးဖယ်ထားပြီး ဒီ ဘင်္ဂလီ အကြမ်းဖက် အန္တရာယ် အမျိုးသားရေး ရန်စွယ်ကြီးးကို ဘယ်လိုနှိမ်နှင်းမယ်ဆိုတာ ကာလုံကဲ့သို့ အစည်းအဝေးများဖြင့် အားလုံးစုပေါင်းဆွေးနွေးကြပြီး အကောင်းဆုံး နည်းလမ်းကို

သမ္မတက ဦးဆောင်ချမှတ်၊ အမြန်ဆုံး နေ့ည မဟူ လုပ်ကြရမယ့် တစ်ကယ့် မိုးထဲရေထဲ အချိန်ဖြစ်ပါ
ကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။




စစ်ငြိမ်း

Thaung Aye


No comments:

Post a Comment