Saturday, September 23, 2017

အစွန်း​ရောက်​ အကြမ်းဖက်မှုများနဲ့ ပတ်သက်ပြီး ဖေ့ဘုတ် မှ moderator များကို အမိန့်ထုတ်လိုက်ပြီ



ARSA အစွန်း​ရောက်​ အကြမ်းဖက် အဖွဲ့ကို facebook အသုံးပြုခွင့် ပိတ်ပင်တားမြစ်လိုက်ပြီဖြစ်ကြောင်း
သိရသည် ။
ARSA (Arakan Rohingya Salvation Army) ဟု သူတို့ကိုယ် သူတို့ အမည်တပ် ခေါ်ဝေါ်ကြသည့် အဖွဲ့ ကို အန္တရာယ် ရှိသော အကြမ်းဖက် အဖွဲ့တစ်ခု အဖြစ် facebook မှ တရားဝင် သတ်မှတ်လိုက်ပြီး ထိုအဖွဲ့ သည် လူမှုကွန်ရက်ကို အသုံးပြုကာ အမုန်းစကားများ ဖြန့်ချိရန်၊ အပြစ်မဲ့သူများကို သတ်ဖြတ်ရန်နှင့် ပြစ်မှုများ ကျူးလွန်ရန် စီစဉ်ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သောကြောင့် ယင်းအဖွဲ့ကို facebook လူမှုကွန်ရက် အသုံးပြုခွင့် ပိတ်ပင်တားမြစ်လိုက်ကြောင်း facbook မှ ပြောခွင့်ရ ပုဂ္ဂိုလ်က အတည်ပြုသည်။
facebook ၏ အဖွဲ့အစည်း စံသတ်မှတ်ချက် စည်းမျဉ်း (Community Standard) အရ အဆိုပါ အဖွဲ့အ
စည်းကို ထောက်ခံခြင်း၊ အားပေး အားမြှောက်ပြုလုပ်ခြင်းပြုသည့် စာသား၊ ဓာတ်ပုံ၊ ရုပ်သေ ရုပ်ရှင် ဖိုင်
များကိုပါ တားမြစ် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်းသိရသည်။


ထိုသို့သော စာသား၊ ဓာတ်ပုံ၊ ရုပ်သေ ရုပ်ရှင် ဖိုင်မှန်သမျှကိုလည်း ဖျက်ပစ်ရန် moderator များကို အမိန့်ထုတ်ပြန်ပြီးကြောင်းသိရသည်။

PN002
ref: Facebook bans Rohingya group’s post
Credit to Popular

No comments:

Post a Comment