Friday, January 9, 2015
အမေရိကန် ဘီလျံနာ သူဌေးကြီး ဆိုးရော့စ် မွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ
အမေရိကန် အခြေစိုက် Open Society ဖောင်ဒေးရှင်း တည်ထောင်သူ ကုဋေကြွယ် သူဌေးကြီး George Soros ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် က အောင်မင်္ဂလာ ရပ်ကွက်မှာ မွတ်စလင်တွေ နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲ မှာ မွတ်စလင် လူငယ် တစ်ဦးက သူတို့ သွားလာခွင့် ကန့်သတ်ခံနေရကြောင်း Mr. George Soros ကို အခုလိုပြောပြခဲ့ပါတယ်။
"ကျနော်တို့ သွားလာခွင့်ကို ပိတ်ထားတာ ဘာမှ အဆင်မပြေဘူး၊ ဈေးလည်း သွားလို့မရဘူး၊ ကျနော်တို့ ဒီနိုင်ငံ မှာမွေးတာ တော်တော်လေးကြာပြီ၊ ကျနော်တို့ အဖိုးက အရင်က အစိုးရ ဝန်ထမ်း၊ အဲ့ဒါကြောင့် ဒီကိစ္စ ကို ကျနော် တို့ လုံးဝ လက်မခံပါ"
Mr. George Soros က မွတ်စလင်အသိုင်းအဝန်းရဲ့အခြေအနေဟာ ဆိုးရွားနေတဲ့အတွက် သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း ပြောဆိုခဲ့ပါတယ်။
ဂုံးကျော် တံတားပေါ်မှ ပြုတ်ကျတဲ့ အငှားယာဉ် သတင်း အပြည့်အစုံ
တာမွေမြို့နယ် တွင် ရထား သံလမ်း ဂုံးကျော် တံတားပေါ်မှ အငှားယာဉ် တစ်စီး အရှိန်လွန် ကာ ပြုတ်ကျခဲ့ သဖြင့် ယာဉ်မောင်းနှင့် ခရီးသည်(၂)ဦး ဒဏ်ရာရ
ရန်ကုန်၊ ဇန်န၀ါရီ ၈
၈.၁.၂၀၁၅ ရက်နေ့ ၁၄၁၅ အချိန်တွင် တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်း အတိုင်း တာမွေ ဘက်မှ သင်္ဃန်းကျွန်းဘက်သို့ သာကေတမြို့နယ်နေ ယာဉ်မောင်း စိုးပိုင်၊ (၂၂)နှစ် မောင်းနှင် လာသော 6D--- HONDA Fit အငှားယာဉ်သည် မင်းရဲကျော်စွာ ရထားသံလမ်း ဂုံးကျော် တံတားပေါ် အရောက် အရှိန်လွန် ကာ တံတားလက်ရမ်း သံဇကာ များအား တိုက်မိပြီး တံတားအောက် သို့ ပြုတ်ကျသွားခဲ့ပါသည်။
ထိုသို့ပြုတ်ကျ ခဲ့သဖြင့် ယာဉ်မောင်း စိုးပိုင် တွင် ယာပေါင်၌ ဖူးရောင် နာကျင်ဒဏ်ရာ၊ ယာဉ်ပေါ် ပါ ခရီးသည် များဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်နေ ဦးတင်အောင်စိုး တွင် နဖူး၊ ယာလက်၊ မေးစေ့ တို့၌ ပေါက်ပြဲ နာကျင်ဒဏ်ရာများနှင့် ဒေါ်သိင်္ဂီမြင့်တွင် ယာခြေထောက်နှင့် နှုတ်ခမ်း တို့၌ ပေါက်ပြဲ နာကျင် ဒဏ်ရာများ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် တင်ပို့ကုသ ခဲ့ရပါသည်။
Thursday, January 8, 2015
အ၀တ် ဗလာ နဲ့ အပန်းဖြေ ရတဲ့ ကမ်းခြေ မှာ အမျိုးသမီးတွေ ကို တိတ်တခိုး ဗီဒီယို ရိုက်ယူနေတဲ့ အမျိုးသား

အ၀တ်ဗလာ နဲ့ အပန်းဖြေ ရတဲ့ ကမ်းခြေ မှာ စုံတွဲတွေ နဲ့ အမျိုးသမီးတွေကို တိတ်တခိုး ဗီဒီယို ရိုက်ယူနေတဲ့ အမျိုးသား တစ်ဦးကို လူတစ်စု က သတိထား မိခဲ့ပြီး ရဲ ကို အကြောင်းကြား ဖမ်းဆီးစေခဲ့ပါတယ်။
သြစတြေးလျ နိုင်ငံ ၊ Adelaide’s Maslin ကမ်းခြေ မှာ မျက်မြင် သက်သေတွေ ရဲ့ ပြောကြားချက် အရ မီးခိုးရောင် ဆံပင် ရှိပြီး တက်တူးတွေ ရှိတဲ့ အမျိုးသား တစ်ဦးဟာ သူကိုယ်တိုင် လည်း အ၀တ် ဗလာနဲ့ လာရောက် အပန်းဖြေနေပြီး ရေခဲပုံး တစ်ပုံး ကို ကိုင်ဆောင် ထားပါတယ်။
ကလေး သူငယ် လိင် စပ်ယှက်မှု ရုပ်ပြ ကာတွန်းနှင့် ဇာတ်ကား များ ကြီးထွားနေသော ဂျပန်

ဂျန်ပန်နိုင်ငံမှ မန်ဂါနှင့် အန်နီမီ ဟု ခေါ်သည့် ကာတွန်း ဇာတ်ဆောင်များ က ကမ္ဘာ့ ယဉ်ကျေးမှု တရပ် သဖွယ်ဖြစ် လာပြီး ကျော်ကြား လာသည်။
သို့သော် အချို့သော
ညစ်ညမ်း ကာတွန်းရုပ်ပြ မဂ္ဂဇင်းနှင့် ဇာတ်ကား များက ကလေး ကာတွန်းများ ပါဝင်သည့်
ပြကွက် တို့အား တစ်တစ် ခွခွကြီး ရေးဆွဲပြ သလာ သည်။ ထို့ကြောင့်
ဂျပန်နိုင်ငံအနေဖြင့် အဘယ်ကြောင့် ထိုဇာတ်ကား များအား မတားမြစ် သနည်းဟု
မေးစရာ ဖြစ်လာသည်။
တနင်္ဂနွေ နေ့လည်ခင်း တခုဖြစ်သည်။ တိုကျိုမြို့ ရှိ
အရောင်းပြပွဲ တခု၌ Sunshine Creation ၏ ပြခန်း သို့ မန်ဂါ ပရိသတ်
ထောင်နှင့် ချီ (အမျိုးသား အများစု) စုပြုံ တိုးဝှေ့နေသည်။ ရောင်းချရန်
ခင်းကျင်းပြသ ထားသည့် မန်ဂါ ရုပ်ပြ ကာတွန်းများ ကို စူးစိုက်ကြည့်နေကြသည်။
Wednesday, January 7, 2015
တရုတ်နှင့် ထိုင်း စာပါ စားသုံးရန် မသင့် တားမြစ် ထားသည့် စားသောက်ကုန် များ မန္တလေးမြို့တွင် ထုတ်လုပ်နေ ဟု ဆို
နေပြည်တော် (မဇ္ဈိမ)။ ။ စားသုံးသူရေးရာ ကော်မတီနှင့် FDA
(အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီး ဌာန) တို့က စားသုံးရန် မသင့် ဟု
တားမြစ် ထားသော အစား အသောက်များ ထဲတွင် ပြည်တွင်းမှာ ပင် အတု ထုတ်လုပ် သည့်
တရုတ်စာနှင့် ထိုင်းစာ များ ရိုက်နှိပ် ထားသည့် စားသောက်ကုန် အချို့လည်း
ပါ ၀င်နေကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ဦးစီး ဌာန
တွဲဖက် အတွင်းရေးမှူး (၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
ညွှန်ကြားရေးမှူး ဦးခင်ဇော် က မဇ္ဈိမကို ပြောသည်။

မုန့်မျိုးစုံရောင်းချသည့် ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ယင်း ကဲ့သို့ တရုတ် စာများဖြင့် ဖော်ပြ ထားသည့် စားသုံးရန် မသင့်ဟု တားမြစ် ထားသော မုန့် အများစု ကို မန္တလေးမြို့ တွင် ထုတ်လုပ် လျက် ရှိနေသဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စားသုံးသူ အငြင်းပွား မှုဖြေရှင်းရေး အဖွဲ့က သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း၊ ဥပဒေအရ အရေးယူခြင်း များကို ဆောင်ရွက်လျက် ရှိ ကြောင်း လည်း ၎င်းက ဖြည့်စွက်ပြောသည်။
သုသာန် ဓူတင်ဆောင် အတွေ့အကြုံ

တရား အားထုတ်သည့် အခါ မေတ္တာပို့ခြင်း၊ အမျှဝေခြင်း ကိုလည်း အ ထူး အာရုံစိုက်ပြီး လုပ်သည်။ အချိန်လည်း ပေးသည်။ တရား အားထုတ် သူများ တွေ့ကြုံရလေ့ ရှိသည့် အမျိုးမျိုးသော အာရုံ များ တွေ့ရ မည် ဟုလည်း တွက်ဆ ထားပြီးဖြစ်သည်။
ပေါ်လာသည့် အာရုံ မှန်သမျှကို အဖျက်တွေ ဟု သိပြီး မသိမ်း ပိုက်ထားမိ ဖို့ ကမ္မဋ္ဌာန်းပြ ဆရာ များ၏ ဆုံးမ သွန်သင်မှု များ ကလည်း နားထဲ စွဲနေသည်။
☆ သုသာန် တစ်ခုနှင့် တစ်ခု ဓူတင်ဆောင် ခဲ့သော ကာလက မူ မတူ။ တချို့သုသာန် ၌ ခုနှစ်ရက် ၊ တချို့ သုသာန် ၌ ဆယ်ရက ၊ တချို့သုသာန် ၌ ဆယ့်ငါးရက် ၊ အချို့မှာ တစ်လ စသည်ဖြင့် ရှိသည်။
ကမ္ဘာ့ အံ့ဖွယ် ၇ ပါး ထဲမှာ ပါဝင် တဲ့ မဟာတံတိုင်း (The Great Wall) ကြီးရဲ့ အဆုံး


မဟာတံတိုင်း(The Great Wall) ကြီး ဆိုတာ ကမ္ဘာ့အံ့ဖွယ် ၇ ပါး ထဲမှာ တစ်ခု အပါ အ၀င်ဖြစ်ပါတယ်။
ကျွန်တော်တို့ မြင်တွေ့နေကြ တာ ကတော့ မဟာတံတိုင်း ရဲ့ လှပတဲ့ ရှုခင်းတွေ နေရာတွေ ပဲ ဖြစ်ပြီး ဘယ်နေရာ မှာ အဆုံး သတ်သွားတယ် ဆိုတာ ကိုတော့ သတိ မမူ မိကြပါဘူး။
ယခုတော့ အဲဒီ အဆုံးသတ်နေရာ ကို မြင်တွေ့နိုင် ပါပြီ။
Tuesday, January 6, 2015
မနှင်းဆီ ပါးလိုက်တဲ့ HIV သတင်း စကား

ခင်ပွန်းဖြစ်သူ ဆုံးပါး ချိန်မှာ မနှင်းဆီ (အမည် လွှဲထား) အသက်က ၂၆ နှစ်
ဖြစ်သည်။ အားကိုး ရာ မြင့်မိုရ်တောင် ပြို လဲ သွားပြီး နောက်ပိုင်း သားသမီး ၎
ဦး ကို ရှာဖွေကျွေးမွေး ရမည့် တာဝန်မှာ မုဆိုးမဖြစ်သည့် သူ့ ပခုံးပေါ်
ကျရောက် လာခဲ့တော့သည်။
ငယ်ရွယ်သူ မုဆိုးမ တဦးအတွက် ရွေးချယ် စရာ အလုပ်အကိုင် အခွင့်အလမ်း
အနည်းငယ် ထဲကမှ ငွေရ လွယ်သည့် ခန္ဓာရင်း ၍ စီးပွား ရှာသော ညဥ့်ငှက် ဘဝ ကို
မလွှဲမရှောင် သာ သူရွေး ချယ်ခဲ့ ရသည်။ ဒီလိုနှင့် မနှင်းဆီ တယောက်
ကလေး မီးဖွားပြီး သည်မှာ ၃ လ သာ ရှိသေးသော အချိန်မှာပင် ညဥ့်ငှက် ဘဝ ကို
ဝင်ရောက် ခဲ့တော့သည်။
“ယောကျာ်း မရှိတော့ ရပ်တည် ဖို့ အခက်အခဲ ဖြစ်သွားတယ်။ ဒီကြားထဲ
မိဘတွေ ကလည်း မပြေ လည်ဘူး။ ကျမသား အငယ်ဆုံး ၃ လ သားလေး နို့တိုက်ရင်း ကနေပဲ
ရပ်ကွက် ထဲက ခေါင်းအိမ်ခေါ် မှာပေါ့နော်၊ ဖောက် သည်တွေ ချိတ်ဆက်ပေးတဲ့ အိမ် မှာ
ပုခက်နဲ့ ထားခဲ့ပြီး တည်းခို ခန်းတွေ၊ ကေတီ ဗီတွေ၊ နိုက်ကလပ်တွေ မှာ
အလုပ်လုပ် ခဲ့ရတယ်” ဟု မနှင်းဆီ က အဝေးကိုငေးကြည့်ရင်း သူ့ဘဝ ကိုပြောပြသည်။ဆယ်ကျော်သက် အရွယ် တွင် အဓမ္မပြုကျင့် ခံခဲ့ ရကြောင်း လေဒီဂါဂါ ဖွင့်ဟ

"ကျွန်မ ဒီပျော်ရွှင်စရာကောင်းတဲ့ အချိန်လေး ကို တလွဲ မကုန်ဆုံးစေချင် ပါဘူး။ ပျော်စရာကောင်းတဲ့ အကြောင်း အရာတွေ ကိုပဲ ပြောကြရအောင် ပါ" ဟု အဆိုပါ ရုပ်သံ အစီအစဉ်အတွင်း ယင်း ကိစ္စနှင့် ပတ်သက်၍ ၎င်းကို မေးမြန်း ရာတွင် လေဒီဂါဂါ က ယခုကဲ့သို့ပြောကြားခဲ့သည်။
သို့ရာ တွင် ရေဒီယို အသံလွှင့်သူ က ယင်း ကိစ္စနှင့် ပတ်သက် ၍ ပိုမိုစောင်းပေး မေးမြန်း ခဲ့သော အခါ လေဒီ ဂါဂါ က ယင်း ကိစ္စနှင့် ပတ်သက်၍ ဆက် လက်ဖြေကြား ခဲ့သည်။
၁၄ နှစ် အရွယ် မြန်မာ မိန်းကလေး အား မုဒိမ်းကျင့် ခဲ့သည် မြန်မာ လင်မယား အား ထိုင်း တရားရုံး စီရင်ချက်ချ

ထိုင်းနိုင်ငံ၊ ခေါင်လက်ဒေသ တွင် အသက် ၁၄ နှစ် အရွယ် မြန်မာ မိန်းကလေး အား အဓမ္မပြုကျင့် ခဲ့မှုဖြင့် အပြစ် ရှိကြောင်း ၀န်ခံ ထားသည့် တရားခံ မြန်မာနိုင်ငံသား ကိုနိုင် အား ထောင်ဒဏ် ၈ နှစ် ချမှတ် ခဲ့သည် ။
ပြစ်မှုကျူး လွန်ရာ တွင် ကူညီပေး ခဲ့သည့် တရားခံ ၏ ဇနီးဖြစ်သူ မရီ ကို လည်း ထောင်ဒဏ် ၃ နှစ် ချမှတ် ခဲ့သည်။ ကိုနိုင်နှင့် မရီ ဟု ရဲတပ်ဖွဲ့ က ဖော်ပြသည့် တရားခံ ၂ ဦးအား အပြစ် ရှိကြောင်း ဖန်ငါရှိ တာကူပါ စီရင်စု တရားရုံး က ဆုံးဖြတ်ခဲ့ကြောင်း ခူခက် ရဲစခန်းမှ အရာရှိ ပလီတာ ကန်ဆင်း က အတည်ပြုခဲ့သည်။
မရီသည် အဓမ္မပြုကျင့်မှု ကို အားပေး ကူညီမှုဖြင့် ထိုင်း ရာဇ၀တ်မှု ဥပဒေပုဒ်မ ၂၇၇ အရ အပြစ် ရှိကြောင်း တွေ့ရှိ ရသည်ဟု အရာရှိ ပလီတာက ဖူးခတ်ဂေဇတ် သတင်းဌာန သို့ ပြောကြားသည်။
Sunday, January 4, 2015
ဘာသာရေး ပဋိပက္ခ ဖြစ်ပွား ရခြင်း အကြောင်းရင်း ကို အီရန် ဘာသာရေးခေါင်းဆောင် များအား သီတဂူ ဆရာတော်ကြီး ရှင်းပြခဲ့

အီရန်နိုင်ငံ မှ ပြန်လည်ကြွချီ လာသည့် သီတဂူ ဆရာတော်နှင့် လာရောက် ကြိုဆိုနေသော အစ္စလာမ် ဘာသာဝင်ခေါင်းဆောင် အချို့ (ဓာတ်ပုံ −ဇေနွေထွန်း)
မြန်မာနိုင်ငံ ၌ ဖြစ်ပေါ် ခဲ့ သော ဘာသောရေး၊ လူမျိုးရေး အသွင် ပဋိပက္ခ များ သည် အောက် ခြေ အဆင့် ပြည်သူ များ မှာ စီးပွားရေး၊ ပညာရေး နိမ့်ကျမှု များကြောင်းဖြစ်ပြီး ဘာသာရေး ကြောင့်ဖြစ်ခြင်း မဟုတ်ကြောင်း အီရန် သမ္မတ ၏ အတွင်းရေးမှူး နှင့် ဘာသာရေးခေါင်းဆောင် များ ကို ရှင်းပြနိုင် ခဲ့ကြောင်း သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဉာဏိဿ ရ က မိန့်ကြားသည်။
အီရန်နိုင်ငံ ၌ပြုလုပ်သော သုံးရက်ကြာ ဘာသာရေးဆွေးနွေး ပွဲမှ ပြန်လည်ရောက်ရှိ လာသည့် သီတဂူ ဆရာတော် က ဇန်နဝါရီ ၃ ရက် နံနက် ၅ နာရီခန့် ၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေ ဆိပ်တွင် အထက်ပါ အတိုင်း မိန့် ကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာပေါ် ရှိ ပဋိပက္ခဖြစ်စဉ် များကို လေ့လာကြည့် ပါကလည်း စီးပွားရေး၊ ပညာရေး အဆင့်မြင့် သည့်နေရာ များတွင် ဖြစ်လေ့ မရှိ ကြောင်း၊ ကျေးလက် (သို့မဟုတ်) မြို့စွန် မြို့ဖျား များတွင် နေထိုင်သူ များ၏ စီးပွားရေး နိမ့်ကျမှု ၊ ပညာ ရေးနိမ့်ကျမှု များကြောင့်သာဖြစ် ကြောင်း ဆရာတော် က မိန့်ကြား သည်။
ရေချိုး ရင်းနဲ့ ကိုယ်ဟာ ဘယ်လို လူမျိုးလဲ ဆိုတာ စစ်ကြည့်ကြရအောင်။

(၁) ခြေထောက် ကနေစပြီး ရေလောင်း ချိုးတဲ့သူ.....
****************************************
ကိုယ့်ကို ကိုယ် ယုံကြည်ချက် လွန်ကဲသော သူ၊ တကိုယ်ကောင်း ဆန်တဲ့ အတွေးတွေ ရှိတတ် ပါတယ်။ သူတပါး ရဲ့ထင်မြင်ချက် ကိုလည်းလက်ခံ တက်ဖို့လိုပါတယ်။
(၂)လက် ကနေ စပြီး ရေလောင်း ချိုးတဲ့သူ.....
*************************************
သူ ကတော့ အချွဲ သန်တက်ပြီး တယောက် တည်းနေရ မှာကို သိပ်ကြောက် တတ် ပါတယ်။
ဒါပေမဲ့ ပျော်ပျော်နေ တတ် တဲ့ အတွက် သူငယ်ချင်းတွေ များများ ရအောင်ကြိုးစားပါ။
Saturday, January 3, 2015
အမှတ် (၃) လမ်းမပေါ် တွင် တက္ကစီ များကို ည အချိန် မကြာခဏ လုယက် လျက်ရှိ

အမှတ် (၃) လမ်းမ တွင် ည အချိန်၌ တက္ကစီ များကို မကြာ ခဏ အုပ်စုဖွဲ့ လုယက် လျက်ရှိနေ ကြောင်း တက္ကစီ ယာဉ်မောင်း အ ချို့ ထံမှ သတင်း ရရှိသည်။
အဆိုပါ လမ်းမပေါ်ရှိ အ သွား အလာ အဆက်ပြတ် ရာနေရာ များတွင် ယာဉ်မောင်းများ ဆက်မ မောင်းနိုင် ရန် အ၀ါရောင် အရည် များကို ကားရှေ့မှန် တွင် ပက်ကာ လုယက်မှုပြုလုပ်လေ့ ရှိခြင်းဖြစ် သည်။
‘‘ကြက်ဥ အနှစ်ရည် ကို သေ သေချာချာ စီမံ ထားပြီး အရှိန် နဲ့ မောင်းလာတဲ့ ကားကို ကား အရှေ့ မှန်ကို လှမ်းပက် လိုက်တာနဲ့ အ ရှေ့ကို ဘာမှ မမြင်ရတော့ဘူး လေ။ အရှိန်ပြင်း တဲ့ ကားဆို ချောက်ထဲ ကျရောပဲ။
ဒါကို အခွင့် ကောင်း ယူပြီး ငွေညှစ် တာတွေကို လုပ်တာပါ’’ ဟု လုယက် ခံရသူ တစ်ဦး ၏ အဖြစ်အပျက်ကို တက္ကစီ ယာဉ်မောင်း ကိုမောင်မျိုး က ပြော သည်။
အဆိုပါ လမ်းမပေါ်ရှိ အ သွား အလာ အဆက်ပြတ် ရာနေရာ များတွင် ယာဉ်မောင်းများ ဆက်မ မောင်းနိုင် ရန် အ၀ါရောင် အရည် များကို ကားရှေ့မှန် တွင် ပက်ကာ လုယက်မှုပြုလုပ်လေ့ ရှိခြင်းဖြစ် သည်။
‘‘ကြက်ဥ အနှစ်ရည် ကို သေ သေချာချာ စီမံ ထားပြီး အရှိန် နဲ့ မောင်းလာတဲ့ ကားကို ကား အရှေ့ မှန်ကို လှမ်းပက် လိုက်တာနဲ့ အ ရှေ့ကို ဘာမှ မမြင်ရတော့ဘူး လေ။ အရှိန်ပြင်း တဲ့ ကားဆို ချောက်ထဲ ကျရောပဲ။
ဒါကို အခွင့် ကောင်း ယူပြီး ငွေညှစ် တာတွေကို လုပ်တာပါ’’ ဟု လုယက် ခံရသူ တစ်ဦး ၏ အဖြစ်အပျက်ကို တက္ကစီ ယာဉ်မောင်း ကိုမောင်မျိုး က ပြော သည်။
Friday, January 2, 2015
ဘာမျူဒါ တြိဂံ နှင့် ကမ္ဘာ့ရေ သင်္ချိုင်းကြီး များ

ယင်းဒေသ တွင် ရေပြင် ၌ သာသင်္ဘောနှင့် လူ တို့ ပျောက်ကြရသည် မဟုတ်၊ ထိုရေပြင် အထက် မှ ကောင်း ကင်ပြင် တွင် ဖြတ်ကျော် ပျံသန်း သွားသော လေယာဉ် များပင် ထူးဆန်း စွာ ပျောက်ခဲ့ကြရသည်။ ထို့ကြောင့် ဗာမျူဒါတြိဂံ ဒေသ ကို မရဏလမ်းဆုံ ဟူ၍ တင်စားကြသည်။
ဘာမျူဒါ တြိဂံ ဟူသော ပထဝီဝင်ဝေါဟာရ ကို ပထဝီဝင် သုသေသီ တစ်ဦးဖြစ်သည့် ဗင်ဆင့် အိတ်ခ်ျဂါဒစ် ဆိုသူ က ၁၉၆၄ ခုနှစ်တွင် သူ၏ဆောင်းပါးတစ်ပုဒ် ၌ အမှတ်မထင် သုံးစွဲလိုက်ရာ မှ ပေါ်ပေါက် လာခြင်းဖြစ် သည်။
ဗေဒင် ဆရာ များဟောတဲ့ ၂၀၁၅ နိုင်ငံရေး ၊ စီးပွားရေး

၂၀၁၅ တွင် အထွေထွေရွေးကောက် ပွဲကို ကျင်းပရန်သေချာသော် လည်း ပြည်သူ များမျှော်လင့်ထားသည် တရားမျှ တ၍ လွတ်လပ်သော ရွေးကောက်ပွဲ အခြေအနေမျိုး မရောက်နိုင်ကြောင်း နက္ခတ်ဗေဒင် ဆရာ များက တွက် ချက်ပြောကြား လိုက်သည်။
‘‘ရွေးကောက်ပွဲ ကတော့ ကျင်းပ မှာပဲ။ ရလဒ် ကတော့ ဘ၀င် မကျစရာ ကွဲလွဲ မှုတွေဖြစ်နိုင် တယ်’’ဟု မြန်မာနိုင်ငံ နက္ခတ်သိပ္ပံ အဖွဲ့ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကို ကပြောသည်။
ပြည်သူ အများ က မဖြစ်နိုင်ဟု ယူဆနေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်မှု၊ ၅၉ (စ) ပြင်ဆင်မှုများ ကို ဗေဒင် ဆရာများ ၏ တွက်ချက်မှု တွင် ၂၀၁၅ ၌ ပြင်ဆင်ရေးဖြစ်လာနိုင် စရာရှိနေသည် ဟု တွက်ချက် ရကြောင်း ဆရာစံဇာဏီဘိုနှင့် ဦးဇေယျာကို တို့က ခန့်မှန်းသည်။
ထူးဆန်းသော ရွာကြီး ရဲ့ နောက်ကွယ် က တစ္ဆေ ကလဲ့စား

ရန်ကုန်မှ ထွက်လာသော ရထား သည် အရှိန် အဟုန်ဖြင့် မော်လမြိုင်မြို့သို့ ဦးတည်နေသည်။ ရထားပေါ်ရှိ ခရီးသည် များမှာ တစ်ယောက် တစ်ပေါက် စကားပြောနေသော သူကပြော၊ အနား ယူနေသူ ကယူ၊ စာ ဖတ်နေသော သူက စာဖတ်ဖြင့် ခပ်ငြိမ့်ငြိမ့် လိုက်ပါ လာကြသည်။
ထို ခရီးသည် များထဲတွင် ဆရာဝန် များ ဖြစ်သော ဒေါက်တာ ဦးမင်းထင်ကျော်၊ ဒေါက်တာကေသွယ် ၊ နောက်ပြီး ဆေးကျောင်းသား များ ဖြစ်ကြသော ရွှေအိုရောင်၊ ထက်မြက်၊ ဉာဏ်လင်းအောင်နှင့် အကူ နာ့စ်ဖြစ်သော ရဲရင့်တို့ ပါဝင်လေသည်။
၎င်းတို့ လူစုသည် မိမိတို့ မရောက်ဖူးသော ဒေသသို့ ခရီးထွက် လာရခြင်းကြောင့် ရင်ခုန်စွာ တက်ကြွပျော် ရွှင်နေကြသည်။ ရထားပြတင်း မှ တဟုန်ထိုး ဖြတ်ဝင် လာနေသော လေတိုက် သံ၊ ရထား သံလမ်း ပွတ်သံ တို့နှင့် အပြိုင် ၄င်းတို့ ၏ စကားသံ များကလည်း မြိုင်ဆိုင် ကြည်မွေ့နေကြသည်။
Subscribe to:
Posts (Atom)