Sunday, March 25, 2018

ခေါင်းဆောင်ဆိုတာ



ပုံမှာပါတဲ့ ဝံပုလွေအုပ်ကို ကြည့်စမ်းပါ ။
အရှေ့ဆုံးမှာ သုံးကောင် 
အဲဒီသုံးကောင်က အုပ်စုထဲမှာ အသက်ရွယ် အိုမင်းပြီးတော့ နာမကျန်းဖြစ်နေကြတဲ့ အကောင်တွေဖြစ် တယ် ။ သူတို့ကို ရှေ့ဆုံးမှာထားရတဲ့အကြောင်းက အုပ်စု အနောက်မှာ မကျန်ခဲ့ဖို့အတွက်ဖြစ်တယ် ။

 
သုံးကောင်အနောက်က ငါးကောင် ကတော့ အုပ်စုထဲမှာ အသန်မာဆုံးနဲ့ တိုက်ရည် ခိုက်ရည် အကောင်းဆုံး အကောင်တွေပါ ။ သူတို့ရဲ့ တာဝန်က တစ်ကယ်လို့ အရှေ့ကနေပြီးတော့ တစ်စုံတစ်ခုက အုပ်စုကို တိုက်ခိုက်လာမယ်ဆိုရင် အကာအကွယ်ပေးဖို့ ဖြစ်တယ် ။

ငါးကောင်ရဲ့အနောက်က ဝံပုလွေအတန်းကတော့ အုပ်စုထဲမှာ ပါတဲ့ အစောင့်ရှောက်ခံ အကောင်တွေ   ဖြစ်တယ် ။

အတန်းရဲ့နောက်က ငါးကောင်ကတော့ ရှေ့က ငါးကောင်လိုပဲ အသန်မာဆုံးနဲ့ တိုက်ခိုက်ရည် အကောင်းဆုံး ငါးကောင်ဖြစ်တယ် ။ သူတို့ကတော့ အနောက်က တစ်စုံတစ်ခု ပြဿနာဖြစ်လာရင် ကာကွယ်ပေးဖို့တာဝန်ရှိတယ် ။



ဟိုး အဝေးမှာရှိနေတဲ့ တစ်ကောင်တည်းသော ဝံပုလွေကတော့ သူတို့ရဲ့ ခေါင်းဆောင် ပါပဲ ။
 
နောက်မှာ ဘယ်သူမှ မကျန်အောင် သူနောက်ဆုံးကနေ စောင့်ကြည့်တယ် ။
အုပ်စု တစ်ခုလုံးကို လမ်းကြောင်း တစ်ခုတည်းမှာပဲ ရှိနေအောင်လို့လည်း ထိန်းသိမ်း ထားတယ် ။
သူ့ရဲ့နေရာကနေ အုပ်စုရဲ့ ဘယ်နေရာကိုမဆို အလျင်အမြန် သွားပြီး အုပ်စု တစ်ခုလုံးကို ကာကွယ်နိုင် တယ် ။
 
လူတွေက အမြဲမေးတယ်
ခေါင်းဆောင် ဆိုတာ ဘာလဲ …
တစ်ကယ်တော့ အရှေ့ဆုံးမှာ ရှိနေမှ  ခေါင်းဆောင်မဟုတ်ပါဘူး ။
အဖွဲ့အစည်း တစ်ခုလုံးကို ကာကွယ် စောင့်ရှောက်နိုင်မှာသာ ခေါင်းဆောင် လို့ ခေါ်ဆိုထိုက်ပါတယ် ။


Credit original uploader
Thiri Ag


No comments:

Post a Comment