Sunday, December 9, 2018

ဆီသိန်း​ ခွေး



 

ကျနော်တို့အ​ဖေတို့ ၊ ဦးကြီး ဦး​လေးတို့​ခေတ်​က ​ရွှေသွားစိုက်​တာ ​ခေတ်​စားပါတယ်​ ။ ခု​ခေတ်​ ကိုယ်​​ပေါ်မှာ ​ဆေးမင်​​ကြောင်​ ထိုးတာ ​ခေတ်​စားသလိုမျိုးနဲ့ တူပါတယ်​ ။

အသက်​ ၃၀ တန်း လူငယ်​​တွေ​တော့ ​ရွှေသွားနဲ့ ​ရှေးအဖိုးကြီး​တွေကို မြင်​ဖူး​တော့မှာ မဟုတ်​ဘူး ။ ​ရွှေသွား စိန်​ကြီး​တွေ ခုရှိ​သေးရင်​ အသက်​ ၉၀ တန်း​လောက်​ ဖြစ်​လိမ့်​မယ်​ ထင်​တယ်​ ။

မန္တ​လေးမှာလည်း ​ရွှေသွား တစ်​​ခေတ်​ ရှိခဲ့ပါတယ်​ ။ ဒါ​ပေမယ့်​ အ​ကြောင်းတစ်​စုံတစ်​ခု​ကြောင့်​ မန်းသားကြီး​တွေ ​ရွှေသွားနဲ့ စတိုင်​ထုတ်​ဖို့ စတွန့်​သွားကာ ​ရွှေသွား ဓ​လေ့​တောင်​ ​မှေးမှိန်​သွားခဲ့ပါတယ်​ ။
 
မန္တ​လေးမှာ ကိုလိုနီ​ခေတ်​က ရတနာပုံ ဆီစက်​ သူ​ဋ္ဌေး ဦးသိန်း ဆိုတာ ရှိတယ်​ ။ သူက ဒါးတန်း ဦးသန့်​  ဦး​လေး​တော်​စပ်​တာ​ကြောင့်​ သင်္ကြန်​မိုး ရုပ်​ရှင်​ထုတ်​လုပ်​တဲ့ ကို​ဇော်​မြင့်​ရဲ့ ဘကြီးလည်း ဖြစ်​ပါတယ်​ ။
 
ဦးသိန်းဟာ မန္တ​လေးရဲ့ ဆီဘုရင်​ပါ ။ ဒါ့​ကြောင့်​ တစ်​မြို့ လုံးက ဆီ ဦးသိန်း ( သို့မဟုတ်​ ) ဆီသိန်း လို့ လုပ်​ငန်းနဲ့တွဲကာ ချ စ်​စနိုး ​ခေါ်ကြပါတယ်​ ။
 
သူက ဒိတ်​ဒိတ်​ကြဲ လူချ မ်းသာ​ပေမယ့်​ မာန်​မာန မရှိဘူး ။ပျော်​​ပျော်​ပါးပါး ​နေတတ်​တယ်​ ။ အကူအညီ​တောင်းလာရင်​လည်း လူတန်းစားမ​ရွေး ကူညီတတ်​သူ ။
 
ဦးသိန်း က မြင်း​မွေး ဝါသနာပါတယ်​ ။ ​ခွေး​မွေး ဖို့လည်း ဝါသနာပါတယ်​ ။ နိုင်​ငံခြား ​ခွေးမျိုး​တွေလည်း တစ်ကူး တစ်က မှာပြီး ​မွေးတတ်​တယ်​ ။





သူ့​ခေတ်​က ရှားရှားပါးပါး bull dog ဆိုတဲ့ ရုပ်​ဆိုးဆိုး ​ခွေးဘီလူး မျိုးကိုလည်း သူ​မွေးတာပဲ ။ ​ခွေးဘီလူးဆိုတဲ့အတိုင်း အလွန်​ အရုပ်​ဆိုး ၊ အကျ ည်းတန်တဲ့ ​ခွေး​တွေ​ပေါ့ ။

တစ်​​နေ့မှာ အဲသည်​​ခွေးဘီလူး သွားမ​ကောင်းတာနဲ့ သွားကို ​ရွှေကွပ်​​ပေးလိုက်​တယ်​ ။ သူအပြင်​သွားရင်​ ကား​ပေါ် ​ခွေးဘီလူး တင်​သွားတယ်​ ။ ​ရွှေသွား တစ်ဝင်းဝင်းနဲ့ ရုပ်​ဆိုးဆိုး ​ခွေးကြီးကို မန်းသူ မန်းသား​တွေ တစ်အံ့ တစ်သြ မြင်​​တွေ့ရတယ်​ ။

အဲသည်​​နောက်​ ​ရွှေသွားနဲ့ လူကို ဆီသိန်း​ခွေး လို့ အလွယ်​​ခေါ်လိုက်​ကြတယ်​ ။ ​ရွှေသွားပိုင်ရှင်တွေ ရှက်ပြီး ရွှေသွားစိုက်​ ဓ​လေ့လည်း ဒါနဲ့ပဲ ကွယ်​​ပျောက်​သွား​တော့တာပဲတဲ့ ။

ref : မန္တ​လေးသူ မန္တ​လေးသားများ ( လူထု​ဒေါ်အမာ )
8.12.2017
 

No comments:

Post a Comment