Thursday, June 7, 2018

တစ်နေ့တာလုံး အားအင်ပြည့်ဝ လန်းဆန်းနေစေမည့် နည်းလမ်းကောင်းများ

 



လုပ်ငန်းခွင်မှာ တစ်နေ့တာ အလုပ် လုပ်ရင်း နေ့လည်ရောက်လာပြီ ဆိုတာနဲ့ အားအင် ကုန်ခမ်းပြီး အိပ်ငိုက်လာတတ်ကြပါတယ်။

ထိုအခါမှာ အိပ်မငိုက်စေဖို့ ကော်ဖီ၊ Energy drink စတာတွေ သောက်သုံးတတ်ကြပါတယ်။ BBC ကျန်းမာရေး ဌာနက ပြောကြားချက်အရ ထိုသို့သော အချိုရည် များနဲ့ ကော်ဖီသောက်ခြင်းဟာ စွမ်း အင် ပိုမိုလျောစေ့တယ်လို့ သိရပါတယ်။ ထို အစားထိုး စွမ်းအင်ပြန်လည် ရရှိစေမယ့် နည်းလမ်းလေးတွေကို လိုက်နာကြည့်သင့်ပါတယ်။


(1) သီချင်းနားထောင်ပါ

သီချင်းနားထောင်ခြင်းဟာ စွမ်းအင်ပြည့်စေပြီး စိတ်ကြည်လင်စေပါတယ်။ သီချင်း မြူးမြူးလေးတွေရဲ့ စည်းချက်က သင့်စိတ်ကို တက်ကြွ လန်းဆန်းစေပါတယ်။ သင်အကြိုက်ဆုံး သီချင်းကို ဖွင့်နားထောင်ပါ။
ထို့ပြင် သီချင်း စာသားများ လိုက်လံ ညည်းခြင်းကလဲ စိတ်ကိုပျော်ရွှင်စေပါတယ်။ အလုပ်ပိုမို လုပ်နိုင်စေမှာဖြစ်ပါတယ် ။


(2) အဆာပြေ တစ်ခုခုစားပါ ။

အဆာပြေ ဆိုရာမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး စွမ်းအင် ရရှိမယ့် အစာမျိုးဖြစ်ရပါမယ်။

-ကစီဓာတ်များ စားသုံးပါ (အမျှင်ဓာတ် ပါဝင်သလို သင့်သွေးတွင်း သကြားဓာတ်ဆုံးရှူံးခြင်းမှ ကာကွယ်ပေးပါတယ်)
-ကွေကာ ၊ ဒိန်ချဉ် ၊ အသီးများ၊ မုန်လာဥနီ စသည်တို့ စားနိုင်ပါတယ် ။
-ချာကလက်အနက်စားပါ။ အန်ဒိုဖင်ဟော်မုန်း ကို မြှင့်ပေးလို့ mood ကောင်းစေပါတယ ။်
-အဆီများနဲ့ အချိုများ စားခြင်းရှောင်ပါ။ စွမ်းအင် ပိုမိုကျစေပါတယ် ။


 
 

(3) သံပုရာရည်သောက်ပါ ။

လေ့လာချက်များအရ သံပုရာရည် က ကော်ဖီထက် စိတ်ကို ပိုမိုလန်းဆန်းစေပါတယ်။ သံပုရာ ရနံ့က စိတ်ဖိစီးမှု ကျစေပါတယ်။ သံပရာ တစ်စိတ်ကို ရေအေး တစ်ခွက်ထဲ ထည့်သောက်ပေးနိုင်ပါတယ်။





(4) ရေအေးဖြင့် မျက်နှာသစ်ပါ ။

စိတ် ဖိစီးမှု များနေပါက ရေချိုးခန်းထဲ သွားပြီး ရေအေးအေးဖြင့် မျက်နှာ သစ်လိုက်ပါ။ စိတ်ဖိအား နည်းစေပြီး အာရုံစူးစိုက်မှု ကောင်းမွန်စေပါတယ်။

(5) အကြောဆန့်ပါ ။

အသက်ပြင်းပြင်းရှူပါ အလုပ်စားပွဲမှာ အကြာကြီး ထိုင်တာကြောင့် ကြွက်သားတွေ တောင့်တင်းလာမှာပါ။ထိုအခါ အကြောဆန့်ခြင်းဖြင့် ဦးနှောက်သို့ အောက်ဆီဂျင် ရောက်ရှိကာ ကြွက်သားများပြေလျော့ စေ ပါတယ်။

(6) စကားစမြည်ပြောပါ ရယ်မောပါ ။

အလုပ်တွေများပြီး စိတ်ရှုပ် လာပါက ခဏ break လုပ်ပြီး အလုပ် အတူတူ တွဲလုပ်သူများနဲ့ စကားပြော ရယ်မောပါ ။ ကော်ဖီ အတူတူသောက်တာမျိုး လုပ်ပါ။ ရယ်မောခြင်းဖြင့် မျက်နာကြွက်သား များပြေလျော့ စေတဲ့အပြင် လုပ်ဖော် အချင်းချင်း ပိုရင်းနှီးစေပါတယ်။

(7) လမ်းလျှောက်ပါ ။

နောက်ဆုံး သိပ္ပံလေ့လာချက်များအရ ဆယ်မိနစ်ခန့် လမ်းလျှောက်ခြင်း ၊လှေကားတက်ခြင်းသည် ကော်ဖီ ၅၀ ဂရမ် သောက်ခြင်းထက် ပိုမို စွမ်းအင်ရစေကြောင်း သိရပါတယ်။

(8) နေရောင်ခြည်ကို ထိတွေ့ပါ ။

ကျွန်ုပ်တို့ဟာ နေကနေ စွမ်းအင်တွေ ရရှိကြတယ် ဆိုတာ သိကြပြီးဖြစ်မှာပါ။ အခန်းထဲ အချိန်ကြာ အလုပ် လုပ်ရင်း ငြီးငွေ့လာပါက နေရောင်နဲ့ ထိတွေ့ပါ။ ပိုမိုလန်းဆန်းစေကြောင်း ပညာရှင်များ ရှာဖွေတွေ့ရှိ ထားပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနေသူများ နေကိုပိုမိုထိတွေ့သင့်ပါတယ် ။

 


(9) တစ်ရေး အိပ်ပါ ။

အလုပ်မှာ တရေး အိပ်ခြင်းဟာ ဆိုးရွားတယ် ထင်ပါလိမ့်မယ်။ ဒါပေမယ့် ၁၀ မိနစ်အိပ်ခြင်းဟာ ကော်ဖီbreak တွေ နားချိန်တွေလောက် အချိန် မကုန်ပါဘူး။ သင်ဟာ ကိုယ်ပိုင် အလုပ်ခန်းနဲ့ အလုပ်လုပ်ရပါက ဒီနည်းကို သုံးနိုင်ပါတယ်။ ခဏတာ တစ်ရေး အိပ်ခြင်းဟာ စွမ်းအင် ရရှိစေတာ အမှန်ပါပဲ ။

(10) ဖုန်းပိတ်ပါ အိပ်ခါနီး ဖုန်းသုံးခြင်းဟာ အိပ်စက်ခြင်းကို နှောက်ယှက်တာကြောင့် နောက်တစ်နေ့ အလုပ်မှာ အားကုန်စေပါတယ်။ ညအိပ်ခါနီး ဖုန်းပိတ်ပြီး စာအုပ်ဖတ်တာ ၊ တရားထိုင်တာတို့ ပြုလုပ် သင့် ပါတယ်။


Crd ; Dr Jue (Daily Hot News)

No comments:

Post a Comment