Sunday, March 11, 2018

စွန့်စားမှုဆိုတဲ့ RISK



 
Risk ဆိုတဲ့ စွန့်စားမှုကို ဘယ်လိုမြင်လဲလို့မေးရင်....
" များများစွန့်စားရင် အကျိုးများများရပြီး
နည်းနည်းပဲစွန့်စားရင် အကျိုးနည်းနည်းပဲရတာပေါ့ "
..... ဖြေသူများတတ်ကြတယ် ။
 
ဘမောင် အယူအဆနဲ့ဆို အတော်ကွာသွားပါတယ် ။
" များများသိရင် နည်းနည်းပဲစွန့်စားရပြီး
နည်းနည်းပဲသိရင်တော့ စွန့်စားမှုကြီးတယ် "
စွန့်စားမှုဟာ သိခြင်း (ပညာ၊အတွေ့အကြုံ) နဲ့
ပြောင်းပြန်အချိုးကျတဲ့အရာပါ။
 
ဥပမာ....
စီးပွားရေးအကြောင်း တကယ်သိသူက စွန့်စားမှုနည်းပြီး
စီးပွားအကြောင်းတကယ်မသိသူက စွန့်စားမှုကြီးလှတယ်၊
နိုင်ငံရေးမှာလည်း ထို့အတူဖြစ်ပြီး စီမံခန့်ခွဲရေးမှာလဲ အလားတူပဲ၊
လူတွေဘာကြောင့်အောင်မြင်ကြသလဲ ?
မအောင်မြင်ကြသလဲ ? 
...... ဆိုတဲ့ ဖြတ်သန်းမှုနောက်ခံကိုကြည့်ရင် တွေ့ရပါလိမ့်မယ် ။
 
ဦးသန်းရွှေ အနေနဲ့ နိုင်ငံတစ်ကာဖိအားတွေကို
ရင်ဆိုင်ပြီး ၊ အရေးယူပိတ်ဆို့မှုတွေကြားက
မြန်မာနိုင်ငံကို ဘာကြောင့်အနှစ် (၂၀) လောက်
ထိမ်းသိမ်းပြီး ဦးဆောင်သွားနှိုင်သလဲဆိုတာ
" ကောင်းစွာသိခြင်း" ကြောင့်ဆိုတာတွေ့ရလိမ့်မယ် ။
 
ပါဝါသဘောသိခြင်း ၊
နိုင်ငံရေးသဘောသိခြင်း ၊
နိုင်ငံတစ်ကာကိုသိခြင်း ၊
အတိုက်အခံကိုကောင်းစွာသိခြင်း ၊
စီမံခန့်ခွဲမှုသဘောသိခြင်း ၊
အချိန်နဲ့ Timing ကိုသိခြင်း ၊
..... စတာတွေအပြင်
အနာဂါတ်ကိုပါ ကြိုတင်မြင်နိုင်တဲ့ အရည်အချင်းတွေကြောင့်ပဲ ။
 

ဒါကြောင့် ဘရွှေ မှာစွန့်စားမှုသိပ်မရှိလှပဲ
တည်တည်ငြိမ်ငြိမ်နဲ့ ဦးသိန်းစိန်ကိုလွှဲပေးသွားနှိုင်ခဲ့တယ် ။
 
အခု အစိုးရအနေနဲ့ရော ?
ဘမောင်အမြင်နဲ့ပြောရရင်.... စွန့်စားမှု သိပ်ကြီးတယ်လို့မြင်တယ် ။
Positioning, placing စချကထဲက ခန့်မှန်းလို့ရနေတယ် ။
 
တစ်ကယ်ဆိုရင်.....
ကိုယ့်လူ သုံးပုံတစ်ပုံ၊ တပ်နဲ့ ပြည်ခိုင်ဖြိုး သုံးပုံတစ်ပုံစီပေးပြီး
သူတို့ရှာတဲ့ Credit ကိုဒေါ်စုအနေနဲ့ ထိုင်ယူလိုက်ရမှာ၊
ကိုယ့်လူတွေရဲ့ ပရောဖက်ရှင်နယ်ကိုမသိစရာမှမရှိတာရယ် ။
 
အခုတော့....,
ကိုယ့်လူတွေ အမှတ်နှုတ်သမျှထိုင်ခံနေရတဲ့ဘဝ၊
Image က မှန်းထားတာထက် အများကြီးပိုကျသွားတယ်၊
မဟာဗျူဟာ အမြင်အားနဲခဲ့လို့ပဲ ။
 
" တာ " စထွက်ခဲ့ကတည်းက ဝေဖန်မှုတွေအများကြီးနဲ့ဆိုတော့
Strong government အဖြစ်မပြနှိုင်တော့သလို
Good governance နဲ့လဲ အတော်ဝေးသွားခဲ့တယ် ။
 
FDI လိုချင်ပေမဲ့ မှန်းသလိုမဖြစ်လာခဲ့ဘူး၊
ဘာကြောင့်လဲဆိုတာ Review မလုပ်နှိုင်တဲ့အပြင်
ပြောတာဆိုတာ၊ လုပ်တာကိုင်တာတွေကလဲ ဝေးနေသေးတယ် ။
 
အားလုံးရဲ့ရလဒ်ဟာ .... မသိခြင်းစခဲ့တာပဲ
အသိအလွန်နည်းတော့ စွန့်စားမှုအလွန်ကြီးတော့တာပေါ့၊
နောက်တစ်ခု စွန့်စားမှုကိုထောက်ပြဦးမယ် ။

(၁၂) သန်းထောက်ခံပါတယ်ဆိုတဲ့ကိစ္စ ၊
၂၀၁၇-ကြားဖြတ်က အဖြေပေးထားခဲ့ပြီးပြီ ။
အခု အခြေအနေမှာ အများကြီး ပိုဆိုးသွားတယ် ။
 
၁၂-သန်းမှာ ဆိုးရော့စ်ကြောင့်ပါသွားတဲ့သူတွေအများကြီးပဲ
အပြည့်မဟုတ်ဘူး၊
ဆိုးရောစ် ကိုယ်တိုင်က Mission accomplished လို့ပြောသွားတယ်နော် ။
 
အခု.... ဝမ်းဗိုက်ကို ထိလာလို့ အော်လာကြတဲ့အသံတွေမနည်းမနောပဲ၊
ဘမောင်တို့တုန်းက နေပြည်တော်မှာမနေပဲ ရန်ကုန်မှာနေ၊ အောက်ခြေနဲ့ထိတွေ့ပြီး ပြင်ခဲ့ရတာတွေအများကြီး။
စာရွက်ပေါ်မှာဆိုရင် စာရွက်အသိထက်မပိုပါဘူး၊
 
...................
 
Risk အကြောင်းဆက်ပြောရရင်......
အတော်များများက Calculated risk လောက်ကိုပဲ
မျက်စောင်းထိုးလေ့ရှိကြတယ် ။
အစဉ်အလာဆိုတော့လဲ အပြစ်လဲ မပြောသင့်ပါဘူး ။
 
ပိုပြီး ကျယ်ကျယ်စဉ်းစားရင်....
Predictable risk ဖြစ်မှသာ Calculation လုပ်လို့ရတာ
ဒါတောင်မှ unforeseen တွေကျန်သေးတယ် ။
 
အခု မြင်နေရတာက စ" တည် " လိုက်ထဲက အကြီးကြီးမှားထားခဲ့တော့
Unpredictable risk ဖြစ်သွားတယ် ။
 
အဲ့ဒီ ခန့်မှန်းမရတဲ့ စွန့်စားမှုမျိုးဟာ အန္တရာယ်သိပ်ကြီးလှတယ် လို့ပဲမြင် တယ်၊ အဲ့ဒီအန္တရာယ်မျိုးက ပါတီကိုတင်၊ အစိုးရက်ုတင်မကဘူး တိုင်းပြည်ကိုလဲ ထိခိုက်စေနှိုင်တယ်လို့များ မြင်သူရှိကြရင်
သိပ်ကောင်းမှာပဲလို့ပဲ စဉ်းစားရင်း....
 
ကိုယ့် တံတွေးကို ကိုယ်ပဲ " ဂလု " ဆိုပြီးမြိုချလိုက်ရပါတော့တယ်။
 
 
Nay Zin Latt

 

No comments:

Post a Comment