Friday, March 31, 2017

လော့ အိန်ဂျလိစ် မြို့မှ လူသား နှင့် UFO စစ်ပွဲ



25 February 1942 တွင် လော့အိန်ဂျလိစ် ဖြစ်ပွား ခဲ့သော လူသားနှင့် UFO စစ်ပွဲ သတင်း သည် MSNBC သတ င်းဌာန မှ 65 နှစ်မြောက် လော့အိန်ဂျလိစ် UFOs တိုက်ပွဲ အကြောင်းပြန်လည် ထုတ်လွင့်ခဲ့ရာမှ ယနေ့ခေတ် မှာပြန် လည်ရေပန်း စားလာခဲ့သည်။ (အောက်ဆုံးတွင် ဗီဒီယို တွဲတင်ပေးထားပါသည် )

အမေရိကန် တို့ ပုလဲ ဆိပ်ကမ်း ကို ဂျပန်မှ 7th Dec 1941 တွင် ဗုံးကြဲပြီးနောက် အမေရိကန် တို့ သည် လေကြောင်း ရန်ကို အထူး အလေး ပေး ထောက်လှမ်း နေသည့် ကာလ ဖြစ်ပြီး အချိန်ကား 1942 February 24 ရက် ညည့်နက် ပိုင်းတွင် လော့အိန်ဂျလိစ် မြို့ပေါ်၌ မသင်္ကာဖွယ်ရာလေကြောင်း ကျူးကျော် မှု တစ်ခုကို လေကြောင်းဆိုင်ရာ ထောက်လှ မ်းရေး စက်မှ ဖမ်းမိခဲ့သည်။

လေကြောင်း ဆိုင်ရာ ကျူးကျော်မှု အချက်ပေးသံ ထွက်ပေါ်လာပြီးနောက် မြေပြင် မှ ဝေဟင် ကာကွယ်ရေး တပ်များသည် ပြည်သူ လူထုကို အတက်နိုင်ဆုံးဘေးကင်း ရာသို့ အချိန်တို အတွင်း နေရာချထားပေးပြီး ဝေဟင် ပစ်မှတ် ကိုမြေပြင် မှ အားကောင်းသော မီးဆလိုက် များဖြင့် အဖက်ဖက် မှ ချိန်ရွယ် ကာ ပြစ်မှတ် ကို အတည်ပြုပြီး နောက် (anti-aircraft artillery) လေယာဉ်ပြစ် အမြောက် များဖြင့် စတင်ပြစ်ခတ် တိုက်ခိုက် နေသော်လည်း။

၎င်းယာဉ် ပျံ သည် ကမ္ဘာမြေ မှ မဟုတ် သော ယာဉ်ပျံ ဖြစ်သည်ကို လူ အနည်းငယ်သာ သိရှိပါသည်။ ဝေဟင်ပစ် အမြှောက် များဖြင့် ထို ယာဉ်ပျံ ကို 3:16 A.M – 4:14 AM 25Th Feb 1942 အဆက် မပြတ် ပစ်ခတ် နေသော် လည်း အချည်း အနှီးပင် ဖြစ်ကာ မြေပြင် ပေါ်သို့ ပြစ်ချ နိုင်ခြင်း မရှိသလို အမည် မသိ ယာဉ်ပျံ UFO ကလည်း မြေပြင် သို့ ပြန်လည် ပြစ်ခတ် ခြင်း မရှိခဲ့ပေ။

ထိုပစ်ခတ်မှု ကို မျက်မြင် သက်သေ လူ တစ်သိန်း ကျော် ရှိခဲ့သည်။ တိုက်ပွဲ အပြီးတွင် အမြောက်ကျည် ဆံချော် ထိ မှုေ ကြာင့် ပြည်သူ ၅ ဦးသေဆုံးပြီး ကြောက်လန့်တစ်ကြား မော်တော် ယာဉ်မောင်း နှင် ထွက်ပြေး မှုကြောင့် လူ ၃ ဦး ယာ ဉ် မတော် တဆ မှုဖြစ်ကာ လူ တစ်ဦးသည် နှလုံး ရောဂါ ဖေါက်ပြီး သေဆုံးခဲ့သည်။



26Th Feb 1942 တွင် UFO နှင့် လူသား တိုက်ပွဲ ပစ်ခတ်မှုကို LA Times သတင်းစာ ပထမ စာမျက်နှာ ၌ ဖေါ်ပြ ချ က်မှာ နေရာ အနှံမှ ဒါဇင်ပေါင်း များစွာ သော (Search lights) မီးမောင်း များဖြင့် ပစ်မှတ်ကို ဝိုင်း ထိုးပြီး ၄င်းယာဉ်ပျံ ကိုပစ်ချ နေသည်ကို လူ အယောက် တစ်သိန်းလောက်မြင်သည် ဟု ဆိုထားပါသည်။

သို့သော် သတင်း ဌာန တစ်ချို့ မှာ ဖေါ်ပြ ထားတာကတော့ လေကြောင်း ရန် အချက်ပြမှု မှား ယွင်း ပြီး ပစ်ခတ်ခြငိး ဖြစ်သည်ဟု ဖေါ်ပြထားသည်။ UFOs Bettle of LA 65 anniversary ဖြင့် You tube တွင်လည်း ရှာဖွေကြည့်ရှုနိုင်သည်။






Ref links http://www.realufos.net/2010_07_18_archive.html?m=1
Credit: သံဇဉ် မိုးဇတ် (MyMedia)


No comments:

Post a Comment