Wednesday, March 8, 2017

ကွန်ကရစ်လောင်းရာမှာ အခြေခံ (၁၂)ချက်



ကွန်ကရစ်လောင်းရာမှာ အခြေခံ (၁၂) ချက်သာ သိထားပါက Projects ကြီးတွေကိုပါ ဆောင်ရွက်နိုင်မှာပါတဲ့ ။
ကွန်ကရစ် သွန်းလောင်းခြင်း၏ အခြေခံ သဘောတရား ၁၂-ချက်ကို၊ လေ့လာထားပါက concrete projects ကြီး ကိုလည်း မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ 

အဆိုပါ အခြေံသဘောတရား ၁၂ - ချက်မှာ

1. Site clearing
2. Subbase and subgrade preparation
3. Formwork preparation
4. Rebar installation
5. Concrete mixing
6. Concrete puring
7. Screeding the top of the concrete
8. Trowelling
9. Control joint
10. Creating the traction
11. Curing and sealing the concrete, and
12. Maintaining တို့၊ ဖြစ်ကြပါသည်။
1. သန့်ရှင်းရေးဆိုသည်မှာ_
မြေကြီးပေါ်မှာ လမ်းခင်း သကဲ့သို့ ကွန်ကရစ်လောင်းသည် ဆိုစေအုန်းတော့၊ Grass -မြက်၊ rocks - ကျောက်၊ trees - သစ်ပင်၊ shrub - ခြုံနွယ်၊ old concrete - ကွန်ကရစ်ဂျိုး အစရှိသည်တို့ကို၊ မြေကောင်းပေါ်လာ သည်အထိ တူးဖော်ဖယ်ရှားပြစ်ရပါမည်။ 

လမ်းခင်းတဲ့ သူငယ်ချင်းများ သတိပြုပါ။ အောက်မှာ soft pit တွေရှိ နေရင် ပြု ပြင်ပြီးမှ ကွန်ကရစ်လောင်းပါ။ အထပ်သားနဲ့ formwork ရိုက်ထားတဲ့ ကြမ်းခင်း slab လောင်း တယ် ဆိုရင်လည်း ဆေးလိပ်တိုတွေ၊ ကွမ်းတံတွေးတွေ၊ သစ်တို သစ်စတွေ၊ binding wire စတွေ၊ ချေ စာမှုန့် တွေ၊ ရှိနေတတ်ပါတယ်။ formwork ပေါ်မှာ ဘယ်သော အခါမှ ထမင်း မစားရပါဘူး။
2. Prepare your subbase - အောက်ခံကို၊ ပြု ပြင်ပါ။

2.1 what is subbase?
လမ်းခင်းသောအခါ၊ အောက်ခံ အခင်းကို၊ subbase ဟု၊ ခေါ်ပါသည်။ subbase ခင်းရခြင်း၏၊ အကြောင်း ရင်းမှာ၊ concrete rest လုပ်ဖို့ဖြစ်ပါသည်။ များသောအားဖြင့် granular - ကျောက်စေ့၊ ဂဝံစေ့ များကို၊ subbase အဖြစ်ခင်းကြိတ် အသုံးပြု ပါသည်။(တစ်ခါ တစ်ရံတွင်၊ မိမိ ကွန်ကရစ်ခင်းမည့်မြေသည် compacted and stable - သိပ်သည်း ကျစ်လစ် တည်ငြိမ်သည့် မြေ အမျိုးအစားဖြစ်နေပါက အဆိုပါမြေ သည် subbase ပင် ဖြစ်ပါသည်။
2.2 what is subgrade?
Subbase အောက်က မြေကြီးကို၊ subgrade ဟု၊ ခေါ်ပါသည်။ မြေကြီးပေါ်က၊ ကွန်ကရစ်သည်၊ သို့မဟုတ် ကွန်ကရစ်လမ်းသည်၊ အဆိုပါမြေကြီး ဆိုသော subgrade ကောင်းရင် ကောင်းသလောက်၊ ပျက်စီး ချို့ယွင်း ခြင်းမရှိပေ။ (ကဲ ဒါဆိုရင် သူငယ်ချင်းတို့ရေ - အထပ်မြင့်ကြမ်းခင်း ကွန်ကရစ်လောင်းတာဆိုရင် slab formwork က၊ subbase ပေါ့ဗျာ။ formwork supported prop က subgrade ပေါ့။)

အကယ်၍ subgrade သည်၊ shifts - ရွေ့နေမည်၊ craters - ကျင်းဖြစ်နေမည်၊ moves - လှုပ်ရှား နေမည်ဆို ပါလျင်၊ သွန်းလောင်းလိုက်တဲ့ ကွန်ကရစ်သည်လည်း၊ subgrade ဖြစ်နေသကဲ့သို့၊ လိုက်ဖြစ်နေပါမည်။ ရွေ့ မည်၊ ကျင်းဖြစ်မည်၊ လှုပ်ရှားနေပါမည်။ (သူငယ်ချင်းတို့ ကွန်ကရစ်လမ်းတွေ ခုံးနေတာ ခွက်နေတာ ကျင်း တွေ ဂျိုင့်တွေ ဖြစ်နေတာ မြင်ဘူးကြပါတယ်နော။ လူတွေက ကွန်ကရစ်လမ်း ပျက်တာကိုဘဲ မြင်ကြတာပါ။ အောက်ကမြေ သားကောင်းအောင် လုပ်ဖို့ကြတော့၊ ခြလည်းစား ငါလည်း ဝါး ကိုးဗျ။)

ထို့ကြောင့် subbase မခင်းမှီ subgrade ကို၊ ငြိမ်နေအောင်၊ သိပ်သည်း ကျစ်လစ်နေအောင် သေသေချာချာ ပြု လုပ်ဘို့ လိုပါတယ်။ ဘယ်လို လုပ်ရမတုန်း ဆိုတော့၊ မြေကြီးကို၊ CBR 5 ရအောင်၊ ကြိတ်ရပါ့မယ်၊ မြေ ကြီး ကို CBR 5 ရအောင် ကြိတ်ဘို့ အခက်အခဲ ရှိတယ် ဆိုရင်တော့၊ open-grade stone (သို့မဟုတ်) closed-grade / fine-grade stone ကို၊ အသုံးပြု ပြီးတော့ subgrade တည်ဆောက်ရပါမည်။

6" × 9" အစွယ် ကျောက်ကြီး များဖြင့် Open-grade stone ခင်းမည် ဆိုလျင်၊ ကျောက်တုန်းတွေ အကြားကနေ ရေ အလွယ်တစ်ကူ စီးထွက် သွား စေနိုင်ပါသည်။ သို့သော်လည်း 2"×4" အရွယ် Finer-grade stone သုံးတာလောက်တော့ compaction မကောင်းပါဘူး။ fine grade stone က၊ ဈေးတော့ ပိုကြီးပါ တယ်။ 
2.3 how to lay subbase
Subgrade ပြီးတဲ့အခါ subbase ခင်းရပါ့မယ်။ အဆောက်အဦ မှာ အသုံးပြုတည်ဆောက်သော subbase ဆိုသည်မှာ အားလုံး သိထားသည့် hard-core ရိုက်တာဖြစ်ပါသည်။ hardcore ကို အနည်းဆုံး 4" ကနေ၊ အများဆုံး 8" အထိ၊ ခင်းကြပါသည်။ ခင်းပြီးတဲ့ အခါ hand tamper ဖြင့်ဖြစ်စေ၊ plate compactor ဖြင့် ဖြစ်စေ၊ သိပ်သည်းအောင် ဆောင်ရွက်ရပါသည်။ Plate compactors အပေါ်ယံမြေသားကိုသာ သိပ်သည်း ကျစ်လစ်မာကြောစေတတ်သောကြောင့်၊ လိုအပ်ပါက ပိုမိုကြီးမားသော စက်ကရိယာများကို အသုံးပြုဘို့ လိုပါ သည်။
3. Prepare a form - ပုံစံခွက်၊ ပြုလုပ် တပ်ဆင်ခြင်း။
A well-built form - ကောင်းစွာ တည်ဆောက်ထားသော၊ ပုံစံခွက်သည်၊ (ပုံစံခွက်ကောင်း တစ်ခုသည်) concrete အသားကောင်းကောင်းကို၊ ရရှိစေပါသည်။ ပုံစံခွက်ကောင်းတစ်ခုသည်၊ အတိုင်းအထွာ-ထောင့် (ထောင့်ကျဉ်း ထောင်ကျယ်၊ ထောင့်မှန်) မှန်ကန် ရမည် ဖြစ်သကဲ့သို့၊ အနိမ့်အမြင့် level လည်း၊ မှန်ကန်ဘို့ လိုအပ်ပါသည်။ 

အတိုင်းအတာ မှန်ကန်အောင် မှန်ကန်သော ပေကြိုးကိုလည်းကောင်း ၊ ထောင့်ကျဉ်းထောင့် ကျယ် မဖြစ်ရလေအောင် diagonal method ကိုလည်းကောင်း၊ အနိမ့်အမြင့် မှန်ကန်အောင် ပေကြိုး ကိုလည်း ကောင်း အတိမ်း အစောင်းမဖြစ်အောင် ချိန်သီး ရေချိန်ပိုက် ပန်းရံရေချိန် တို့ကိုလည်းကောင်း၊ အသုံးပြုရမည် ဖြစ်ပါ သည်။ လူတွေဟာ အသက်ရှူနေကြသည့် အတွက်၊ တစ်မတ် တစ်မူး 14/" - 1/8" မှားယွင်းမှု ကိုတော့ ခွင့်ပြုရ မည်သာ ဖြစ်ပါသည်။



4. Rebar
Consider adding wire mesh or rebar to your form (optional).
မိမိ သွန်းလောင်သော၊ ကွန်ကရစ် သည်၊ ကားလမ်း ကဲ့သို့၊ heavy load-bearing structure ဖြစ်ပါ က၊ သွန်လောင်းမည့် ကွန်ကရစ်ထဲတွင်၊ rebar ထည့်မည်၊ သို့မဟုတ်၊ wire mesh ထည့်မည် ဆိုသည်ကို၊ စဉ်းစား ဆုံးဖြတ်ရပါမည်။ 

အလေး ဝန်ချိန် များပြားစွာ ထမ်းဆောင်ရန် မလိုအပ်သော ကွန်ကရစ် သွန်းလောင်းမည် ဆိုပါက mesh ဖြစ်စေ rebar ဖြစ်စေ၊ ထည့်ရန် မလိုပါ။ သို့ပါသော်လည်း mesh ကိုဖြစ်စေ rebar ကိုဖြစ်စေ၊ အသုံးပြုမည်ဆိုပါက၊ မည်သည့် အတွက်ကြောင့် အသုံးပြု ရသည်။ ဘယ်လိုကောင်းကျိုးများရှိသည်၊ ဘယ်လို ဆိုးကျိုးများရှိသည်၊ တို့ကို နားလည် သဘောပေါက်ထားဘို့ လိုအပ်ပါသည်။

Wire mesh သည်၊ ဝရိန် တို့ထားသောကြောင့် ပိုပြီး တည်ငြိမ်ပါသည်၊ အက်ကြောင်းငယ်များ၊ မဖြစ်ပေါ်အောင် ကာကွယ်ပေးသည်။ ဖြစ်ပေါ်လာသော အက်ကြောင်းများ ကိုလည်း တိုးပွား မလာအောင် ထိန်းသိမ်းစောင့် ရှောက်ပေးပါသည်။ သို့ပါသော်လည်း ကြံ့ခိုင်သည့် structural တစ်ခု၊ တည်ဆောက်ဘို့တော့၊ လုံလောက်သော စွမ်းအား၊ မရှိပါ။

Rebar ကတော့၊ load များများကို ထမ်းနိုင်သော structure ရအောင် တည်ဆောက်နိုင်ပါသည်။ သို့သော် ဖြစ်ပေါ်လာသော အက်ကြောင်းများကို သေးငယ် သွားအောင်တော့ rebar က၊ မစွမ်းဆောင်နိုင်ပါ။

5. Mix your concrete - ကွန်ကရစ်ဖျော်စပ်ခြင်း။
ကွန်ကရစ် ဆိုသည်မှာ၊ အားလုံး သိကြသည့်အတိုင်း၊ Portland cement - ဘိလပ်မြေ၊ sand - သဲနှင့်၊ coarse aggregate ကျောက်စရစ် သို့မဟုတ် chipping ကျောက် တို့ကို၊ 1:2:4,   1:3:6    စသဖြင့်၊ အချိုး    ကျ ပေါင်းစပ်ရောနှော ပြီး၊ ထိုသို့ ရောစပ်မွှေသမ ထားသော အခြောက်စပ်ကို တစ်ခုနှင့် တစ်ခု တွဲကပ်သွားစေရန် ရေရော ထားသော အရောအနှော ဖြစ်ပါသည်။

 ရေကို သတ်မှတ်ထားသော အတိုင်အတာ အထိသာ ထည့်သွင်းရောစပ် ရပါ သည်။ ရေများလျင် လုပ်ရကိုင်ရ လွယ်ကူ သွားသော်လည်း ကွန်ကရစ် စွမ်းအားကို ကျ ဆင်းစေပါသည်။ ရေ နဲနဲ ဖြင့်ရောစပ်ထားသော ကွန် ကရစ်သည် ကွဲအက်မှုကို ပိုမိုခံနိုင်ပါသည်။ စက်ဖြင့်ဖျော်စပ်သည့်ဖြစ်စေ၊ လက်ဖြင့် ရောစပ်သည်ဖြစ်စေ၊ ပါဝင် ပစ္စည်း များ တစ်သမတ်တည်း ဖြစ်လာသည် အထိ မွှေဘို့ လိုပါသည်။

လက်ဖြင့်ရောစပ်သည့်အခါ သဲနှင့် ဘိလပ်မြေ ကို ဦးစွာ သမအောင် ရောစပ် ရပါမည်။ ထို့နောက် ကျောက်ထည့် ပြီး ဒုတိယ အကြိမ် သမအောင် ရောစပ်ရပါမည်။ ထို့နောက် ရောစပ် ထားသည့် အပုံ ကို ပြားပြီး၊ ရေ ပန်းခရား ဖြင့် ရေ ကို ထည့်ရပါ့မည်။ ထို့နောက် သမအောင် ပြုလုပ်ရပါမည်။

စက်ဖြင့်ရောစပ်သည့်အခါ စက်ကို လည်ထားပြီး ရေ ကို အနည်းငယ်လျော့ပြီး ဦးစွာ ထည့်ရပါသည်။ ထို့နောက် ကျောက် ထည့်ရပါ သည်၊ ထို့နောက် သဲ ထည့်ရပါသည်။ ၄င်းတို့ သမ သွားသောအခါ ဘိလပ်မြေ ထည့်ရပါသည်။ ထို့နောက် ကွန်ကရစ် တစ်သားထဲဖြစ်သွားသည်အထိ ရေ ကို ချိန်ညှိထည့်ပေးရပါသည်။
6. ကွန်ကရစ်သွန်းလောင်းခြင်း။
ကွန်ကရစ်လောင်းတဲ့အခါ.....  ရွက်လုံး နဲ့လည်း ငဲ့ချ လိုက်တတ်ပါတယ်။
Bucket နဲ့လည်း မယူလာပြီး ဖွင့်ချလိုက်တတ်ပါတယ်။
Truck မှာ ပါတဲ့ လျောဇလားနဲ့လည်း လျောကျ လာတတ်ပါတယ်။
Stationary pump နဲ့လည်း "ဝူး" ကနဲ မှုတ်ပြီး လာတတ်ပါတယ်။
Boom pump နဲ့လည်း "ဝူး" ကနဲ မှုတ်ပြီး လာတတ်ကြတယ်။ 

ဘာနဲ့ဘဲ လာလာ၊ ကွန်ကရစ်ပုံဖြစ်လာရင်တော့၊ ပေါက်တူးနဲ့ ဆွဲရင် လဘာချာပါဘဲ။ ဒီတော့ မြန်-ကောင်း-သက်သာ ဖြစ်ရလေအောင်၊ shovels - ဂေါ်ချွန်၊ rakes - အသွားပါသော ဆွဲဂျုတ်၊ "come alongs," တံချူ တို့နဲ့ ဆွဲဖြန့် ရပါမယ်။ တံချူ  ဆိုတာ spreader ပါဘဲ။ အကြမ်း အားဖြင့် ညီသွားပြီ ဆိုပါလျင် စီးကမ်းနည်း လမ်း အတိုင်း vibrator မရပါ့မယ်၊
7. Screed the top of the concrete.
Screed လုပ်သည် ဆိုသည်မှာ၊ ပါရာတုန်း ကလေးတွေပေးပြီးမှ နံရံ မှာ ပလာစတာ ကပ်ပြီး ချောခြင်း၊ topping လောင်းခြင်း တို့ကို၊ အင်ဂျင်နီယာ အားလုံး သိကြပါသည်။ ထို့အပြင် သစ်သားချောင်း ဘေး၂ဖက် ခံပြီး အလယ် ကွန်ကရစ်ကို ပတ်တန်းဖြင့် ရိုက်တာလည်း အားလုံးသိကြပါသည်။ 

သစ်သားချောင်း အစား aluminium square pipe တွေ၊ hollow pipe တွေကိုလည်း၊ အသုံးပြုနိုင်ပါသည်။ အင်ဂျင်နီယာများသည် ဤ ပါရာတုန်း များ၊ ပတ်တန်း များကို စိတ်ဝင်စားရင် စိတ်ဝင်စား သလို၊ အလုပ် သမား များကလည်း ကျွမ်းကျင်လျင် ကျွမ်းကျင် သလို ကွန်ကရစ်ကြမ်းသည် စံချိန် စံညွန်းပြည့်မှီပြီး လက်ရာကောင်းကို ရရှိနိုင်သည့် အပြင် ကုန်ကျစရိတ်ကို လည်း များစွာလျော့ချနိုင်ပါသည်။
8. လက်ပွတ် နဲ့ ဖိသိပ်ချောပါ။
အဲဒီနောက် cover guide rail ကို၊ အမှီပြု ပြီးတော့၊ မျ ဉ်းတန် နဲ့ ရိုက်တုန်း နဲ့ ရိုက်ညှိ ဆွဲရပါတယ်။ ဒီအခါ level တစ်ကျ ၊ compacted ကြမ်းချော ရပါတယ်။ အဲဒီ level တစ်ကျ ကြမ်းချောကို ချောညက် သွားအောင်ရယ် compaction ထပ်ရအောင်ရယ် တို့အတွက် လက်ပွတ် နဲ့ ဖိသိပ် ဆွဲဖွတ် လုပ်ရပါ့မယ်။ ဒီအခြေအနေဟာ လက်ဝင် တတ်တဲ့အတွက် ကွန်ကရစ် မအိပ်ခင် ပြီးအောင် လုပ်ဖို့ သွက်သွက် လုပ်ဖို့ လိုပါတယ်။

Floating process - လက်ပွတ် နဲ့ လုပ်ငန်းဆောင်ရွက်တဲ့ အခါ လုပ်ငန်းစဉ် ၂ - မျိုး ရှိပါတယ်။ ပထမ တစ်ခုက တော့ bull float လို့ခေါ်တဲ့ လက်ပွတ်ကြီးနဲ့ ပွတ်တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက် ကတော့ course aggregate များကို အောက်သို့ရောက်သွားအောင် ရိုက်ချ လိုက်ပြီး အပေါ်ကို အနှစ် တက်လာအောင် ဖြစ်ပါတယ်။ bull float ကို ဆွဲတဲ့ အခါ မိမိဘက်ကို ကြွစေပြီး၊ တွန်းတဲ့အခါ ရှေ့ဘက်ကို ကြွစေရပါတယ်။

 magnesium hand float သည်၊ လုပ်ရကိုင်ရ အဆင်ပြေပါတယ်။ အဲဒီလို bull float ကြီးနဲ့ ချောညှိပြီး တဲ့နောက်၊ water bleeding ဖြစ်လာတဲ့ အခါ၊ hand float - နဲ့ တံမျက်စီး လှဲသလို လှဲပြီးတော့ ထွက်လာတဲ့ ရေတွေကို လိုချင်တဲ့နေရာရောက် အောင် ပွတ် ရမည် ဖြစ်ပါတယ်။
9. Make control joints
Rebar မပါသော၊ ကွန်ကရစ်ကြမ်းခင်းများ ခင်းတဲ့အခါ၊ ကွဲတတ်သောကြောင့် groover ဖြင့် ၅ပေ လောက် ၆ပေ လောက် ကွန်ကရစ် အထူအပါးပေါ် မူတည်ပြီး ခြားခြားပြီး ဖြတ်ပေးရပါမယ်။ ကွန်ကရစ်လမ်းတွေကတော့ အထူ ၈-လက်မလောက် ရှိသည့် အတွက် ၂၅ - ပေလျင် contraction joint တစ်ခုစီနဲ့၊ ပေ ၁၀၀ - လျင် expension joint တစ်ခုစီ ထည့်ကြပါတယ်။ 

groover နဲ့ ခွဲတဲ့အခါ ညီညီ ညာညာ ကြည့်ကောင်းအောင်၊ သစ်ဖြင့်ဖြစ်စေ၊ အလျူ မီနီယံ နဲ့ဖြစ်စေ ပြုလုပ်ထားသော straight edge နဲ့ ဖိပြီးမှ ခွဲရပါ့မယ်။ ကွန်ကရစ်ထု ရဲ့ ၄ပုံ ၁ပုံ နက်အောင် ခွဲပေးရမှာဖြစ်ပြီး အပူအအေးပြောင်းလဲလို့ ကွန်ကရစ် ကွဲတဲ့အခါ အဲဒီနေရာက ကွဲအောင် စီမံထားတဲ့ အတွက် control joint လို့ခေါ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ contraction joint ဆိုတာ၊ အေးရင် ကွဲဘို့ဖြစ်ပြီး၊ expension joint ဆိုတာ ပူရင် စန့်ဘို့ ဖြစ်ပါတယ်။
10. Create traction -
တံမျက်စီး တစ်ချောင်းဖြင့်၊ ကွန်ကရစ် မျက်နှာပြင်တွင်၊ မိမိနှစ်သက်ရာ ဒီဇိုင်း အမျိုးမျိုးပေါ်လာအောင်၊ ပုံဖော် လှည်းကျင်းနိုင်ပါသည်။ ထိုသို့ လှည်းကျင်း ပုံဖော်ထားခြင်းဖြင့် မိုးရာသီတွင် ကွန်ကရစ်ကြမ်းခင်းများ ရေ စိုသော အခါ ခြေချော်ခြင်း မဖြစ်နိုင်တော့ပါ။ နဲနဲသာ ကြမ်တမ်းသော မျက်နှာပြင်ကို အလိုရှိပါက soft brush - ဘရပ်ပြော့ပြော့လေးကို အသုံးပြုနိုင်ပါသည်။ 

မျက်နှာပြင်ချောချောကို အလိုရှိပါက သံ လက်ပွတ်ဖြင့် ဝိုက်ပြီး တော့၊ ပွတ်ပေးနိုင်ပါသည်။ မျက်နှာပြင် မှာ ရေ တင်နေလို့ groove - ဂျိုင့်မြောင်း ကလေးများ ဆွဲမည် ဆိုပါက၊ သိပ်အနက်ကြီး မဆွဲရပါဘူး။ တံမျက်လှဲတဲ့အခါ ကျောက်စရစ်ခဲတွေ ပါမလာအောင် အချိန်မစောင့်ဘဲ လောပြီး တော့ တံမျက် မလှဲသင့်ပါဘူး။ အဲဒီလို ကျောက်စရစ်ခဲတွေ ပါလာမယ်ဆိုရင် magnesium floater - လက်ပွတ် နဲ့ ပြန်ချောပြီးမှ အချိန် နဲနဲ ထပ်စောင့်ပြီး တံမျက်လှဲ ပုံဖော်ရပါမယ်။
11. Cure and seal the concrete.
curing အမျိုးမျိုး ရှိသည့်အနက်၊ ရေလောင်းပြီး curing ပြုလုပ်မည် ဆိုပါက၊ ကွန်ကရစ် သွန်းလောင်းပြီးနောက် ၂၈ - ရက် အထိ၊ ပြုလုပ်သင့်ပါသည်။ သို့ပါသော်လည်း ၇ - ရက်တောင် အနိုင်နိုင် ရေလောင်းပြီး curing ပြု လုပ်ကြပါသည်။ မည်သို့ပင် ဆိုစေကာမူ ကွန်ကရစ်လောင်းပြီးပြီးခြင်း မည့်သည့် အချိန်တွင်၊ ဦးစွာ curing ပြု လုပ်မည်ဟု ဆုံးဖြတ်ခြင်းသည် အရေးကြီးပါသည်။ 

ပညာရှင်ပီပီ ဆောင်ရွက်ခွင့် ရသော လုပ်ငန်းများတွင်၊ အထဲကရေ ကလည်း အပြင်ထွက် မသွားစေသော အပြင်ကရေက လည်း အထဲ ဝင်မလာစေနိုင်သော၊ sealing - ခေါ်၊ ရေလုံစေတတ်သော၊ အတားအဆီးကို၊ ကွန်ကရစ် သွန်းလောင်းပြီးလျင်ပြီးခြင်း၊ ဆောလျင်စွာဆောင် ရွက်သင့်ပါသည်။
12. Maintain your concrete.
လောင်းထားသော ကွန်ကရစ်သည်၊ ကောင်းမွန်နေပါသည် ဆိုသော်ငြားလည်း၊ ပြု ပြင် ထိန်းသိမ်းဘို့ လို အပ် ပါ သည်။ အနည်းဆုံးတော့ ဆပ်ပြာရည်ဖြင့် ပွတ်တိုက်ဆေးကြောပေးခြင်းဖြင့် သန့်ရှင်း သပ်ရပ်သည့် ကွန်ကရစ်ကြမ်းခင်း ကို မြင်ရတွေ့ရမည် ဖြစ်ပါသည်၊ ၅ - နှစ် တစ်ကြိမ်လောက် seal coat တင်ပေးမည် ဆိုပါက ကွန်ကရစ် အသားထည် ပျက်စီးခြင်းကို ကာကွယ်နိုင်ပါသည်။


Cr, မူရင်း

No comments:

Post a Comment