Wednesday, March 22, 2017

ယနေ့အချိန်ထိ မဖြေရှင်းနိုင်သေးသော ကမ္ဘာတစ်ဝှမ်းမှ လျှို့ဝှက်ဆန်းကြယ်များ



ကျွန်တော် သိတာ တစ်ခုပဲ ရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော် ဘာမှ မသိသေးဘူး ဆိုတာပါပဲ လို့ ဆိုကရေးတီး က ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့ရဲ့ သိပ္ပံပညာနဲ့ အသိဥာဏ် ပညာတွေဟာ ပြီးခဲ့တဲ့ ရာစုနှစ်ပိုင်းမှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပေမဲ့ ကျွန်တော်တို့ အဖြေရှာလို့မရသေးတဲ့ ပြဿ      နာတွေ ရှိကြပါသေးတယ်။

အလက်ဇန္ဒြား ဘုရင် ရဲ့အုတ်ဂူတို့၊ အတ္တလန္တိတ် မြို့တော်ကြီးတို့၊ ဘာမြူဒါ တြိဂံ ဒေသ အကြောင်းတို့ ကို ကြားဖူးကြမှာပါ။ ဒီနေရာတွေဟာ ဒဏ္ဍာရီလိုလို၊ ပုံပြင်လိုလို သာဖြစ်ကြပေမဲ့ လူပြော သူပြော ကတော့ အင် မတန်များတဲ့ အရာတွေ ဖြစ်ကြပါတယ်။ အခုဒီမှာ တော့ ကမ္ဘာတစ်ဝှမ်းမှာ လုံးဝ အဖြေရှာလို့မရသေးတဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်း (၅) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

၁ ။ ဘာမြူဒါ တြိဂံဒေသ (Bermuda Triangle)


ဘာမြူဒါ တြိဂံဒေသ ကို နတ်ဆိုး တြိဂံဒေသ လို့လည်းခေါ်ပြီးတော့ မြောက် အတ္တလန္တိတ် သမုဒ္ဒရာထဲက အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ဘာမြူဒါ တြိဂံဒေသ မှာ သဘောင်္များ နဲ့ လေယာဉ်များ အကြောင်းအရင်း ရှာမရဘဲနဲ့ ပျောက်ဆုံးသွားခဲ့ဖူးပြီး ဘာမြူဒါ တြိဂံဒေသနား တစ်ဝိုက်ဟာ ကမ္ဘာတစ်ဝှမ်းမှ  သဘောင်္များစွာ အသုံးပြု ဖြတ်သန်းသွားလာနေရတဲ့ လမ်းကြောင်းတစ်ခုလဲဖြစ်ပါတယ်။

သဘောင်္မောင်းသူတွေ ၊လေယာဉ်မောင်းသူတွေဟာ ဘာမြူဒါ တြိဂံဒေသ အနားရောက်ရင် ဗရုန်းသုန်းကားဖြစ် သွားပြီး အဆက်အသွယ်ပြတ်ပျောက်ဆုံးသွားခဲ့ကြပါတယ်။ နောက်ပိုင်းမှာ သဘောင်္တွေ အန္တရာယ်ကင်း စွာ သွားလာနိုင်ကြပေမဲ့ အရင် ၁၉၄၀ တစ်ဝိုက်က ပျောက်ဆုံးသွားခဲ့တဲ့ သဘောင်္များ နဲ့ လေယာဉ်များ ပျောက်ဆုံးသွားရင်ခြင်း အကြောင်းရင်းကိုတော့ ယနေ့အထိ မသိရှိကြသေးပါဘူး။

၂ ။ ရွေ့နေတဲ့ ကျောက်တုံးများ


Racetrack Playa လို့ခေါ်တဲ့ နေရာဟာ သဘာဝ အတိုင်း ခြောက်သွေ့နေတဲ့ ကန် တစ်ကန်ဖြစ်ပြီးတော့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ အင်ယို မြို့နယ်မှာ တည်ရှိပါတယ်။ ဒီကန်ထဲက ကျောက်တုံးများဟာ လူ (သို့) တိရစ္ဆာန် တစ်ကောင်ကောင် ရဲ့ ပယောဂ မပါဝင်ဘဲ ကန်မျက်နှာပြင်မှာ ရွေ့လျားနေတတ်ပြီး လမ်းကြောင်းရာ တစ်ခုကို လည်းချန်ထားတတ်ပါတယ်။

သိပ္ပံပညာရှင်များ ကတော့ ဒီကျောက်တုံးများရွေ့သွားရခြင်းဟာ လေကြောင့် ဖြစ်တယ်လို့ ဆိုထားပေမဲ့ တစ်ခြားသောသူများ ကတော့ ဒီကျောက်တုံးတွေရဲ့ အလေးချိန်ဟာ လူတစ်ယောက် အလေးချိန်လောက်ရှိတဲ့အတွက် လေတိုက်ရုံနဲ့တော့ မရွေ့နိုင်ဘူးလို့ ပြန်လည်ချေပ ထားကြပါတယ်။ ကျောက်တုံးတွေ ရွေ့နေတဲ့ ပုံကို ဘယ်သူမှာ မှတ်တမ်းတင် ရိုက်ကူးနိုင်ခြင်း မရှိသေးတဲ့ အတွက် ဒီကိစ္စဟာလည်း မဖြေရှင်းနိုင်သေးဘူးလို့ပဲဆိုရမှာပါ။




၃ ။ ကီရာလာ အနီရောင်မိုး (Red rain in Kerala)


၂၀၀၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ထူးခြားဖြစ်စဉ် အနေနဲ့ အိန္ဒိယ နိုင်ငံ တောင်ဘက် ကီရာလာ ပြည်နယ်တွင် အနီရောင် မိုးများ ရွာသွန်းခဲ့ပြီး အ၀တ်အစားများကို စွန်းထင်းစေခဲ့ပါတယ်။အ၀ါရောင်၊ အစိမ်းရောင် နဲ့ အနက်ရောင် စတဲ့ အရောင် ရှိတဲ့ မိုးရေများ ကီရာလာ ပြည်နယ်တွင် ၁၈၉၆ ခုနှစ်မှ စပြီး ရွာသွန်းဖူးခဲ့တယ်လို့မှတ်တမ်းများအရ သိရပါတယ်။

အိန္ဒိယ အာဏာပိုင်များကတော့ ဒီလို မိုးရေ နီသွားရခြင်းဟာ ရေညှိပင် တစ်မျိုးရဲ့ လေဆောင် သစ်စေ့ များနဲ့ မိုးရေတို့ ထိတွေ့ခြင်းကြောင့် နီသွားခြင်းဖြစ်တယ်လို့ ရှင်းချက် ထုတ်ခဲ့ပေမဲ့  ၂၀၀၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ သတင်းတစ်ပုဒ် မှာတော့ ဒီ အနီရောင်အမှုန်များ ဟာ အခြား ကမ္ဘာဂြိုဟ်မှ လာတဲ့ အမှုန့်တွေဖြစ် တယ့်  ရှင်းလင်းခဲ့ပါတယ်။ လေ့လာမှုတွေ အမျိုမျိုးပြုလုပ်ခဲ့ပေမဲ့ တိကျတဲ့ အကြောင်းတစ်ရပ်ကိုတော့ အခုထိ မသိရှိသေးကြပါဘူး။

၎ ။ Voynich  လက်ရေးစာမူ။ 


အီတလီနိုင်ငံမှာ ၁၄၀၀ ခုနှစ် တစ်ဝိုက်က စာအုပ် တစ်အုပ် ကို ရှာတွေ့ခဲ့ပြီး ဒီ စာအုပ်မှာ ထူဆန်းတဲ့ သ ရုပ်ဖော်ချက်တွေနဲ့ ဘယ်ဘာသာစကားမှန်း ကို မသိကြတဲ့ ဘာသာစကားနဲ့ရေးထားတာဖြစ်ပါတယ်။ သရုပ်ဖော် ပုံတွေ အားဖြင့်တော့ ဒီစာအုပ်မှာ ဇီဝဗေဒ က စလို့ နက္ခတ္တဗေဒ ပညာရပ် အပြင် ဟင်းချက်နည်းတွေက အစ ဖော်ပြထားတယ်လို့သိရပါတယ်။

ဒီစာအုပ်ဟာ လူတစ်ယောက်ကို စနောက် လိမ်လည်ပြီးရေးခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆတဲ့ လူရှိသလို့ လူတစ်ယောက်က ဘာသာစကားများကို ပေါင်းစပ် ဖန်တီးပြီး ပညာရပ်များကို ထိန်းသိမ်းခဲ့တာလည်း ဖြစ်နိုင်တယ်လို့ ယူဆတဲ့ သူများလည်း ရှိကြပါတယ်။ 

၅ ။ အတ္တလန္တိတ် ကျွန်း ( Atlantis = “island of Atlas”) 


အတ္တလန္တိတ် ကျွန်းဟာ ပလေတို ပထမဆုံး စတင်ဖော်ပြခဲ့တာ ဖြစ်ပြီး ပလေတို ရဲ့ စာထဲမှာ အေသင် မြို့ သားတွေဟာ အတ္တလန္တိတ် မြို့သားတွေရဲ့ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့ပြီး အဆုံးမှာတော့ အတ္တလန္တိတ်မြို့ကြီးဟာ နတ်ဘုရားတွေရဲ့ အပြစ်ပေးမှုကြောင့် အတ္တလန္တိတ် သမုဒ္ဒရာထဲ စုံးစုံးမြှပ်သွားခဲ့တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ခေတ်မှာ အတ္တလန္တိတ် ကျွန်း ရဲ့ တည်နေရာကို အေဂျီယန် ပင်လယ်ထဲက ဆန်တိုရီနီကျွန်း (သို့)  ဆီစီလီ ကျွန်းမှာ ဖြစ်တယ်လို့ ဆိုတဲ့ သူက ဆိုကြပြီး ဒဏ္ဍာရီ သက်သက်သာဖြစ်တယ်လို့ ပြောတဲ့ လူကလည်း ပြောကြပါတယ်။ 

Shwemom
Source

No comments:

Post a Comment