Wednesday, March 8, 2017

ဝိဇ္ဇာလမ်းကို လိုက်မယ့်သူတွေ အတွက်………


ကိုယ် လိုက်တဲ့ လမ်းကို ကိုယ် သိရမယ်။ 
တနင်္ဂနွေဟာ နတ်စက် လို့ခေါ်တယ်။ 
တနင်္လာက သာသနာစက် ၊ 
အင်္ဂါက ရုက္ခစိုးစက် လို့ခေါ်တယ်။ 

ဒီ အတတ်ပညာကို သိရင် ပစ္စည်း ကို မ၀ယ်ဘဲနဲ့ ရတယ်။ ဒါပေမယ့် သစ္စာတရားက ဒီနေရာ မှာ အရမ်း အရေး ကြီးလာပြန်ရော သစ္စာ မသိရင်တော့ အပါယ်ပဲ ကျနေလိမ့်မယ်။

ဗုဒ္ဓဟူး က ဘုမ္မိယစက် လို့ခေါ်တယ်။ ဒီ အတတ်ပညာကို တတ်ထားရင် အကူအညီခေါ်ပြီး အခက်ခဲတွေကို အကူညီတောင်းပြီး ဖြေရှင်းလို့ရတယ်။
စနေ က စုန်းတိုက် ၊ နတ်တိုက် ဆရာတိုက် လို့ ခေါ်တယ်။ 
ကြာသပတေးက အထွက်စက် လို့ခေါ်တယ်။ အဖျက်စက်လို့လည်း သတ်မှတ်ကြတယ်။ ထွက်ရပ်လမ်းသွားတဲ့အခါ ဒီစက်ကပဲ သွားရတာပဲ။

သောကြာကျတော့ အပြိုင်အဆိုင်ပေါ့..။ 
ရာဟု ကျတော့ အ၀င်စခန်း ရှိတဲ့သူဟာ ပုဂ္ဂိုလ်ထိန်းမှ ရတယ်။ ပုဂ္ဂိုလ်မထိန်းနိုင်ရင်တော့ ရူးမှာပဲ။ အဲဒီစက်က အရမ်းအရေးကြီးတယ်.။ မြေလျှိုး မိုးပျံရုံ နဲ့ နာမရူပ ပရိစ္ဆေဒဥာဏ် ရတာမဟုတ်ဘူး.။
မဟိဒ္ဓိ ဆို ကြံဆောင်ခြင်း သိဒ္ဓိ ဆိုတာ ပြီးမြောက်ခြင်းတဲ့။ မဟိဒ္ဓိ သိဒ္ဓိ ဘယ်မှာရှိတာလဲ..။ ဂုဏ်တော်ကိုးပါးဆိုတာ မဟိဒ္ဓိဓာတ် သိဒ္ဓိဓာတ်တွေပဲ။ ကိုးန၀င်း မိုးလင်းမှသိမယ်။ ကျင့်စဉ်ကိုပြောတာ မဟုတ်ဘူးနော်။ 

မိုးလင်းတဲ့အထိစောင့်ရမှာပါ။ မိုးမလင်းသေးဘဲ သိလာမှာ မဟုတ်ဘူး။ မိုးလင်းအောင်စောင့်ဖို့ ထိုင်နေ လို့ မရ ဘူး.။ အဲဒါကြောင့် ထွက်ရပ်ပေါက်တွေ မိုးမလင်းခင် အချိန်တွေမှာ ကျင့်နေကြတာပေါ့။
ထွက်ရပ်ပေါက်တာမှာ စကားနှစ်ခွန်းရှိတယ်။ အသေထွက် နဲ့ အရှင်ထွက် နဲ့ပေါ့။ 
အသေထွက်တယ် ဆိုတာ တရားပေါက်တယ် ဒါပေမယ့် ဓာတ် မပေါက်လို့ ..။ တရားလည်းပေါက် ဓာတ် လည်းပေါက်တဲ့ သူတွေဆို အရှင်ထွက်တယ်လို့ ဆိုကြတယ်။ 




ထွက်ရပ်ပေါက်တဲ့ အခါမှာလည်း ထုံဝင်ကြတာရှိတယ်။ ထုံအောင်သွားတဲ့သူတွေကို တန်ခိုး ကြီးမားကြ တယ်။ ထုံ ဆိုတာ လေးထုံ ရှိတယ်။ မီးထုံ ၊ ရေထုံ ၊ လေထုံ နဲ့ မြေထုံပေါ့။ ထုံ ဆိုတာက ရေထဲမှာ ချလို့ မသေ ရင် ရေထုံအောင်တယ်.။ အဲ့ဒီလိုပဲ မီးထဲမှာ ချလို့ မသေရင် မီးထုံအောင်တယ်တဲ့။ ရွှေဆံတော် (ပြည်) မှ ထွက်ရပ် စခန်းမြန်းခဲ့တဲ့ အဘ ဘိုးဘိုးအောင်က လေထုံအောင်တယ်။ 

ထုံလေးထုံ စလုံး အောင်မြင်တဲ့သူကတော့ #အဘဘိုးမင်းခေါင် နဲ့ #အဘဗလသိဒ္ဓိရှင်တို့ နှစ်ပါးပဲ ရှိတယ်။
ဓာတ်စီးလေးမျိုး ရှိတယ်။ အသွေးစီး ၊ အသားစီး ၊ အကြောစီး ၊ အရိုးစီး ။ ဓာတ်စီး ဆရာ  ကံ မလုံဘူး ဆိုရင်တော့ ရူးတတ်တယ်။ အခု အချိန်ထိတော့ ကံငါးပါးစလုံး မလုံနိုင်သေးတော့ ဓာတ် မစီးသေးဘူး။

 အောက် လမိုင်း အလယ် လမိုင်းတွေ နှောင့်ယှက်တတ်တယ်။ လမိုင်းပေါင်း တရာပြည့်ရင် ဓာတ်စီးတဲ့ဆရာ ရူးတာပါပဲ။ အပါယ်တံခါး ပိတ်တဲ့ အရိယာ ၀ိဇ္ဇာတွေ ဖြစ်ကြပါစေ။


-----------------
ရှေ့ဆရာကြီးများရဲ့ လမ်းပြ ဆိုဆုံးမမူကို မျှဝေပေးခြင်းဖြစ်ပါတယ် ။

Arkar Soe

No comments:

Post a Comment