Tuesday, March 28, 2017

အာတိတ်ဒေသ က သွေးစုပ် ဖုတ်ကောင်များ (သို့) သားကောင်များကို အစိမ်းလိုက် စားကြသူများ



ဒီ လူမျိုးတွေ ကတော့ ရုရှားနိုင်ငံ အာတိတ်ရေခဲပြင်ဒေသက ဆာဘီးယား အနောက်မြောက်ပိုင်း မှာ နေထိုင်ကြတဲ့ Nenets လူမျိုးတွေပဲဖြစ်ပါတယ်။


အလွန်အေးတဲ့နေရာဖြစ်ပြီး တစ်နှစ်မှာ ရက်ပေါင်း ၂၆၀ လောက်မှာ ရေခဲ နဲ့ ဆီနှင်းတွေကိုပဲ မြင်ရတဲ့နေရာဖြစ်ပါတယ်။ သူတို့ကို ရုရှား လို Samoyad လို့လည်းခေါ်ကြပါတယ်။ ကိုယ်တိုင် စားသောက်သူ လို့ အဓိပ္ပါယ် ရပါတယ်။
သူတို့ဟာ တောတွေတောင်တွေ ရေခဲပြင်ဒေသတွေမှာနေထိုင်လေ့ ရှိပြီး အအေးပိုင်း ဒရယ် မွေးမြူခြင်း နဲ့ အမဲလိုက်ခြင်း ၊ ငါးဖမ်းခြင်း စတဲ့ အလုပ်တွေကို လုပ်ကြပါတယ်။ အဲဒီနေရာမှာ လူဦးရေ စုစုပေါင်း ၄ သောင်းကျော် ခန့်နေထိုင်ကြပါတယ်။






ယနေ့ အချိန်မှာတော့ ဒီ လူမျိုးစုထဲက တစ်ချို့ဟာ အခွင့်အလမ်းတွေ ရလာပြီး ဆရာဝန် ၊ ရှေ့နေ အလုပ်တွေ ကို ပြောင်းေ ရွှ့ လုပ်ကိုင်ကြပေမယ့် မူရင်းဒေသက မိသားစုတွေ ကတော့ ရှေးက အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေ တုန်းပါပဲ။
ဒီလူမျိုးတွေကို ကမာ့္ဘမီဒီယာတွေ ကတော့ သွေးစုတ် ဖုတ်ကောင်လူမျိုးစု လို့ အမည်ပေးထားကြပါတယ်။ အကြောင်း ကေ တာ့ ဒီလူမျိုးတွေဟာ သားကောင်တွေ ၊ ငါးတွေကို ဖမ်းဆီး ရ ရှိတဲ့ အခါ ချက်ချင်း ဆိုသလို အစိမ်းလိုက် စားတတ်ကြလို့ပါ။ 



လူကြီးတွေသာ မက ကလေးတွေပါ အားရပါးရ စားနေတာကို ပုံမှာမြင်တွေ့ကြမှာပါ။ မြင်ရသူတွေ အဖို့ မသတီစရာ ဖြစ်ပေမယ့် သူတို့ အတွက်ကတော့ ဒါဟာ တစ်သက်လုံး လုပ်လာတဲ့ အရာတွေဖြစ်ပြီး အစိ မ်းစားလို့ရောဂါရတယ် ဆိုတာ မရှိသလောက် ရှားပါးတယ် လို့ ဆိုပါတယ်။
Credit: Thutazone


No comments:

Post a Comment