Sunday, March 19, 2017

ပျက်စီးမှု နည်းတဲ့ ပုဂံဘုရားတွေ သင်္ကြန်မတိုင်ခင် အပြီး ပြင်ဆင်မယ်



ပုဂံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးမှု အနည်းငယ်ပဲ ရှိတဲ့ စေတီပုထိုးတွေကို သင်္ကြန်မတိုင်ခင် အပြီးသတ် ပြုပြင်သွားမယ်လို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ကနေ သိရပါတယ်။

‘‘အထင်ကရ ဘုရားကြီးတွေက လက်ရှိမှာ ပြုပြင်တဲ့ အဆင့် တွေမဟုတ်ဘူး။ ထပ်ပြီးတော့ မပျက်စီးအောင် ထိန်းသိမ်းတဲ့ အဆင့်ပဲ လုပ်ထားတယ်။ အဲဒီ ပျက်စီးမှုများတဲ့ ဘုရားတွေကိုလည်း ဧပြီလ ကုန်လောက်မှာ စတင်ပြုပြင်မယ်လို့ ရည်ရွယ်ထားတယ်’’လို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး  ဦးအောင်အောင်ကျော် က ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် စေတီ ပုထိုးပေါင်း ၃၈၉ ဆူ ပျက်စီးခဲ့လို့ ပျက်စီးမှု အခြေအနေပေါ် မူတည်ကာ ပထမ၊ ဒုတိယ နဲ့ တတိယ ဦးစားပေး ဘုရားတွေ အဖြစ် သတ်မှတ်ပြုပြင်မှာဖြစ်ကာ လက်ရှိမှာ တတိယ ဦးစားပေးဘုရားတွေ ထဲကနေ  ၂၂၄ ဆူကို အပြီးသတ်ပြုပြင်နေတယ်လို့ ဆိုပါတယ်။ 

ငလျင်ဒဏ်ကြောင့် အနည်းငယ် ပျက်စီးခဲ့တဲ့ ဘုရား ၂၂၄ ဆူ ကို ၂၀၁၆ စက်တင်ဘာလ က စတင်ပြုပြင်ခဲ့တာပါ။ ပုဂံဒေသ က ဘုရားတွေကို UNESCO (ယူနက်စကို)   အကြံပြုချက်တွေနဲ့ အတူ တရုတ်နိုင်ငံ အပါအ၀င် ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေနဲ့ ပြုပြင် ထိန်းသိမ်းမှာဖြစ်ပြီး ထိခိုက် ပျက်စီးမှုများတဲ့  ဘုရားအဆူ ၅၀ ကိုလည်း ဧပြီလကုန်မှာ စတင်ပြုပြင်ထိန်းသိမ်းဖို့ စီစဉ်နေတယ်လို့  ဦးအောင်အောင်ကျော် က ပြောပါတယ်။





၂၀၁၆ သြဂုတ် ၂၄ ရက်က ညောင်ဦးမြို့နယ်မှာ ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် စေတီပုထိုးတွေနဲ့ သာသနိက အဆောက်အအုံတွေ ပျက်စီးရာ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေက ၂၀၁၇ ဖေဖော်ဝါရီ ပထမပတ်အတွင်း ကျပ်သိန်း (၅၀,၀၀၀) ကျော်နဲ့ ဒေါ်လာ ၁၀ သန်းကျော် လှူဒါန်းထားပါတယ်။

  Source & Photos : 7DayDaily
http://www.duwun.com.mm/news/local/-id6389328.html


No comments:

Post a Comment