Friday, March 31, 2017

ဗိုက်ထဲ အစာ လုံးဝမရှိတဲ့ အချိန်မှာ မစားသင့်တာတွေ



ဗိုက်ထဲမှာ အစာ မရှိလို့ သံစုံထွက်ပြီး ဆာလောင်နေချိန်မှာ ဘယ်အစား အစာပဲဖြစ်ဖြစ် စားမယ် ဆိုတဲ့ အတွေး မျိုးမတွေးမိဖို့ လိုအပ်လာပါပြီ။ 

အစာ မရှိချိန်မှာ မစားသင့်တာတွေ စားမိရင် ဗိုက်အောင့်ရာက စလို့ ဆီးချိုရောဂါ အထိပါ ဖြစ်နိုင်ခြေများတာမို့ ဘယ်လို အစားအစာတွေကို ရှောင်သင့်လဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
တဆေးပါသော မုန့်များ – ဂျုံမှုန့်၊ ထောပတ်၊ တဆေး တို့နဲ့ ပြုလုပ် ထားတဲ့ မုန့်တွေဟာ အစာအိမ် အတွင်း နံရံကို ကျိန်းစပ်စေပြီး လေပွတာတို့၊ ၀မ်းဖောဝမ်းရောင် တို့ ဖြစ်စေနိုင်ပါတယ်။
ခရမ်းချဉ်သီး – ခရမ်းချဉ်သီးဟာ အစာအိမ် အတွင်း အက်စစ်ဓာတ် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာ ကြောင့် အစာ မရှိချိန်မှာ စားလိုက် ရင် ရင်ပူ ရင်ဆာဖြစ်စေနိုင်ပါတယ်။
ဟင်းသီးဟင်းရွက် အစိမ်းများ – ဟင်းသီး ဟင်းရွက်တွေဟာ အ ကျိုးပြု အမျှင်ဓာတ်ြ ကွယ်ဝပေ မယ့်လို့ မ ချက် မပြုတ်ဘဲ အစိမ်း အတိုင်း အစာအိမ်ထဲဘာမှ မရှိ ချိန် စားတာမျိုးက ဆိုးကျိုး အဖြစ် ပြောင်းသွားစေပါ တယ်။
သစ်တော်သီး -အလွန့် အလွန် ဆာလောင်နေချိန်မှာ သစ်တော် သီးတွေ စားတာကလည်း အစာ အိမ် အတွင်း နံရံကို ကျိန်းစပ်စေ ပြီးဗိုက်နာစေနိုင်ပါတယ်။
ငှက်ပျောသီး – အစာအိမ်ထဲ ဘာမှ မရှိချိန် ငှက်ပျောသီး စားတာက လည်း သွေးတွင်း မဂ္ဂနီဆီယမ် ပမာဏများစေနိုင်တဲ့ အတွက် နှလုံး ကို ထိခိုက်စေနိုင်တယ်လို့ သိရပါ တယ်။
အပူအစပ်များ – ပူလွန်း၊ စပ်လွန်း တဲ့ အစားအစာတွေ စားရင် လည်း အစာအိမ်ထဲမှာ အက်စစ် ဓာတ်တွေ ပိုထွက်စေတဲ့ အတွက် မအီမသာ ဖြစ်စေပါတယ်။
အချဉ်သီးများ – လိမ္မော်၊ သံပရာ၊ ဂရိတ်ဖရု စတဲ့ အချဉ်သီးတွေကို အစာအိမ်ထဲ ဘာမှ မရှိချိန် စားခဲ့ ရင် ဗိုက်နာ တာမျိုး ဖြစ်တတ်ပါ တယ်။
ဆိုဒါ – အချဉ်သီးတွေလိုမျိုးပဲ အက်စစ်ဓာတ် များတဲ့ ဆိုဒါ ကို အ စာ မရှိချိန်မှာ လုံးဝ သာက်မိဖို့ ရှောင်ရပါ မယ်။


ကော်ဖီ၊ လက်ဖက်ရည် – အစာ မရှိချိန်မှာ ကော်ဖီပဲသောက် သောက်၊ လက်ဖက်ရည် ပဲသောက် သောက် အစာအိမ်တွင်း အက် စစ်ဓာတ်တွေ ထုတ်လွှတ်မှုများ စေသလို အစာချေဖျက်မှု လုပ်ငန်း စဉ်ကိုလည်း ဆိုးကျိုးပေးနိုင်ပါ တယ်။
အချိုများ -အချိုဓာတ် များတာ တွေ စာရင်လည်း ပန်ကရိယ ကို အလုပ်တွေ ပိုလုပ်စေသလို ဆီး ချိုရောဂါဖြစ်နိုင်ခြေလည်း များ စေပါတယ်။
ဒိန်ချဉ်- ဒိန်ချဉ် မှာပါတဲ့ အကျိုးပြု ဗက်တီးရီးယားတွေကို အစာ အိမ်ထဲက အက်စစ်တွေက သေ ကျေစေတဲ့အတွက် ဘာမှ မစားရ သေးခင်မှာ ဒိန်ချဉ် မစားသင့်ပါ ဘူး။

Credit : 7day daily

No comments:

Post a Comment