Friday, March 31, 2017

ညဥ့်ငှက်မ ၊ အက,မယ်၊ လက်ဝှေ့သမား၊ ဂျလေဘီ … ဘ၀တွေ စုံလင်လှတဲ့ ဘန်ကောက် ညချမ်းများ



ဘန်ကောက် လို့ ဆိုလိုက်တာနဲ့ မြန်မာပြည်က လူချမ်းသာတွေ နေ့ချင်းပြန် ဈေးသွားဝယ်တဲ့ မြို့ကြီး လို့ ပြေးမြင် မိကြပါလိမ့် မယ်။ ဘန်ကောက် ဟာ အာရှမြို့ကြီးတွေထဲမှာ စည်ကား သိုက်မြိုက်မှုတွေနဲ့ အတူ ဖွံ့ဖြိုးတိုးတက်မှု အများဆုံး မြို့တွေထဲက တစ်မြို့ဖြစ်ပါတယ်။ ဘန်ကောက် မှာ နေထိုင်ကြတဲ့ သူတွေအားလုံးကတော့ ဘန်ကောက်မြို့နဲ့ ထပ်တူ အချိုး မကျခဲ့ပါဘူး။
ဘန်ကောက် မှာ ဘ၀တွေ စုံလင်လှပါတယ်။ ငွေ ရှိလျှင် ဘာမဆို ၀ယ်လို့ ရတယ် ဆိုတဲ့ ဒီမြို့ကြီးမှာ ငွေရလျှင် ဘာမဆို လုပ်မယ် ဆိုတဲ့ လူတွေလည်း တစ်ပုံကြီးပါ ။ နောက်ပြီး ဘန်ကောက် ညချမ်းတွေမှာ မရှိမဖြစ် ရှိနေတဲ့ အရာတွေ ကတော့ ပြည့် တန်ဆာမတွေပဲ ဖြစ်ပါတယ်။ 

သူတို့ တစ်တွေဟာ တစ်စုံ တစ်ယောက်ရဲ့ အာသာ ဆန္ဒတွေကို ဖြေဖျောက်ဖို့အတွက် လမ်းဘေး ၀ဲယာမှာ အသွင် အမျိုးမျိုး နဲ့ ဆွဲဆောင်နေကြပါတယ်။

ညဥ့်ငှက်မလေးတွေ ဆိုတဲ့ အတိုင်း ညဘက်ရောက်ပြီဆို လှလှ ပပ ဖြီးလိမ်း ချယ်သပြီးတော့ ဘားတွေ ၊ နိုက် ကလပ်တွေ၊ လူစည်ကားရာ ဈေးတွေမှာ လမ်းသလားကာ ဖောက်သည် ရှာကြရပါတယ်။ တစ်ချို့ကတော့ ထိုင်ခုံလေးတွေနဲ့ ထိုင်လို့၊ တစ်ချို့တွေ ကတော့ အုတ်သား နံရံတွေကို မှီလို၊ ဖြတ်သွားဖြတ်လာ ပုရိသတွေကို မြှူဆွယ်နေကြပါတယ်။
ညဥ့်ငှက်ထီးလေးတွေလည်း ဘန်ကောက်မြို့လို နေရာမျိုးမှာ မရှားပါဘူး။ သူတို့ ကိုတော့ Ladyboy လို့ ခေါ်ကြ ပါတယ်။ သူတို့ ကလည်း ၀င်ငွေ မသေးတဲ့ အသက်မွေး ၀မ်းကြောင်း မှုပေါ်မှာ ရပ်တည်နေသူများ ဖြစ်ပြီး၊ ညဥ့်ငှက်မလေးတွေလိုပဲ သူတို့ အဆက်အသွယ် နဲ့ သူတို့တော့ ဟုတ်နေကြတယ် ဆိုရမှာပါ။
ဘန်ကောက်ဟာ ကမ္ဘာကျော်မွေထိုင်း လက်ဝှေ့ စတင်မွေးဖွားရာ လို့ ဆိုရင် မမှားပါဘူး။ မွေထိုင်း ဟာ ဘန်ကောက် ကနေ စတင်ပေါ်ပေါက်ခဲ့တာ မဟုတ်ပေမယ့်၊ ဘန်ကောက်မြို့ကြီးမှာ လူ အ၀င်အထွက် များလာလို့သာ မွေထိုင်း ကို ကမ္ဘာက သိခဲ့ တာပါ။ 

ဒီလို ဖြစ်စေဖို့လည်း ဘန်ကောက်မြို့ပေါ်မှာ ညစဉ်တိုင်း အသက်လု ထိုးသတ် ပွဲတွေဟာ ဒေသအာဏာပိုင်တို့ရဲ့ တားမြစ်မှုတွေကြားမှာတောင် လူကြိုက်များနေဆဲ ငွေတွေ တစ်ဖွဲဖွဲ ရှာလို့ကောင်းနေဆဲ ဖြစ်ပါတယ်။



ဘန်ကောက်မြို့ဟာ ကနဦးတုန်းက ပြောခဲ့သလို၊ မြို့နေ လူတန်းစားတွေက အဲဒီမြို့နဲ့ ထပ်တူ မကျမှုတွေ လည်း ရှိနေပါ တယ်။ လမ်းဘေးမှာ အိပ်၊ လမ်းဘေးမှာ စား၊ လမ်းပေါ်မှာနေ၊ လမ်းပေါ်မှာပဲ ပိုက်ဆံ ရှာ၊ လမ်းပေါ်မှာပဲ အိမ်ထောင်ရက်သား ပြုကြ၊ လမ်းပေါ်မှာပဲ မိသားစု ဘ၀ကို ထူထောင်၊ လမ်းပေါ်မှာပဲ သေဆုံးသွားကြတဲ့ သူတွေလည်း အခုအချိန်အထိ အသိုင်း နဲ့ အ၀ိုင်းနဲ့ ရှိနေဆဲပါ။

ကြီးမားလှတဲ့ ဟော်တယ် လှလှကြီးတွေရဲ့ မီးရောင်ပြပြ အခန်းလေးတွေ ထဲမှာ ထိုင်းပြည်တန်ဆာ မလေးတွေဟာ အလွှာစုံက လာတဲ့ ကိလေသာ ထကြွနေသူတို့ကို ကပြကြရတယ်၊ သွေးသား ကို ပေးကြရ တယ်။ 


သူတို့ မိသားစုတွေ အ တွက် ငွေရှာကြတယ်၊ နိုင်ငံရပ်ခြားက သူတို့ မိသားစုတွေ ဆီကို ငွေပို့နိုင်ဖို့ သွေးသားကို ရောင်းစားနေရတယ်။ ဒါဟာ မတူညီမှုနဲ့ ဘ၀ ကို ရပ်တည်နေကြသူတွေရဲ့ တစ်ခဏတာ ဆုံဆည်းရာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ဘန်ကောက် ဖြစ်နေလို့ပါ။
source : thesun.co.uk
Credit: နတ်စည်တော် (Shwemom)

No comments:

Post a Comment