Tuesday, March 28, 2017

အအိပ် မက်သူတွေကို တစ်နှစ် လစာ ဒေါ်လာ ၁၄၀၀၀ ၀န်းကျင်ပေးပြီး ခန့်အပ်မယ့် အစီအစဉ်





သင်ဟာ အအိပ် မက်သူလား ၊ ဘယ်အချိန် ဘယ်နေရာမှာဖြစ်ဖြစ် အိပ်ဖို့ အာသီသ ရှိနေသလား။ ဒါဆို ရင်တော့ သင့် အတွက် လစာကောင်းတဲ့ အလုပ် တစ်ခုကို ရနိုင်ပါပြီ ။
တရုတ်နိုင်ငံ ရှန်ဟိုင်း က အစာအစာ အဟာရ ဖြည့်စွက်မှုနဲ့ ဆိုင်တဲ့ ကုမ္ပဏီ တစ်ခုဟာ အအိပ် မက်သူတွေကို ရှာဖွေနေပါတယ်။ အိပ်ရတာကို မက်တဲ့ Professional Sleepers တွေကို ၀န်ထမ်း အဖြစ်ခန့်အပ်ဖို့ ရည် ရွယ်ထားတယ်လို့ ဆိုပါတယ်။ 

ဒီအလုပ်အတွက် တစ်ခြား ဘာ ပညာ အရည်ချင်းမှ ၊ အတွေ့အကြုံမှ မလိုပါဘူး။ လိုတာ ကတော့ ကျွမ်းကျွမ်း ကျင်ကျင် အိပ်တတ်ဖို့ပါတဲ့။
Professional Sleepers တွေအဖြစ် ခန့်အပ်လိုက်တဲ့ ၀န်ထမ်းတွေဟာ လစာ အနေနဲ့ နှစ်စဉ် ဒေါ်လာ ၁၅၀၀၀ ၀န်းကျင် ရမှာပဲဖြစ်ပါတယ်။ 

လုပ်ရမယ့် အလုပ် ကတော့ မနက် နေ့ခင်း ည သူတို့ စီစဉ်ထားသလို အိပ်စက်ပေးရမှာဖြစ်ပြီး အိပ်ရတာ ကောင်းတယ် ၊ မကောင်းဘူး ၊ အဆင်ပြေတယ် ၊ မပြေဘူး စတဲ့ ကိုယ်ခံ စားရတာတွေကို report ထုတ်ပေးရမှာပဲဖြစ်ပါတယ်။




ဒါဟာ သိပ်တော့ မထူးဆန်းပါဘူး။ သုတေသန ပညာရှင် အချို့ နဲ့ နာဆာ တို့လို အဖွဲ့အစည်းတွေကလည်း ကျွ မ်းကျင် အအိပ် ပညာရှင်တွေကို ငှားရမ်းပြီး သုတေသနပြုဖို့ လစာမြောက်များစွာပေးပြီး ခန့်အပ်ထားတာတွေ ရှိဖူးပါတယ်။ 

တစ်ချို့ဆို နှစ်စဉ် လစာငွေ အဖြစ်ဒေါ်လာ ၃ သိန်း နီးပါးတောင် ရရှိပါသတဲ့။ အအိပ်မက်သူ ၊ အ အိပ်ကျွမ်းကျင်သူတွေ အတွက် အထူးသတင်းကောင်းပေါ့ဗျာ ။

Credit to thutazone

No comments:

Post a Comment