Tuesday, May 17, 2016
နောက်တစ်ခါ လူ လာဖြစ်ရင် ဒီ အခွင့်အရေး ဘာမှမရှိ
ယခု လူတွေ ရှေးက နဲ့ စာရင် တော်တော် ရိုင်းလာတယ်၊ တော်တော် ဆိုးလာတယ်၊ သို.သော် နောက် လာမယ့် လူတွေ နဲ.စာရင် ဒါတွေ တော်တော် တော်တယ်နော်။ နောက်ပေါင်းရမယ့် လူတွေကလည်း ခုလို လူမျိုး ခုလို ပတ်ဝန်းကျင် မျိုး မဟုတ်တော့ဘူးဗျ။
ဆုတ်ခေတ် နက်ဖြန်ခါ ဒီ့ထက် ဆုတ်မယ်၊ နောက်နေ. ဒီ့ထက် ဆုတ်မယ်။ တက်လိမ့်မယ် မထင်နဲ.။ ဆုတ်ခေတ်၊ ဆုတ်တာက ရိုးရိုး ဆုတ်တာမဟုတ်ဘူး၊ တလိမ်.လိမ်.ဆုတ်နေတာ။ များများ မဟုတ်ဘူး ၊နောက်ထပ် နှစ် နှစ်ဆယ်လောက် ဆက်နေကြည်.၊ အဲဒီအခါ အခု လက်ရှိလူတွေ ကို ကျေးဇူးတင်လိမ်.မယ်။
အရူပ ဘုံ၊ ရူပ ဘုံ ဆိုတဲ့နေရာမျိုး. တစ်ဖက်သတ် အကျင့် နဲ.ရောက်သွားရင်လည်း တို.သာသနာ နဲ.လွဲ မှာနော်၊ သာသနာ က နှစ်ထောင့် ငါးရာကျော်ပြီလေ၊ နောက်တစ်ခါ လူလာဖြစ်ရင် ဒီ သာသနာ ရှိမှာလား ။  နောက်တစ်ခါ လူလာဖြစ်ရင် သာသနာကြုံဖို.တော်တော် ခက်မယ်။ကြုံတယ်ပဲထား ၊ ကြိုက်ဦးမှ ဗျ။
စာအဆို က မြေဆီက အနှစ်တစ်ရာမှာ တစ်လက်မ တစ်လက်မ လျော.တာကိုး၊ မြေဆီ မှီ၍ အစာဖြစ် ရ တာ၊ ဘာလို့ .လျော့ တုန်း၊ ဥတုက လည်း အအေးပိုင်း ကနေ အပူဘက် ကူးနေတာ၊
နောက်တစ်ခါ လူလာဖြစ်ရင် ကိုယ် ပဋိသန္ဓေနေရမယ့် အမေ အဖေ ကလည်း ရုပ်ဓါတ်သေးသေး ၊ စိတ်ဓါတ်သေးသေးနေ မှာ။ အဲဒီထဲ ကို လူလာဖြစ်ရတော့ တို့ ရုပ်ဓါတ် စိတ်ဓါတ် လည်း ခုလောက် ကို ရှိမှာ မဟုတ်တော့ဘူး။
ဥတု ပူရင် အာဟာရ ပူမှာပေါ့၊ အာဟာရ ပူရင် စားရတဲ့ရုပ် ကလည်း လှီလာ မယ်၊ စိတ် ကလည်းသေး လာ မယ်။ အဲဒီတော့ ကောင်းတာလည်း ခံနိုင်စိတ် မရှိတော.ဘူး၊ ဆိုးတာလည်း ခံနိုင်စိတ် မရှိတော.ဘူး။ တို့  တရား အားထုတ်တဲ.ပုဂ္ဂိုလ်က ကောင်းကောင်း ဆိုးဆိုး သိချင်တာ တစ်စိုက် မတ်မတ်ကြည့်ရတာလေ။
အဲတော့ တို့ ဟိုကျတော့ ဒါတွေ ခံနိုင်မှာ မဟုတ်တော့ဘူး။
အဲတော့ ဥတု ပူရင် အဆီ ဆုတ်မှာပေါ.၊ အဆီ ဆုတ်ရင် အစာကြမ်းမယ်၊ စားတဲ့.အစာကြမ်းရင် အကြော အချဉ်တွေ မာကြော လာတယ်၊ အကျိတ် အဖုတွေ ကြီးထွား လာတယ်၊ ဒါကြောင်.မို. စိတ်တွေက ထန်လာ တယ်။ ရုပ်ဓါတ်လည်း မခံနိုင်တော့ စိတ်ဓါတ်လည်း မခံနိုင်ဘူး လောကဓံ ကို။
အဲဒီတော့ အကြိုက်တွေ့ လည်း ဆွေ့  ဆွေ့  ခုန် ဘာဖြစ်ဖြစ်ပဲ၊ အမုန်းတွေ့လည်း ဆွေ့  ဆွေ့  ခုန် ဘာဖြစ်ဖြစ် ပဲ။ အဘိဇ္ဈာ ဆိုတဲ. အလိုကြီးမှု အားကြီး လာပြီ။  ဗျာပါဒ အားမလို အားမရစိတ် အားကြီးလာပြီ။
ဒါ အခု လက်ရှိ၊ နောင် ဒီ့ထက် ဆိုးမှာနော်။
အဲတော့ ဥတုပူ လို့  အစာ ပူတယ် ၊ အစာပူ လို. ရုပ်ပူတယ်၊
ရုပ်ပူ လို. စိတ်ပူ တယ်၊ စိတ်ပူတော့ ကံပူတွေ လုပ်မှာပေါ.။
ကံ နဲ.စိတ် နဲ. ခပ်ပူပူ လုပ်တော့ ဥတု ကလည်း ပိုပူ မှာပေါ.။
တိုးတက်ဖို. မြင်သေး သလား။ လူ့ ဘုံပြန်လာချင်သေးသလား။
အဲဒီတော. နောက်တစ်ခါ လူလာဖြစ်ရင် ဒီ အခွင့်အရေး ဘာမှ မရှိဘူး၊ ဒီ ပတ်ဝန်းကျင်မျိုး ဘာမှမရှိဘူး။ ကိုယ့်ကိုယ် ကိုလည်း ခု အခွင့်အရေးမျိုး မရနိုင်တော့ဘူးလေ။ အဲတော့ တို့ ဘာလုပ်ရမလဲ။
ကျင့်ပုံ ကျင့်နည်း ဘုရားဟော တရားတွေ ကလည်း အဆင်သင့်၊ နည်းပေး လမ်းပြလုပ်မယ့် သံဃာတော်တွေ ကလည်း အဆင့်သင့် ဒီ့ထက် ပြည့်စုံ စရာ မရှိတော့ဘူး။
တို့ အထဲက ဒကာ၊ ဒကာမတွေ က ဘယ်တော့ ကျင့်ကြံမှာ တုန်းဗျာ။ လူ့ ဘ၀ရောက် တုန်း၊ သာသနာလည်း ပွင့်တုန်း၊ တရားပြပေးမယ့် သူ ရှိတုန်း၊ ကျန်းမာရေးလည်း ကောင်းတုန်း၊ ဒီ တုန်းလေးတုန်း ကို တိုင်ထောင် ပြီး အိမ် တစ်ဆောင်လောက် မဆောက်နိုင်ရင် ဘယ်လိုနေပြီး ဘယ်လိုသေကြမှာပါ လိမ့်ဗျာ...
မဟာဗောဓိမြိုင်ဆရာတော်ကြီး
ဟာကူလီ
 မန္တလေးသတင်းအကုန်သိရန်
No comments:
Post a Comment