Thursday, May 5, 2016

ကြုံရ ဆုံရ မဘသ ဘဝ

Lin Htike Alarm's photo.
မဘသ ဆိုတဲ့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ကြီး ကို...... သီတဂူ ဆရာတော်၊ ရွာမ ဆရာတော်၊ တိပိဋက ဆရာတော်များ ဓမ္မကထိက ဆရာတော်များ ပရိယတ္တိ ဆရာတော်များ  ပဋိပတ္တိ ဆရာတော်များ ... စတဲ့  သီလဂုဏ် ၊ သမာဓိဂုဏ်၊ ပညာဂုဏ်  ကြီးမားကြတဲ့ ဆရာတော်ကြီးများ က
ဦးဆောင်နေတာ ဖြစ်ပါတယ် ခင်ဗျာ။


နိုင်ငံတစ်ကာ က ကြေးစား မီဒီယာတွေရဲ့ သွားပုတ်လေလွင့် နဲ့ ဝါဒဖြန့်မှုအောက်မှာ ... မဘသ ကို စော်ကား မှ သာ ဒီမိုကရေစီ ဘက်တော်သားလို့ ... အထင်မှား၊ အမြင်မှား၊ ပညာဥာဏ်နည်းပါး တဲ့
အဆန်ချောင် လုပ်စားနိုင်ငံရေးသမား နဲ့ အောက်တန်းစား ဗုဒ္ဓဘာသာ ဝင်တွေဟာ...... မြတ်ဘုရား အပေါ် စော်ကားသည်ထက် အပြစ်ပိုပြီး ကြီးလေးလွန်းတဲ့....  သံဃာ အပေါ် စော်ကားမှုများ ကို
မရှက် မကြောက် အရူး ဦးနှောက်ဖြင့် သူရဲကောင်းတို့ ပမာ ကျုးလွန်ခဲ့ကြပြီ။


အဲဒီ လူ့ ငနွား တို့ရဲ့ ကိုယ်တိုင်ပြုတဲ့ အကုသိုလ် ကံမျိုးစေ့ တို့ဟာ.... ရင့်မှည့်ကာ အကျိုးပေးတော့မှာ မို့
မကြာမီ လာမည် ....


ကြုံရ ဆုံရ မဘသ ဘဝ
===============

သာသနာ နှင့် အာဏာ
(၁)
မန္တလေးမြို့ရဲ့ တစ်နေရာ...
ဆွမ်းခံကိုယ်တော်လေး တစ်ပါး...
ဣနြေ္ဒသိက္ခာ အပြည့်... ယုံကြည်ချက် အပြည့်....
နေ့စဉ် ဒီလိုပဲ...  ကြည်ညိုဖွယ် ပသာဒနီယ ဂုဏ်ဖြင့် ဆွမ်းခံကြွနေကျ။


ဒီနေ့ ကတော့ ထူးထူးခြားခြား.. မုန့်ဟင်းခါး ဆွမ်းဘုဉ်းပေးဖို့ လက်အုပ်ချီလျှောက်ထားသူ၊ နေရာ ခင်း ကျင်းပေးသူ၊ မုန့်ဟင်းခါးပြင်ဆင်ပေးသူ၊ မုန့်ဟင်းခါး ဆက်ကပ်သူ၊ ရေနွေးကြမ်း ငှဲ့ပေးသူ၊ လိုက်ပွဲ လိုက်ပေး သူ... စုံလို့..စုံလို့။

သံဃာတော်တွေ ကလည်း အများသား။ အထူး သဖြင့် စာသင်သား သံဃာတွေက အားပါး တစ်ရ ဘုဉ်းပေး ကြ၊ ချီးမြှောက်ကြ။
 

ဦးပဉ္ဇင်း ဦးတေဇော လည်း ဗိုက်ဆာဆာဖြင့် နှစ်ပွဲ တိတိ ဘုဉ်းပေးလိုက်ပြီး သင်္ကန်း ကလေးပြင်၊ သပိတ် ကလေး ပွေ့ပိုက် လိုက်ကာမှ အလှူရှင် ဒကာမကြီး ရောက်လာ၊ လျှောက်ထားလို့  ရပ်တော်မူလျက်ပင် နားထောင်နေလိုက်မိတယ်။


 
''ဘုဉ်းပေးကြပါဘုရား.... တပည့်တော်က သံဃာ ဆို ကြည်ညိုပြီးသား ဘုရား.... မဘသ ဆိုရင်တော့ ကန်တော့ ဆွမ်းပဲ လောင်းပါတယ် ဘုရား.....''
 

အရပ်က ပုပု၊ အသားကဖြူဖြူ၊ မျက်မှန်က ထူထူ၊ အနွေးထည် ကလည်း အထူကြီး။ ပိုက်ဆံအိတ်ကြီး ကို ချိုင်းကြား ညှပ်လျက် လျှောက်ပြီး ဟိုဘက်ဝိုင်း ထွက်သွားတာ လှမ်းမြင်လိုက်မိပါတယ်။
 


(၂)
ဦးတေဇော စိတ်မငြိမ်။
မသဒ္ဓါ မုန့်ဟင်းခါး စားမိသွားခဲ့...။

မဘသ အဖွဲ့ဝင် တစ်ပါးက မဘသ ကန်တော့ဆွမ်း အိမ်မှာ ဆွမ်း ဝင်စားမိသလိုဖြစ်၊ အပြစ်များ ဖြစ်လေရော့ မလား။ ဘဏ္ဍာစား အဖြစ် တန်ဖိုးငွေ ပြန်လျော်ပေးရတော့မလား တွေဝေနေမိသည်။

ဦးတေဇော က ကန့်ဘလူ ဇာတိ၊ မန္တလေး မဘသ ရုံးမှာ တာဝန်ကျနေသူ၊ မနက်ဆို ဆွမ်းခံ၊ နေ့လယ်ဆို ရုံးမှာ အလုပ်လုပ်၊ ည ဆို ဦးဆောင် နာယက ဆရာတော်တွေထံ အမှုတွဲတွေ လိုက်ကပ်၊ ဆရာတော်တွေ ညွှန်ကြားတဲ့ အတိုင်း လုပ်စရာရှိတာ ဆက်လုပ်ရတဲ့ အကူအညီပေးနိုင်ရေး တာဝန်ခံ။

မဘသ ကန်တော့ဆွမ်း ဒကာမကြီးနှင့် ဒေါင်ဒေါင်မြည် မဘသ ဆရာတော်လေး တို့ ဆက်ဆံရေး အဖြေ ရှာဖွေနေခိုက်။
 

 နေရာလည်း မဖယ်၊ ပြန်လည်း မကြွ၊ ထိုင်လည်း မထိုင်ဘဲ အတွေးနယ် ချဲ့နေသော ဦးတေဇော ကို အနီးရှိ သံဃာငယ်လေးများ က လက်တို့ပြီး မေးမြန်းကြ...။

''အရှင်ဘုရား... စိတ်ထဲ မထားပါနဲ့။ ကြွသာကြွပါ။''
''ဆိုင်းဘုတ် တပ်ထားတာမှ မဟုတ်တာ။ ဘယ်တတ်နိုင်မလဲ။''
''သည်းခံပါ ကိုယ်တော် .... သည်းခံပါ''
''စိတ်မရှိပါနဲ့ ငါ့ရှင်...။''
''ဒီလောက်တောင် ရှိတာ ပြန်လျော် လိုက်ကွာ....''



(၃)
အလှူရှင် အမျိုးသမီးကြီးရှေ့ မတ်တပ် ရပ်မိသွားသူက ဦးတေဇော...။
''အရှင်ဘုရားပြည့်စုံရဲ့လားဘုရား...။''
ခေါင်းညိတ်ပြီး အဖြေပေးလိုက်မိ။
''ဘာ အလိုရှိလို့လဲ ဘုရား....။''
ပြန်မဖြေမိ။
 


မျက်လွှာ ချထားရာမှ အမျိုးသမီးကြီး မျက်နှာကို စိုက်ကြည့်ပြီး..
''ကျုပ်က မဘသ ဗျ''
ရုတ်တရတ် အမျိုးသမီးကြီး လက်အုပ် ကလေး ပြုတ်ကျသွား။
တပည့်တပန်း များ ဝိုင်းအုံလာ။
အမျိုးသမီးကြီးကို ဝန်းရံထားကြ။
 

''ဒကာမကြီး မသဒ္ဓါတဲ့ ဆွမ်းကို မှ စားမိ ခဲ့ပြီ။''
''အရှင်ဘုရား ကိစ္စမရှိပါဘူး ဘုရား''
အမျိုးသမီးတွေ က ဝိုင်းပြောကြ။
 


အမျိုးသမီးကြီး က စူးစူးဝါးဝါး စိုက်ကြည့် နေ။
''ကျုပ်ကလည်း မသဒ္ဓါတဲ့ ဆွမ်း စားတဲ့ သူ မဟုတ်ဘူး။''
အသံက ခပ်ပြတ်ပြတ်။
 


''ဆရာတော်... ဘယ်လို မှ မအောက်မေ့ ပါနဲ့''
အမျိုးသားများ က ဝိုင်းလျှောက်ကြ။
ဦးတေဇော ညာဘက်လက်က ရင်ဘတ် ကို လိုက်စမ်းနေ။
တစ်ထောင် ကျပ်တန် ငွေစက္ကူလေး တစ်ရွက်....။
 


''ရော့ .... နှစ်ပွဲစာ''
ဘယ်သူမှ မယူကြ။
ဝိုင်းဝန်းတောင်းပန်သံတွေ ဆူညံသွား။
ဆွမ်းခံ သံဃာများ ဝိုင်းအုံလာ။
 


''ပြောမှားဆိုမှား ရှိရင် ခွင့်လွှတ်ပါဘုရား''
အမျိုးသားကြီး တစ်ယောက် အပြေး အလွှား လာလျှောက်သည်။
'မိန်းမ... မင်းဘယ်လို...ဖြစ်...''
စကားတွေ က ထစ်ထစ်ငေါ့ငေါ့။
 


''ကျုပ် မန္တလေး မဘသ အဖွဲ့ ကပါ။ ကင်းဝန် မင်းကြီးတိုက်၊ အကျော်ကျောင်း မှာ ရုံးထိုင်ပါတယ်။ ကုလားတွေကြောင့် ဒုက္ခ ရောက်တဲ့ သူတွေ ကျုပ်နဲ့ အရင်တွေ့ရတာပါ။ ကျုပ်တို့ မဘသ က အမြဲတမ်း အကူ အညီပေး နေပါတယ်။''
 


တရားဟောတဲ့ လေသံတော့ မဟုတ်။ မိန့်ခွန်းပြောနေသလို ပုံစံမျိုး။
''တင်ပါ့.... ကြည်ညိုပါတယ် ဘုရား''
စကားထစ်သော အမျိုးသားကြီး ရဲ့ တောင်းပန် တိုးလျှိုးသံ။
 


တစ်ထောင်ကျပ်တန် ငွေစက္ကူလေး က ကန်တော့ဆွမ်း အလှူရှင် အမျိုးသမီးကြီး ရဲ့ ရှေ့တည့်တည့်မှာ ကျရောက်သွား။
ဟင်...
ဟာ....
ဟယ်....
အေ....
အို.....
အယ်....
ဟိုက်.....
အာမေဍိတ်သံတွေ စုံလင်သွား။
တစ်လှမ်းချင်းပြန်ကြွလာသူက ဦးတေဇော။



(၄)
အမျိုးသမီးကြီး မျက်ရည်တွေ စီးကျနေ။
အမျိုးသမီးလေးတွေ က တွဲခေါ်သွားကြ။
အမျိုးသားကြီး က ဦးတေဇော ကျောပြင် ကို ငေးမောလျက်။
တစ်ထောင်ကျပ်တန်လေး ကို လူငယ်လေး က ကောက်ဖို့ပြင်။



(၅)
အပြန် ဝင်နေကျ ဆွမ်းခံအိမ်တွေဆီ မဝင်ဖြစ်တော့။
မဘသ ဆို ကန်တော့ဆွမ်း...။
သံဃာ ဆို ကြည်ညိုပြီးသား။
အမျိုးသမီးကြီး စကားက နားဝ မှ မထွက်။
 


မဘသ အဖွဲ့က သံဃာတွေ မဟုတ်ဘူးလား။
သီတဂူ ဆရာတော်၊ ရွာမ ဆရာတော်၊ တိပိဋက ဆရာတော်၊ ဓမ္မကထိက ဆရာတော်၊ ပရိယတ္တိ ဆရာတော်၊ ပဋိပတ္တိ ဆရာတော်၊ ဒီ ဆရာတော်တွေက ဦးဆောင်နေတာ မဟုတ်ဘူးလား။ ဒီ ဆရာတော်တွေက သံဃာ မဟုတ်ဘူးလား။ ဦးတေဇော စိတ်ထဲမှာ အတွေးမျိုးစုံ နဲ့ အမေးမျိုးစုံ။



(၆)
ရုံး ကို ပြန်ရောက်တော့ ဧည့်သည်လေးငါးဦး ရောက်ရှိနေ။
သူတို့ကြည့်ရတာ လူရုပ် မပေါ်။
ဒုက္ခသည်မှန်း တန်း သိလိုက်ရ။
ရင်ထဲက ဝေဒနာတွေ ကို အသာထား။
သပိတ် ကလေး ဆွမ်းတော်တင်၊ ဘုရား ကပ်ပြီး ဦးသုံးကြိမ်ချ လိုက်မှ ရင်ထဲပေါ့သွား။



(၇)
''ဘုန်းဘုန်း ဘုရား...။ ဒီ ကလေးမလေး ပါ။ အဓမ္မ အကျင့် ခံရတာ''
ကျင့်တဲ့သူက ဘာသာခြား၊ အလုပ်ရှင်၊ သား နဲ့ မယား နဲ့။ အကျင့်ခံရသူက ဗမာ အလုပ်သမ။ စာမတတ် ပေမတတ်။ အကူအညီတောင်းခံလွှာ ဖောင်ဖြည့်ပေးနေမိ။ ဦးဆောင် နာယက ဆရာတော်ထံ ဖုန်းဆက်လျှောက်ထား။ ထုံးစံ အတိုင်း နေရပ်လိပ်စာ အပြည့်အစုံ၊ ဘာသာခြား မုဒိမ်း သမား ဓာတ်ပုံတွေ စုစည်း။



(၈)
လောလောဆယ် အလုပ် မဆင်းနိုင်သေးခင် သုံးဖို့ တစ်သိန်းပေး လိုက်တယ်။
''ဘာမှ အားမငယ် နဲ့။ ဘယ်သူ့မှလည်း မကြောက်နဲ့။ အားနာ စရာလည်း မလိုဘူး။ ရှက်စရာလည်း မလိုဘူး။ အမှန် အတိုင်း ထွက်ဆို။''
 


''အပို အလိုတွေ မထည့်ရဘူး။ ဘုန်းဘုန်း ရဲစခန်းကို ဖုန်းဆက်ထားတယ်။ အမှုပြီးတဲ့ အထိလည်း ကူညီမယ်။ အလုပ်လည်း ရှာပေးမယ်။ ဟုတ်ပြီလား။''
မိန့်လည်း မိန့်ကြား၊ စီစဉ်စရာ ရှိတာလည်း စီစဉ်ထား။
 

''ဟေ့ကောင်တွေ သွား....................ကို လိုက်ပို့လိုက်။ ငါ ဖုန်းဆက်ပြီးပြီ။''
မိန်းကလေး လုံခြုံရေး အတွက် ဘုန်းကြီးကျောင်းတိုက် ထဲမှ သီလရှင်တွေ၊ ဘက ဆရာမတွေ၊ သင်တန်း ဆရာမတွေနှင့် အတူ ထားဖို့ စီစဉ်နေခြင်းဖြစ်။



(၉)
ဦးတေဇော ကားခေါင်းခန်း ထဲမှာ ငူငူကြီး ထိုင်။
မဘသ ကန်တော့ဆွမ်း ဆိုတဲ့ ကောင်မတွေ ဒါတွေကို မြင်လိုက်စေချင်ရဲ့။
တွေးရင်း တွေးရင်း ဝမ်းနည်းနေမိ။
မျက်ရည်လေး က ဝဲတဲ ဝဲတဲ။ မျက်လုံး လေးက ကလယ်ကလယ်။
 


''တောက်''
ဟိန်းထွက်သွားတဲ့ သူ့ အသံကြောင့် ကားဆရာ က လှည့်ကြည့်မိ။

''ဦးဇင်း... ဘယ်လို ခံစားရမယ်ဆိုတာ ကိုယ်ချင်း စာပါတယ် ဦးဇင်း....။ တရားနဲ့ သာ ဖြေလိုက်ပါ။ တစ်ချိန်မှာ အဖြေပေါ်မှာပါ။ နိုင်ငံရေး သွေးပူနေကြလို့ စေတနာ ကို ဝေဒနာ ထင်နေကြတာပါ''
ဦးဆောင် နာယက ဆရာတော် ရဲ့ နှစ်သိမ့် စကား ကြားယောင်နေမိ။



 သြော် ......
မဘသ.... မဘသ......
မဘသဖြစ်ရတဲ့ ဘဝ ဟာ တစ်ကယ် မလွယ် ပါလား.....



ဝီရသူ (မစိုးရိမ်)
1.2.2016 ရက်နေ့ထုတ် အတုမရှိဂျာနယ် အတွဲ ၂ အမှတ် ၂၀

 Lin Htike Alarm

No comments:

Post a Comment