Sunday, May 29, 2016

မြန်မာနိုင်ငံ မှာ ကိုယ်ပိုင်ဂြိုလ်တု လွှတ်တင်နိုင်ဖို့ ဆိုရင်



စာဖတ်သူ မြန်မာပြည်သူ ပြည်သားများ အားလုံးလဲ မှတ်မိကြဦးမှာပါ ။  မနှစ်က Global Trajectory Optimisition Competition ဆိုတဲ့ အာကာသ ပတ်လမ်း ကို ကုန်ကျမှု အသက်သာဆုံး နဲ့ အထိရောက်ဆုံး တွက်ချက်မှုပြိုင်ပွဲ မှာ  Moscow Avitition Institute မှာ Dotor of Science ကို (၂၀၁၂ မှ-ယနေ့ထိ) ခုနှစ်မှ စ၍ တက်ရောက် သင်ကြားနေတဲ့ မြန်မာ့ တပ်မတော်သား ဗိုလ်မူး မင်းသိန်း နဲ့ အဖွဲ့ဟာ  နိုင်ငံပေါင်း (၄၀) ကျော် ဝင်ရောက် ယှဉ်ရာမှာ  ကမ္ဘာ့အဆင့် (၆) ရရှိခဲ့ပါတယ်။ အဲ့ဒီ အကြောင်းကို ဤနေရာမှာ ဖတ်နိုင်ပါတယ်။

>> https://www.facebook.com/knge1/posts/10208187304581216?pnref=story

မကြာသေးခင်က မှ အကို တစ်ယောက်နဲ့  မြန်မာပြည်မှာ မီးတွေပြတ်နေတာတွေ  ဆက်သွယ်ရေး Internet တွေ အဆင် မပြေတာတွေ ပြောရင်း ပြောမိတာလေး တစ်ခုက ဒီလို ရေအား လျှပ်စစ် အပေါ် အားထား နေရသေးတယ် ဆိုရင်တော့  မီးတွေလည်း မကြာမကြာ ပြတ်နေဦးမှာပဲ။
 

Nuclear စွမ်းအင် ကနေ လျှပ်စစ် မရမချင်း မြန်မာနိုင်ငံကြီး ကို ည အချိန်ကောင်းကင် က ကြည့်ရင် မှောင်နေ ဦးမှာပဲ။ တစ်ချိန်ထဲ ကိုယ်ပိုင်ဂြိုယ်တု မပိုင်ပဲ ငှားသုံးနေရတော့ ဆက်သွယ်ရေးက အဆင်မပြေ တစ်နိုင်ငံလုံး အနေအထား နဲ့ပြောထားပါ ။
 

Cyber လုံခြုံမှု ကတော့ လုံးဝပဲ ။နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ လုံခြုံရေး ကာကွယ်ရေးဘက်မှာ ဆိုရင်
ဂြိုလ်တုတွေဘယ်လောက် လိုတယ်ဆိုတာ  ယနေ့ခေတ် လူတိုင်း သတိပြုမိမှာပါ ။
 

အစစ အရာရာ သူတစ်ပါးကို မှီခိုလာရသည်ကား အချိန်ကြာညောင်းခဲ့ပြီ။  ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ အချိန်တန်လေပြီ။  ကိုယ့်လူမျိုး အကြောင်းတွေ တစ်ဘက်နိုင်ငံ က မသိချင်မှ အဆုံး ၊ အများကြီး ပါ ဂြိုလ်တု မပိုင်တဲ့ အကျိုးဆက်တွေ။  ဆက်သွယ်ရေး မကောင်းတဲ့ နိုင်ငံ ကတော့ အများထက် နောက်ကျပြီး ကျန်ခဲ့ဦး မှာပဲ။
 

အခု အချိန်ထိ mobile broadband services provider  တွေ အခုအချိန်ထိ မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။
မြန်မာပြည်ပြန်လာတော့ အင်တာနက် ကြော်ငြာလေးတွေ တွေ့တယ်။ (၁)မိနစ် ဘယ်လောက်နဲ့ပေါ့။ အပြိုင်ကြော်ငြာနေကြသည်။ ကျနော်တို့ဟာ တစ်မိနစ် စာလေးလေးပဲ တွက်တာ။
 

ထို တစ်နာရီ ကို တစ်မိနစ်စာ နဲ့မြောက်။ တစ်မိနစ်စာ သာ မြင်ကြသည် တစ်ရက် စာ ကြိုမတွက်ကြ။
အင်တာနက် ကို လပေးစနစ် နဲ့ စိတ်ကြိုက် သုံးတွေနဲ့ mobile broadband services provider မလုပ်ပဲ
ဒီလို မိနစ်နဲ့ရောင်းနေသ၍ ကာလပတ်လုံး အချိန်ရှိသ၍  သူတို့အတွက် အချိန်သည်ရွှေ ဆိုသည်မှာ
သူတို့ အတွက် နိယာမပင်။ 


သန်း(၂၀) လောက်က  တစ်မိနစ် (၁) ကျပ်တန် နဲ့ တစ်မိနစ် သုံးလိုက်တိုင်း သူတို့မှာ  တစ်မိနစ် ကို သန်း (၂၀)ဝင်နေပါပြီ။ တစ်ရက် တစ်ရက် နိုင်ငံခြား ကုမ္ပဏီကြီး (၂) ခု ရတဲ့ငွေတွေက  ကြောက် စရာပါလား။
 

ပြောချင်တာက ကိုယ်ပိုင်ဂြိုလ်တုတွေ ပိုင်သင့်နေပြီ  Nuclear ကနေ မီးအားတွေ ထုတ်သင့်နေပြီ ။ ကျနော် တို့ တစ်တွေ ကိုယ်ကျင့် သီလတွေကောင်းမွန်ပြီး ငါ ငါ့အတွက် ငါ့ မိသားစု ဆိုတာလေးကို
လျော့ပြီး တိုင်းပြည် အတွက် အတူတူ အလုပ် လုပ်ကြရမည် ။



ဗိုလ်ချုပ်ခေတ် က ဗိုလ်ချုပ်ထက် တော်တဲ့သူတွေ  အများကြီးပဲ ဒါပေမယ့် ဗိုလ်ချုပ်က  ဘာလို့ ရှေ့ရောက် တာလဲ ဆိုရင် ဗိုလ်ချုပ်ရဲ့ ကိုယ်ကျင့်တရား ကို မယှဉ်နိုင်လို့ပဲ။
 

တစ်ကယ်တော့ ကိုယ့်ကျင့် တရား ဆိုတာ အတော်ထိန်းဖို့ ခက်တဲ့ အရာတစ်ခုပဲ ကျတော် က ဒါ ဝန်ထမ်း တစ်ယောက် အနေနဲ့  တပ်မတော်သား တစ်ယောက် အနေနဲ့  ကိုယ်ကျင့်တရား ဆိုတာ ဒီလောက် ပဲပြော တာပါ။
 

 လောကုတ္တရာ အပိုင်းမှာတော့ အများကြီးပေါ့ဗျာ။  ဝန်ထမ်းတွေ အထိတွေ့ရဆုံးကလည်း ရာထူး တစ်ခု ကို တာဝန် ထမ်းဆောင်ရမယ် ဆိုရင် ကိုယ်ကျင့်သီလ ကတော့ ခြေထောက်ပဲ။ အဓိက ကတော့  အချောင်နေ ရင်း ပိုက်ဆံ မက်လာတဲ့ စိတ်ကို ထိန်းနိုင်အောင်လို့ပဲ။ 

ငါ ငါ့အတွက်များလာရင် တိုင်းပြည် ဘယ်လောက်  ချစ်တယ်ပြောပြော အတုကြီးပဲဖြစ်နေမှာပါ။ ဒီ အဂတိ တရားလေးပါး နဲ့ ပိုက်ဆံ ပဲလေ။ ဒီ အရာကို  ထိန်းနိုင်ရင်တော်တော် ကောင်းတဲ့ လူကောင်းဖြစ်နေပါပြီ။


မနေ့ကပဲ ဗိုလ်မူး မင်းသိန်း ရဲ့ကြွေးကြော်သံကို  သူ့ဖေ့ဘွတ်မှာ ဖတ်လိုက်ရတယ်။ ဒီနေရာမှာတော့
ဗိုလ်မှူးမင်းသိန်း ကို တပ်မတော် က ဗိုလ်မှူး  တစ်ယောက်အနေ နဲ့သာ မမြင်ဘဲ ဒုံးပျံ နဲ့ အာကာသ  နည်း ပညာဆိုင်ရာ ပီအိပ်ခ်ျဒီ ရထားတဲ့ ဒေါက်တာ  Moscow Aviation Institute က  ရရှိ ထားသူ တစ်ယောက် အနေနဲ့ မြင်စေချင်ပါတယ်။ 


ကမ္ဘာ့ အာကာသ သူရဲကောင်း စာရင်းထဲမှာ  ဗိုလ်မူးမင်းသိန်း တက်နေတဲ့ Moscow Aviation Institute
ကျောင်းဆင်း အရေအတွက် က Califonia Institute of Technology ထက်ပိုများပါတယ်။


ဗိုလ်မှူးမင်းသိန်း ဟာ အနောက်နိုင်ငံများနှင့် အာရှနိုင်ငံ များ ကဲ့သို့  PhD ကို (၂၀၁၂)မှာ ရရှိပြီးပါပြီ။ အခုက ရုရှား ပညာရေး စနစ် ရဲ့ ပညာရှင် ဆန်တဲ့  အပိုင်းဖြစ်တဲ့ Doctor of Science ကို တက်နေတာပါ။
 

ရုရှား ဘာသာစကား ဟာ ကမ္ဘာပေါ်မှာ အခက်အခဲဆုံး  ထဲမှာ ပါပါတယ်။ English စာ တတ်ရုံ နဲ့ မရပါဘူး။
သူတို့ပညာ ကို နှိုက်ချင်ရင် သူတို့ဘာသာ စကားပါ  ကျွမ်းကျင်မှ အဆင်ပြေတဲ့နိုင်ငံပါ။

ဗိုလ်မူးမင်းသိန်း ရဲ့မူရင်း Post အတိုင်း တင်ပြလိုက်ရပါတယ်။   >>>>

★ မြန်မာနိုင်ငံ ပို့ဆောင်ရေး နဲ့ ဆက်သွယ်ေ၇း ဝန်ကြီးဌာန နဲ့  IntelSat တို့ ဒီနေ့ စာချုပ် ချုပ်ကြတဲ့ သတင်းကို IntelSat အင်တာနက်  စာမျက်နှာမှာ ဖတ်လိုက်ရတယ်။ လက်ရှိ အခြေအနေ အရ ကိုယ်ပိုင် ဂြိုလ်တု မရှိသေး တဲ့ အချိန်မှာ မြန်မာနိုင်ငံ ရဲ့ ဆက်သွယ်ေ၇း ကဏ္ဌ ပိုမိုတိုးတက်ရေး အတွက် ငှားသုံး တာကို ကျွန်တော့် အနေနဲ့  လက်ခံပေမယ့် ရေရှည်မှာတော့ ကိုယ်ပိုင်ဂြိုလ်တု ပိုင်ဆိုင်နိုင်ရေး ကို  နိုင်ငံတော် အစိုးရ အနေ နဲ့ စီမံဆောင်ရွက်ရမယ် လို့ ထင်ပါတယ်။

ကိုယ်ပိုင် ဂြိုလ်တု ပိုင်ဆိုင်နိုင်ရေး အတွက် နိုင်ငံတော် အဆင့် မူဝါဒရေးရာကော်မတီကို သက်ဆိုင်ရာ ဝန်ကြီးများ တပ်မတော်က  သက်ဆိုင်ရာ အရာရှိချုပ်များ၊ ညွန်ကြားေ၇းမှူးများ နဲ့ ဖွဲ့စည်းပြီး ဥက္ကဌ အဖြစ် (အခု လက်ရှိ အစိုးရ လက်ထက်မှာတော့) နိုင်ငံတော် အတိုင်ပင်ခံ က ဖြစ်ဖြစ်၊  ဒုတိယ သမ္မတ တစ်ဦးဦး ကဖြစ်ဖြစ် တာဝန်ယူကာ အတွင်းရေးမှူး အဖြစ် အသက်ဆိုင်ဆုံး ဝန်ကြီးကတာဝန်ယူ ဖွဲ့စည်း စေချင်ပါတယ်။
 


အဲဒီ မူဝါဒရေးရာကော်မတီ ရဲ့ အောက်မှာမှ လုပ်ငန်းကော်မတီ ကို  သက်ဆိုင်ရာ ညွန်ချုပ်များ၊ တပ်မတော် မှာ တာဝန်ရှိသူများနဲ့ ဖွဲ့စည်းပြီး ဥက္ကဌ အဖြစ် မူဝါဒရေးရာ ကော်မတီ  အတွင်းရေးမှူးက ဆောင်ရွက်စေချင် ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဟိုတစ်နေ့က နောင်တော် တစ်ယောက်က  သံတမန်လောက မှာ အောင်မြင်စွာ ကျင် 
လည်နေတယ် လို့  ကျွန်တော်ရေးတော့ ဦးသိန်းရော ဘယ်လောက မှာ ကျင်လည်မှာလဲ ဆိုပြီး
မိတ်ဆွေ တစ်ယောက်က မေးတယ် ။ အခုရေးပြတဲ့  အကြောင်းအရာနဲ့ ဆက်စပ်ပြီး ပြန်လည်  ဖြေကြား 

ရမယ် ဆိုရင် အထက် မှာ ကျွန်တော်ရေးထားတဲ့  လုပ်ငန်းကော်မတီမှာ အနည်းဆုံး အဖွဲ့ဝင်အဖြစ် သို့မဟုတ် ကျွန်တော့်ကို ယုံကြည်တယ် ဆိုရင်  တွဲဖက် အတွင်းရေးမှူးဖြစ်ဖြစ်၊ အတွင်းရေးမှူးဖြစ်ဖြစ်  ဆောင်ရွက် ချင်တယ်။ 

ကျွန်တော်က ဒီလိုပြောလို့ ဦးသိန်း တစ်ယောက်  ရာထူးကြီးကြီး ကို လိုချင်တယ်လို့ မထင်စေချင်ပါဘူး။
ကျွန်တော် လိုချင်တာက တာဝန်ပါ။ ကျွန်တော့်ကိုသာ အဲဒီ  တာဝန်ပေးမယ် ဆိုရင် ၁၀စုနှစ် တစ်ခု အတွင်း
ကျွန်တော်တို့ နိုင်ငံ Multifunctional satellite တစ်လုံး ပိုင်ဆိုင်ရေး၊ အကုန်အကျ သက်သာစွာ နဲ့ ပိုမို
အသုံး တည့်နိုင်မယ့် ဂြိုလ်တု တစ်လုံး ပိုင်ဆိုင်နိုင်ရေး  အတွက် Russian Space Agency  လက်အောက်ခံ Space Centers များ အပြင်  တစ်ကမ္ဘာလုံး က ကောင်းမွန်တဲ့  အာကာသ နည်းပညာဆိုင်ရာ ကုမ္ပဏီ
တွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးနိုင်မယ် လို့ ထင်ပါတယ်။


ဒီနေရာမှာတော့ ကျွန်တော့် ကို တပ်မတော် က ဗိုလ်မှူး  တစ်ယောက် အနေနဲ့သာ မမြင်ဘဲ ဒုံးပျံ နဲ့ အာကာသ  နည်းပညာဆိုင်ရာ ပီအိပ်ခ်ျဒီ ရထားတဲ့ ဒေါက်တာ Moscow Aviation Institute က ရရှိထားသူ တစ်ယောက်အနေနဲ့ မြင်စေချင်ပါတယ်။ 

ကမ္ဘာ့ အာကာသ သူရဲကောင်း စာရင်းထဲမှာ Moscow Aviation Institute ကျောင်းဆင်း အရေအတွက်က
Califonia Institute of Technology ထက်ပိုများပါတယ်။  ခုလောလောဆယ်တော့  Space systems and rocket engineering department မှာ အချိန်ပိုင်း Associated professor လုပ်ရင်း သုတေသန လုပ်ကာ ဒုံးပျံ နဲ့ အာကာသ ယာဉ်များ ရဲ့ လမ်းကြောင်း တွက်ချက်မှု ဆိုင်ရာ နည်းလမ်း အသစ် တွေ ချပြပြီး
Doctor of Science ဘွဲ့ကို ရယူဘို့ ကြိုးစားနေပါတယ်။


ကျွန်တော့် ရဲ့ အိပ်မက် ကတော့ မြန်မာနိုင်ငံမှာ  တစ်နေ့ကျရင် ဒုံးပျံ နဲ့  အာကာသ နုည်းပညာတွေ တိုးတက် ဖွံ့ဖြိုးစေရမယ်။  တပ်မတော်အတွက် ပြည်တွင်းမှာ သုံးဘို့ ဒုံးပျံတွေ ကိုယ်တိုင်  ထုတ်လုပ်နိုင်ရမယ်။
 

နိုင်ငံတော် ကာကွယ်ရေး အတွက် လိုအပ်လို့  ဝယ်သုံးရမယ့် ဒုံးပျံတွေ ရှိလာရင်လဲ  အကောင်းဆုံး အသုံး ချနိုင်ရမယ်။  အိပ်မက်တွေ ကတော့ အများကြီးဘဲ။
 

ဒီ စကားတွေကို လွန်ခဲ့တဲ့ ၁၈ နှစ်ထဲက  ကျွန်တော် နဲ့ အပတ်စဉ်တူတွေကို  ကျွန်တော်ပြောခဲ့တာ။ အခုလဲ ပြောတုန်း ဘဲ။ ဒီထက်  အိပ်မက်တွေ ပိုများအောင် ခဏနေရင် အိပ်တော့မယ်။


★ Mintheino★ >>>>>
ဒါတွေက Global Trajectory Optimisition Competition  ကမ္ဘာ့ အဆင့် ၆ ရထားတဲ့ တပ်မတော်သား ဗိုလ်မူး မင်းသိန်းရဲ့ ကြွေးကြော်သံပါ။
 


သူရဲ့အရည်အချင်း ကို စုံစမ်းချင်တယ် ဆိုရင်တော့  သူနေထိုင်တဲ့ အသိုင်းအဝိုင်း လူမှု ပတ်ဝန်းကျင်မှာ
မိမိနှစ်သက် သလို မေးမြန်းစုံးစမ်းနိုင်ပါတယ်။ ကျနော်မော်စကို မှာ သုံးနှစ်နေခဲ့တဲ့ အချိန်မှာ ဗိုလ်မူး မင်းသိန်း ကို ၂ခါပဲ တွေ့ဖူးပါတယ်။
 

ပထမ တစ်ခါကတော့ သီတဂူ ဆရာတော်ဘုရားကြီး ဗုဒ္ဓ စင်တာဆောက်မယ် လုပ်တော့ မြန်မာ သံရုံးမှာ
ကျောင်းသားခေါင်းဆောင်တွေနဲ့  အစည်းအဝေး လုပ်တော့ ရုရှားနိုင်ငံ ရဲ့ ဘာသာရေး ဆိုင်ရာ
အဆောက် အဦး ဥပဒေတွေကို ပြောသွားတာပါ။  တော်တော်ကို နှံ့နှံ့ စပ်စပ်ပါပဲ။  နာမည်ပဲ ကြားဖူး တာ အော် အခုမှ တော်တော် ဗဟုသုတ ကြွယ်ပါလား ဆိုပြီး သိခွင့်ရခဲ့တာပါ။ မိတ်တော့ မဆက်ဖူး ပါဘူး။


 နောက်တစ်ခု ကတော့ မော်စကို Metro Pushkinskaya မှာ  တစ်ခါ လမ်းမှာတွေ့တော့ နှုတ်ဆက်ဖူးပါတယ်။
ဖေ့ဘွတ်ဝေါ မှာ လည်း သူ တင်တာတွေ ဖတ်ပြီး သူ့အကြောင်းဆို  ကျနော့် ညီငယ်တွေ ကို ပညာရေးနဲ့ ပတ်သက်ပြီး ဒီလို အတုယူဖို့ အမြဲပြောပါတယ်။ 

လူချင်း မခင်သော်လည်းပဲ  သူ့ရဲ့အရည်အချင်း ကို  ဂုဏ်ယူဖွယ်ရာ ပြောနေမိတာပါ။ မြန်မာတွေမှာ ကလည်း ကရုဏာမေတ္တာ နဲ့ ပတ်သတ်ရင် အတော်  အားကောင်းသလောက် မုဒိတာ စိတ်ထားတွေ အလွန် နည်းကြပါတယ်။  စိတ်မကောင်းစရာပါ။ 

ကိုယ့်ထက်သာတဲ့သူ အကြောင်းပြောရင် စကားလမ်းကြောင်း လွှဲတာ အာ... သူက ဘာပါကွာ ဆိုပြီး ပြော တာ။  အကြိမ်ကြိမ်တွေ့ခဲ့ဖူးပါသည်။ ချီးမြောက်သင့်သူကို  ချီးမြောက်ချင်းသည် ပင်လျှင်မြတ်ဗုဒ္ဓ ရဲ့မင်္ဂလာ တစ်ပါးပေတည်း။ 

ဒီနေရာမှာ အတိုး မရသော်လည်း  အရင်းမဆုံးပါ- ဆိုသည်ကို ရှင်းပြလိုပါသည်။
တစ်ချို့သော သူများက မြင်ကျတယ်။  ရုရှားမှာ ပညာသင်နေတာ  နိုင်ငံဘက်ဂျက် ကို ဖြုန်းတီးနေတာပါတဲ့။ ဒီနေရာမှာ ကျနော်က တိုင်းတစ်ပါး ကို ပညာသင်တဲ့ အကြောင်း နဲ့ စိတ်ဓာတ် ခံယူချက်ကို  သီတဂူ ဆရာတော်ကြီး ပြောတဲ့ အကြောင်းလေးကို မျှဝေချင်ပါတယ်။
 

"ဘုန်းကြီး တို့ရဲ့သီတဂူ ဒကာ တော်ဝင်ဆေးရုံ ရဲ့ MD ဒေါက်တာမြတ်သူက အင်္ဂလန်နိုင်ငံ ကို ဆရာဝန် (၅၀) လောက် ပညာတော်သင်  လွတ်လိုက်တာ အကုန်လုံး  သင်စားရိတ် စားစရိတ် အကုန်ကျခံပြီး လွတ်လိုက်တာ  စာလည်းသင်ပြီး ပြီးရော  မြန်မာပြည်ပြန်လာတာ က လက်ချိုးရေလို့ ရတယ်တဲ့။ သုံးယောက် ပဲ ပြန်လာကြတယ်" ဆိုလိုတာက အတိုးရော အရင်းပါ ဆုံးတယ်ပေါ့ဗျာ။

မြန်မာ ပညာတော်သင်တွေ တော်တော် များများဟာ နိုင်ငံခြားကို  ပညာတော်သင် သွားပြီ ဆိုတာနဲ့ ပြန်ပြီး ကိုယ့်နိုင်ငံ ကို ပြန်လာတဲ့သူ ပြန်ပြီး အကျိုးပြုတဲ့သူ တော်တော် ရှားပါတယ်။  ဘာကြောင့်ဆိုတာကိုတော့
ကျနော် မရေးတော့ပါ။  အကြောင်း အမျိုးမျိုးကြောင့်ပေါ့လေ။


တပ်မတော်သားတွေ ကတော့ မဖြစ် မနေပြန်လာ ရတဲ့ တပ်မတော်သားဖြစ်တဲ့ အတွက်  အတိုး မရသည် ဆိုပါစေဦးတော့ အရင်းတော့မဆုံးပါ။
 

ဆိုလိုတာက အကုန်လုံးကို ဝါးလုံး နဲ့ သိမ်း၍ မရမ်းစေလိုပါ။  Quality ဆိုသည် Quantity ထဲမှ အမြဲထွက် လာ ရသည့် သဘောပင်။
 

Quantity မရှိရင် Quality ထွက်လာဖို့မမြင်။ မိမိ နဲ့ မတူရန်သူဆိုပြီး  သိမ်ဖျင်းသော ခံယူချက်တွေ ဖျောက်ပြီး ကျနော်တို့ မြန်မာနိုင်ငံအတွက်  အတူ ဝိုင်းဝန်းပြီး ဝစီကံ မှာပဲ လမ်းမဆုံးပဲ  ကာယကံမြောက် အလုပ်လုပ်ကြ ပါစို့လို့ ..  တိုက်တွန်းအပ်ပါတယ်။

 မြန်မာပြည်သူ ပြည်သားများအားလုံး စိတ်ချမ်းသားခြင်း အလျင်းပြည့်ဝကြပါစေ။  စိတ်ဆင်းရဲခြင်း အလျင်း ကင်းဝေးကြပါစေ။


★ဗိုလ်မူး မင်းသိန်းအား ဂုဏ်ပြုလျက်★ 


ဗိုလ်မူး မင်းသိန်း ၏ ဖေ့ဘွတ်စာမျက်နှာ >>>> https://www.facebook.com/min.theino

လူမှန်နေရာမှန် ပညာရှိ သူတော်ကောင်းများဖြင့်  အနာဂတ်မြန်မာပြည် အတွက် အားလုံး ဝိုင်းဝန်း
အမြန်ဆုံး အကောင် အထည်ဖော်နိုင်ကြပါစေ။



PayThoe
 Unofficial: Myanmaalinn's

No comments:

Post a Comment