Thursday, May 12, 2016

သင် သိထားသင့်တဲ့ အလွယ်တစ်ကူ ဖြေရှင်းနည်းလေးတွေ




 
ပုရွက်ဆိတ် ရန်က ကင်းဝေးအောင် သခွားသီး အခွံတွေကို ပုရွက်ဆိတ် တွင်းနားမှာ ထားပေးရင် ပုရွက်ဆိတ်တွေ ထွက်ပြေး ပါလိမ့်မယ်။
 

 ရေခဲတုံးတွေ မြန်မြန် ခဲပြီးတော့ ကြည်လင် လှပနေစေချင်ရင် ရေကို အရင် ဆူပွက်အောင် ကျိုပြီး မှ ရေခဲသေတ္တာ ထဲ ထည့်ပြီး အအေးခံလိုက်ရင် ကြည်လင်တဲ့ ရေခဲတုံးလေးတွေ ရလာပါလိမ့်မယ်။

မှန်တွေ ကို လုံးဝကြည်လင် သွားချင်ရင် အရက်ပြန် နဲ့ ပွတ်တိုက်ပါ။

အကျီတွေ မှာ ပီကေ တွေ ကပ်နေရင် ရေခဲသေတ္တာ ထဲမှာ တစ်နာရီလောက် အကျီကို အအေးခံ လိုက်ပါ ။ ပီကေတွေအေးခဲ သွားရင် ပီကေ ကို အလွယ်တစ်ကူ ခွာလို့ရပါပြီ။

အကျီ အဖြူတွေ ပိုမိုဖြူစင်ချင်တယ် ဆိုရင် ရေနွေး ပူထဲကို သံပုရာသီး အကွင်းလေးတွေ လှီးဖြတ်ပြီး ထည့် ထား ပါ။  အဲဒီရေထဲ ကို အကျီ ကို ၁၅ မိနစ်ခန့်စိမ်ပြီးမှ လျှော်လိုက်ပါ။



ဆံပင်တွေ တောက်ပြောင်စေချင်ရင် ရှာလကာရည် တစ်ဇွန်း ကို ဦးခေါင်း အနှံ့ပွတ်ပေးပြီး ငါးမိနစ်လောက်နေ ရင် ခေါင်းလျှော်ပါ။

အကျီ မှာ မင်တွေ စွန်းထင်းခဲ့ရင် သွားတိုက်ဆေး ကို သုတ်လိမ်းပြီး လုံးဝခြောက်သွားတဲ့ အထိထားပါ။ သွား တိုက်ဆေးခြောက်သွားရင် လျှော်လို့ရပါပြီ ။

ပြုတ်ပြီးသား အသီးတွေ သစ်ဥတွေ အခွံခွာမြန်စေချင် ရင် ပြုတ်ပြုတ် ပြီးခြင်း ရေခဲရေထဲ ထည့်လိုက် ပါ။ အခွံတွေ ကြွတက် လာပါလိမ့်မယ်။

No comments:

Post a Comment