Tuesday, March 22, 2016

Panasonic က အချက်အလက် များ သိုလှောင် သိမ်းဆည်း သည့် blu-ray data archiver ပထမဆုံး မိတ်ဆက်

မြ၀တီ's photo.




အချက်အလက် များစွာ ကို သိုလှောင် သိမ်းဆည်း ထားနိုင်ရန်နှင့် မှတ်တမ်းပြုထားနိုင်ရန် Panasonic ကုမ္ပဏီ မှ ၎င်း၏ lu-ray data archiver ကို စတင် မိတ်ဆက် ခဲ့ပြီ ဖြစ်သည်။ 

Panasonic ၏ blu-ray data archiver (blu-ray ဖြင့် အချက်အလက် များကို သိုလှောင် သိမ်းဆည်း ထားသည့် စနစ်) သည် Optical Dics များဖြင့် အချက်အလက် များကို သိုလှောင် သိမ်းဆည်း ထားနိုင်သည့် နည်း လမ်းဖြစ် ပြီး ယင်း အချက်အလက် များ၏ သက်တမ်း ကြာရှည် ခံနိုင်မှု (Data Lifespan) ကို ထူးခြားစွာ တိုးမြှင့်ပေးနိုင်သော မှတ်တမ်းပြု သိမ်းဆည်းခြင်း ဆိုင်ရာ နည်းပညာ များကို အသုံးပြု ထားကြောင်း သိရ သည်။

ကမ္ဘာတစ်ဝန်း ၌ ထုတ်လုပ်သည့် ဒစ်ဂျစ်တယ် အချက်အလက်များ သည် နောင်လာမည့် လေးနှစ်တာ ကာလ အတွင်း 45 zetta bytes(ZB) ဝန်းကျင်ခန့် အထိ ရောက်ရှိ လာမည်ဟု နည်းပညာရှင် များက ခန့်မှန်းကြသည်။ 

၎င်းအတွက် ထုထည် ကြီးမားစွာ ထွက်ပေါ် လာမည့် များပြားသော ဒစ်ဂျစ်တယ် အချက်အလက် များကို စီမံ ခန့်ခွဲနိုင်စေရန် ယုံကြည် စိတ်ချရမည့် စွမ်းဆောင်ရည် ပြည့်ဝသော သိုလှောင် ထိန်းသိမ်းမှုဆိုင်ရာ စနစ်များ ပို၍ လိုအပ်လာမည်ဖြစ်သည်။



အချက်အလက် များကို စုစည်း ထိန်းသိမ်း ရာတွင် Hard Disk Drive (HDD) များ၊ Tape များ ကို အသုံးပြုကာ သိမ်းဆည်း ရသော နည်းစနစ် များဖြင့် သိုလှောင် သိမ်းဆည်း ထားရသဖြင့် အဆိုပါ နည်းပညာများ သည် ရေရှည် ထိန်းသိမ်း ထားနိုင်မှု သက်တမ်း နည်းပါးပြီး စွမ်းအင် လိုအပ်ချက်များလည်း မြင့်မားစေသည်။ 

Panasonic ၏ blu-ray data archiver သည် အချက်အလက် များကို စိတ်ချ လက်ချ သိုလှောင် သိမ်းဆည်း ထားနိုင် ပြီး Tape (or) HDD archiver များထက် တာရှည် ခံနိုင်မှု ငါးဆ မှ ၁ဝ ဆ အထိ မြင့်မားကြောင်း သိရသည်။

ဝန်းရံခ

 မြ၀တီ

No comments:

Post a Comment