Tuesday, March 22, 2016

ဆဲလ်ဖီ ရိုက်ခြင်း ဟာ အသားအရေ အိုမင်းရင့်ရော်စေနိုင်



 



ညတိုင်း အိပ်ချိန် ၈ နာရီ မရဘူးဆိုရင် ဆိုဒီယမ် သို့မဟုတ် သကြား အလွန် အကျွံ လုံးဝ မသောက်မိ ပါစေနဲ့ ။ နောက် နေရောင်ခြည် ကာကွယ် ထိန်းသိမ်းမှုကို အထူး သတိ တရ ဆောင်ရွက်ပါ။ 

၂၆ နှစ် အရွယ် ယူကေ ဘလော့ဂါ Mehreen Baig က အရေးပြား ချို့ယွင်းမှု အသစ်( အမည်းကွက်၊ အဖြူဖုများ၊ အမည်းစက်) ကို သတိပြု မိခဲ့ပြီး သူမ ရဲ့ အကြိမ် ၅၀ ဆဲလ်ဖီ ရိုက်တဲ့ အကျင့် ကို အပြစ် ပုံချပြီး ဒီ အကြောင်း ကို Daily Mail သို့ ပြောပြခဲ့ပါတယ်။

နည်းပညာ မော်နီတာ ဖန်သားပြင် အားလုံး High-Energy Visible light ခေါ် ရောင်ခြည် အပြာတွေ ထုတ် လွတ်ပေး ပါတယ်။ 


သိပ္ပံ ပညာရှင်များ နဲ့ အရေပြားရောဂါ အထူးကု ဆရာဝန်များ က ဒါကို ခရမ်း လွန်ရောင်ခြည်လောက် သိပ် မပြင်းကြပေမယ့် အကျိုးဆက်များ ဟာ အလားတူ ထိခိုက် မှုတွေ ဖြစ်စေနိုင်ကြောင်း အကြို သုတေသန မှ ဖော်ပြထားတယ် လို့ နယူးရော့ခ်မြို့ Mount Kisco ရှိ The Center for Dermatology, Cosmetic, and Laser Surgery က ဒါရိုက်တာ David E. Bank က ဆိုပါတယ်။




HEV ရဲ့ ဖြစ်နိုင်ခြေ ရှိတဲ့ အကျိုးဆက် တစ်ချို့တွေ မှာ အသားရေခြောက်သွေ့ခြင်း၊ ရောင်ရမ်းခြင်း၊ အသားရေ တွန့်တွခြင်း နဲ့ အသား အရေ အရောင်ဖြစ်ပေါ်မှု တွေလို့ သူက ရှင်းပြပါတယ်။ 


ဒါ့ကြောင့်မို့ သဘောတရား အရ ဆဲလ်ဖီ စွဲလန်းမှုဖြစ်ခြင်းက အရေပြား ထိခိုက်နိုင်ခြေရှိပေမယ့် အထောက် အထား မခိုင်မလုံဘူး လို့ Bank က ဆိုပါတယ်။ 

အလင်းလှိုင်း အလျားတွေ တားဆီးပေးတဲ့ ဇင့်အောက်ဆိုဒ် နဲ့ တီတင်းနီယမ်အောက်ဆိုဒ် ကဲ့သို့ သတ္တုဓာတ် ဟန့်တား ပိတ်ဆို့ပေးတဲ့ အရာတွေ ပါဝင်တဲ့ နေပူခံ လိမ်းဆေးတွေ အသုံးပြုပေးရပါမယ်။

Credit: Trend Myanmar

No comments:

Post a Comment