Saturday, March 5, 2016

အဆင်းရဲဆုံး သမ္မတ များ



    


 နိုင်ငံတစ်နိုင်ငံ တွင် သမ္မတ ၏ အုပ်ချုပ်ရေး စွမ်းရည် သည် အရေးပါသည့် နေရာ၌ ရှိ နေသည်။ ထို့ကြောင့် သမ္မတ များသည် အားလုံး ၏ စံပြ ဖြစ်အောင် ပြုမူနေထိုင်လေ့ ရှိသည်။ ဥရုဂွေး သမ္မတဟောင်း မူဂျီကာ သည် ရ ရှိ သည့် လစာ ၏ (၉၀) ရာခိုင်နှုန်းကို ပြန်လည် လှူဒါန်းခဲ့သည်။ 

အဆောင်အယောင် များနှင့် နေထိုင်လေ့ မရှိဘဲ မော်တော်ကား အစုတ် ကိုသာ စီးလေ့ရှိသည်။ မူဂျီကာ သည် သမ္မတ များ အတွက် စံပြ ဖြစ်ခဲ့ပြီး အဆင်းရဲဆုံး သမ္မတ အဖြစ်လည်း သတ်မှတ် ခံထား ရသည်။ မူဂျီကာ ကဲ့သို့ တာဝန် ထမ်းဆောင် ခဲ့သည့် သမ္မတ များစွာ ရှိခဲ့ပြီး ယင်းတို့ကို အဆင်းရဲဆုံး သမ္မတ များ အဖြစ် ခေါ်ဆို ခဲ့သည်။ 

အဆင်းရဲဆုံး သမ္မတ များ စာရင်း ကို ရရှိသည့် လစာ အပေါ် မူတည် တွက်ချက် ထားခြင်း ဖြစ်သည်။ အဆင်းရဲဆုံး သမ္မတ များကို ဖော်ပြ ရာတွင် အချို့ သမ္မတ များမှာ တာဝန် မှ အနားယူသွားသူ များလည်း ပါဝင်နေမည် ဖြစ်သည်။


၁။ မူဂျီကာ (ဥရုဂွေး )
မူဂျီကာ သည် တစ်လ ကို ဒေါ်လာ (၁၂၀၀၀) ရရှိနေ သော်လည်း ဥရုဂွေး ပြည်သူ များ၏ ပျမ်းမျှ လစာ သည် ဒေါ်လာ (၇၇၅) သာ ရှိသည်။ ထို့ကြောင့် မူဂျီကာ သည် ရရှိသည့် လစာ ၏ (၉၀) ရာခိုင်နှုန်း ကို ပြန် လည် လှူဒါန်းခဲ့သည်။ 

အသေးစား စီးပွားရေး လုပ်ငန်းများ၊ ဆင်းရဲသားများနှင့် လူမှုရေး အဖွဲ့အစည်း များကို အဓိက လှူဒါန်း ခဲ့ခြင်း ဖြစ် သည်။ မူဂျီကာ သည် သမ္မတ တာဝန်ကို ၂၀၁၀ မှ ၂၀၁၅ အထိ ထမ်းဆောင် ခဲ့ပြီး ဘ၀ ကို အရိုးသားဆုံး ဖြတ်သန်း ခဲ့သည်။ 

သမ္မတ အဆောင်အယောင် များကို ရယူခြင်း မရှိဘဲ လယ်တောအိမ် တွင်သာ နေထိုင် ခဲ့သည်။ ဇနီး ဖြစ်သူ မှာလည်း ရောင့်ရဲ တင်းတိမ်သူ ဖြစ်ပြီး  ၁၉၈၇ ထုတ် ဗောက်စ်ဝက် ဂွန်း ကားအစုတ် ကိုသာ အသုံးပြုခဲ့သည်။ 


လယ်တောအိမ် တွင် နေထိုင်ရာ၌ လုံခြုံရေး အဖြစ် ရဲနှစ်ဦး သာ ထားရှိသည်။ မူဂျီကာ သည် ခြေထောက် သုံးချောင်း သာ ရှိသည့် ခွေးတစ်ကောင် ကို အဖော်ပြုပြီး နေထိုင်လေ့ ရှိသည်။

၂။ အမာဒီနီဂျက် (အီရန်)
အီရန် သမ္မတ တာဝန် ကို ၂၀၀၅ မှ ၂၀၁၃ အထိ တာဝန် ထမ်းဆောင် ခဲ့သည်။ မတူကွဲဟြး နေ သည့် နိုင်ငံ တွင်း ဖြစ်ပေါ်နေသည့် အရာများ ကို ပေါင်းစည်းပြီး အီရန် အစ္စလာမစ် နိုင်ငံတော် ကို တည်ထောင်မည် ဟု ကြွေးကြော် ကာ သမ္မတ အဖြစ် ရွေးချယ်ခံ ရသည်။ 

အမာဒီနီဂျက် သည် ဆင်းရဲသော မိသားစု မှ မွေးဖွား လာသူ ဖြစ်ပြီး ကျောင်းဆရာ တစ်ဦးလည်း ဖြစ်သည်။  အင်ဂျင်နီယာ တစ်ဦး ဖြစ်သော အမာဒီနီဂျက် သည် တင်းမာသည့် ဘာသာရေး အယူအဆ များကို လက်ကိုင် ထားသူ ဖြစ်သည်။ 

၁၉၇၉ တွင် ဖြစ်ပွားခဲ့သည့်  အီရန်နိုင်ငံ ၏ အစ္စလာမစ် တော်လှန်ရေး တွင် တက်ကြွစွာ ပါဝင်ခဲ့ ပြီးနောက် ကျောင်း ဆရာ အလုပ် ကို ပြန်လုပ်ကိုင် ခဲ့သည်။ ယင်းနောက် တီဟီရန်မြို့တော်ဝန် အဖြစ် ရွေး ချယ် ခံရပြီး သမ္မတ ရွေးကောက်ပွဲဝင် ခဲ့ရာ ထောက်ခံမှု (၆၀) ရာခိုင်နှုန်းကျော်ဖြင့် သမ္မတ ဖြစ်လာခဲ့သည်။ အမာဒီနီဂျက် ၏ တစ်နှစ် လစာ မှာ ဒေါ်လာ ( ၃၀၀၀) သာရှိသည်ဟု ဆိုသည်။

၃။ ဟာမစ်ကာဇိုင်း (အာဖဂန်နစ္စတန်)
အာဖဂန်နစ္စတန် သမ္မတ တာဝန် ကို (၁၀) နှစ် နီးပါး ထမ်းဆောင်ခဲ့ပြီး  ၂၀၁၄ စက်တင်ဘာလ တွင် တာဝန် မှ အနားယူခဲ့သည်။ မိဘဆွေမျိုး များသည် နိုင်ငံရေးသမား များ ဖြစ်ကြပြီး ဟာမစ် ကာဇိုင်း မှာလည်း အာဖဂန် နစ္စတန် ပြန်လည် ထူထောင်ရေးတွင် အရေးပါဆုံး နေရာမှ ပါဝင်ခဲ့သည်။

 တစ်နှစ် လစာ ဒေါ်လာ (၆၃၀၀) သာရရှိ သော်လည်း ကြီးလေးသည့် တာဝန် များကို ကျေပွန်စွာ ထမ်းဆောင် ခဲ့သည်။ အာဖဂန် နစ္စတန် ကို ဆိုဗီယက် များ ကျူးကျော်စဉ် ကတည်းက တော်လှန်ရေး သမား ဖြစ်ခဲ့သည်။ တာလီဘန် များ ခေတ်တွင် ပြည်ပြေး ဘ၀ ရောက်ရှိ ခဲ့သည်။ 

စက်တင်ဘာ (၁၁) အကြမ်းဖက်မှု ပြီးနောက် တာလီဘန် များကို အမေရိကန် က တိုက်ခိုက် နှိမ်နှင်းခဲ့သည်။ ယင်းနောက် ဟာမစ် ကာဇိုင်းသည် အာဖဂန်နစ္စတန် သမ္မတ ဖြစ်ခဲ့ပြီး နှစ်ကြိမ် ရွေးချယ်ခြင်းခဲခဲ့ ရသည်။

၎။ ကူးမား မူခါဂျီ (အိန်္ဒိယ)
အိန်္ဒိယနိုင်ငံ ၏ လက်ရှိ သမ္မတ ဖြစ်ပြီး ၂၀၁၂ ဇူလိုင်တွင် စတင် တာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ် သည်။ နိုင်ငံရေး လောက တွင် နှစ်ပေါင်း (၄၀) ကျော် ဖြတ်သန်းခဲ့ ပြီးနောက် သမ္မတအဖြစ် ရွေးချယ် ခံရခြင်း ဖြစ် သည်။

 နိုင်ငံရေးလောက သို့ ၀င်ရောက် ပြီးနောက် အထက် လွှတ်တော် အမတ် ဖြစ်လာခဲ့သည်။ အင်ဒီရာ ဂန္ဒီ၏ ယုံကြည်ရဆုံးသူ ဖြစ်ခဲ့သည်။ သို့သော် အင်ဒီရာဂန္ဓီ လုပ်ကြံခံရ ပြီးနောက် ကူးမားမူခါချီ သည် နိုင်ငံရေး လော ကတွင် ထောက်ခံမှု ကျဆင်းခဲ့သည်။ 

သို့သော်  အင်ဒီရာ ဂန္ဓ္ဒီ၏ သားဖြစ်သူ ရာဂျစ်ဂန်္ဒီနှင့် အတူ နိုင်ငံရေး လောကကို ပြန်ဝင်ရောက် ခဲ့သည်။ ယင်းနောင် ဘဏ္ဍာရေး ၀န်ကြီး အဖြစ် ခန့်အပ်ခံခဲ့ ရပြီး အခွန်ကောက်ယူမှု ပုံစံကို ဟြေင်းလဲခဲ့ သည်။ မူခါဂျီ ၏ တစ်နှစ် လစာငွေသည် ဒေါ်လာ (၃၂၂၁၆) သာရှိသည်။


၅။ လူကာရှန်ကို  (ဘီလာရုစ်)
၁၉၉၄ ကတည်း က ဘီလာရုစ် သမ္မတ တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ အနောက်နိုင်ငံရှိ မီဒီယာ များက ဥရောပ ၏ နောက်ဆုံး အာဏာရှင် အဖြစ် ရေးသားခဲ့ သော်လည်း ၂၀၁၅ အောက်တိုဘာတွင် ကျင်းပ ခဲ့သော ရွေးကောက်ပွဲတွင် လူကာရှန်ကို သည် မဲအများဆုံး အဖြစ် ငါးကြိမ်မြောက် သမ္မတ တာဝန်ကို ထမ်းဆောင်ခွင့် ရရှိခဲ့သည်။  

ဆိုဗီယက် တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့ ဖူးပြီး လူ့အခွင့်အရေး မှတ်တမ်းဆိုး များ ရှိနေသည့် အပြင် ဟြေင်းလဲမှုများ ပြုလုပ်ရာတွင် နှေးကွေးသူ အဖြစ် ဝေဖန်ခြင်း ခံထား ရသည်။ ဘီလာရုစ် ကို ဆိုဗီယက် မှ ခွဲထွက်ခြင်း ကို ကန့်ကွက်မဲပေးခဲ့သည့် တစ်ဦးတည်းသော သူ အဖြစ် မှတ်တမ်းတင် ခံထား ရသူ ဖြစ်သည်။ တစ်နှစ် လစာ ငွေမှာ ဒေါ်လာ (၃၃၈၇၃) ဖြစ်ကြောင်း သိရသည်။

၆။ ရှီကျင်းပင် (တရုတ်)
ကမ္ဘာ့ လူဦးရေ အများဆုံး တရုတ်နိုင်ငံ ၏ သမ္မတကြီး ဖြစ်သည်။  ၂၀၁၃ မတ်တွင် သမ္မတအဖြစ် ရွေးချယ် ခံရခြင်း ဖြစ်သည်။ အနားယူ သွားသည့် ဟူကျင်တောင် နေရာတွင် အစား ၀င်ရောက်ခဲ့ခြင်း ဖြစ်ပြီး (၁၂) ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် တွင် ဆန္ဒမဲဖြင့် ရွေးချယ်ခံရခြင်း ဖြစ်သည်။ 

ရှီကျင်းပင် သည် တရုတ်နိုင်ငံ ၏ အရေးပါဆုံး နေရာ ဖြစ်သည့်  ကွန်မြူနစ် ပါတီ ၏ အထွေထွေ အတွင်းရေး မှူး အဖြစ် လည်းကောင်း၊ တရုတ် စစ်တပ် ၏ ရာထူး အကြီးဆုံး တာဝန် ကို လည်းကောင်း ရယူ ထားသည်။ ရှီကျင်ပင် သည် ပြုပြင်ဟြေင်းလဲရေး ရှိသူ ဖြစ်သည်။ 

ဟူကျင်တောင်နှင့် လက်တွဲ လုပ်ဆောင်ခဲ့ဖူး သောကြောင့် တရုတ်နိုင်ငံ ကို အင်အားကြီး လာအောင် ပြုလုပ် ခဲ့သည်။ ဟူကျင်တောင် သည် တစ်နှစ် လစာ ဒေါ်လာ (၃၉၇၂၀) ရရှိကြောင်း သိရသည်။


 http://www.searchmyanmar.com/link/frame/cid/57125



No comments:

Post a Comment