Saturday, March 19, 2016

ပုလောမြို့နယ် အတွင်း ရှိ သမိုင်းဝင် ကမ္ဘာကျော် ရတနာသိုက်ကြီး

 Mono Ma's photo.


 ခရစ် သက္ကရာဇ် ၁၈၈၁ ခုနှစ် အတွင်း ဖိလစ်ပိုင် ကျွန်းစု မှ မနီလာ လူမျိုး များသည် မြိတ်ခရိုင် ပင်လယ်ပြင် မှ တစ်ဆင့်ပုလောမြို့နယ် ပိုင် မလိ ကျွန်းတန်းများ ဆီ ပုလဲ ရှာဖွေရန်ရောက်ရှိ လာခဲ့ကြောင်း ၊ 

သူတို့သည် ပင်လယ် အတွင်း အနှံ့အပြား တွင် ပုလဲ ရှာဖွေ စမ်းသပ် ငုပ်ယူရင်း တစ်နေ့ တွင် မလိကျွန်း တန်းရဲ့ အနောက်မြောက်ဖက် တွင် ရေဝဲများ ထနေသော ရေအောက်ပိုင်း သို့ ရောက်ရှိ သွားကြရာမှ ကြီးမားသော မုတ်ကောင်ကြီး တစ်ကောင် အတွင်း ၌ ကြက်ဥ တစ်မျှ ရှိသော ပုလဲလုံးကြီး အား တွေ့ရှိ ခဲ့ရကြောင်း ၊

 ခေတ် မှီရေငုပ် ကိရိယာများ မစုံလင်သေးသော ထိုခေတ် က ရေအောက် တွင် အများဆုံး မိနစ်၂၀ မှ ၂၅ မိနစ် သာနေနိုင်ကြ သဖြင့် ထို ပုလဲ အား ရယူ ရာတွင် ရေငုပ်သူ တို့ အသက်သာ ဆုံးရှုံး ခဲ့ရ၏ ။

ထို ပုလဲကိုမူ မရရှိခဲ့ပေ မနီလာ လူမျိုး တို့ ပြီးနောက် အဆိုပါ ပုလဲ ရှိသည်ဆိုသောနေရာ ကို ဂျပန် လူမျိုး အချို့နှင့် မြန်မာ လူမျိုး အချို့ ကလည်း အကြိမ်ကြိမ် ကြိုးစားခဲ့ကြ ဘူးကြောင်း ၊  သို့သော် ယခင်နည်းတူ ပင် အသက်ပေါင်း များစွာ ဆုံးရှုံး ခဲ့ရပြီး ပုလဲကိုမူ မရရှိခဲ့ကြောင်း ၊

 နောက်ဆုံး အနေဖြင့်ကြိုးစား ခဲ့ကြသော မြန်မာ အဖွဲ့ တစ်ဖွဲ့သည် ရာသီဥတု ကောင်းမွန်သော နေ့ တစ် နေ့တွင် ထို ပုလဲအား ရယူ နိုင်ရန် ရေအောက်သို့ ဆင်းသက် ခဲ့ရာ မုတ်ကောင် အတွင်း ရှိ ပုလဲကြီး မှာ နေရောင်ခြည်အောက်တွင် အရောင် မျိုးစုံဖြင့် တည်ရှိနေသည် ကို တွေ့ရှိခဲ့ရကြောင်း ၊


 ထို ကြီးမားသော မုတ်ကောင် အား ဆယ်ယူရန် မဖြစ်နိုင် သဖြင့် ရေအောက် တွင် ချွတ်ယူရန် မုတ်ကောင်၏် ပါးစပ် အား ခိုင်ခန့်သော သစ်သား တုတ် တစ်ချောင်းဖြင့် ဒေါက်ထောက်နေစဉ် မုတ်ကောင် ပါးစပ် ပိတ်ကျ လာရာ သစ်သားဒေါက် မှာ ထက်ပိုင်း ကျိုး၍ မုတ်ကောင်ကြီး အတွင်း ၌ ပင် အသက် ဆုံးရှုံး ခဲ့ရကြောင်း၊

 နောက်တစ်ကြိမ် သစ်သားဒေါက်တိုင် အစား သံဒေါက်ဖြင့် အသုံးပြုရာ မုတ်ကောင် ပါးစပ် ပိတ်ကျ လာချိန် သံဒေါက်တိုင် မှာ တစ်ဖြေးဖြေး နဲ့ ကွေးညွတ် သွားပြီး မုတ်ငုပ်သူ မှာ မုတ်ကောင် အပြင်သို့ရောက်ရှိ သွားသော် လည်း ၎င်း အားလေပေးသည့် ပိုက် မှာ မုတ်ကောင် ပါးစပ်ဖြင့် ကိုက်ဖြတ်ခြင်း ခံလိုက် ရသောကြောင့် ထိုသူသည်ရေထဲ ၌ အသက် ဆုံးခဲ့ရသည် ။ 


Mono Ma's photo.


ထိုကဲ့သို့သော အန္တရာယ် များလှသည့် ပင်လယ်ရေဝဲအောက် တွင် ထို ပုလဲကြီး အား ငုပ်ယူရန် မဖြစ်နိုင် သဖြင့် လက်လျော့ ခဲ့ရကြောင်း ၊ ထို ကြက်ဥ တစ်မျှ ရှိသော ရောင်စဉ်ဖြာပုလဲကြီး မှာ ယနေ့ အချိန်ထိ ကျနော်တို့ ပုလောမြို့ မလိကျွန်းတန်း ရဲ့ ပတ်ဝန်းကျင် တစ်ဝိုက် တည်ရှိနေသည် ဟု ဘိုးဘွား စဉ်ဆက် လက်ဆင့်ကမ်း ပြောဆိုလာကြသည် မှာ ယနေ့ထိပင် ဖြစ်နေပါသည်။

မြိတ်ကျွန်းစု တွင် မွေး ပုလဲ ထုတ်လုပ်မှု လုပ်ငန်း ကို ဂျပန် ကုမ္ပဏီ တစ်ခု ဖြစ်သော South Sea Pearl Company နှင့် မြန်မာနိုင်ငံ မှ ကော့သောင်း ကုန်သွယ် မှု အသင်းတို့ ပူးပေါင်းကာ ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံ မှ ပထမဆုံး မွေးပုလဲများ ထွက်ရှိခဲ့ ပါသည်။



 

 Mono Ma's photo.


 မြန်မာ့ ပုလဲ လုပ်ငန်း ၏ အဓိက ပုလဲမွေးမြူနေသော ကျွန်း စခန်း ဖြစ်သော မလိကျွန်း - ပုလောမြို့နယ်
၏ ပုလဲမွေးမြူသော စခန်း များတွင် မြန်မာ့ ပညာရှင်များ က ထုတ်လုပ် မွေးမြူလျက် ရှိသော တောင်ပင်လယ် ပုလဲ များသည် ကမ္ဘာ့ ပုလဲ ဈေးကွက် တွင် လူကြိုက်များသော ပုလဲ များ ဖြစ်ပါသည်။ 


အရည် အသွေး ကောင်းမွန်ရုံ သာမက ရေရှည် ခိုင်မာသည့် အတွက် လူကြိုက်များပြီး တန်ဖိုး အမြင့်မားဆုံး ပုလဲ များ ဖြစ်ကြောင်း ပုလောသူ ပုလောသား များ ဂုဏ်ယူဖွယ် တင်ပြလိုက်ရပါသည်။
 




စစ်သွေးအောင်
via - Aung Htun


 Mono Ma

No comments:

Post a Comment