Saturday, March 19, 2016

ဒါလေးတွေ ပြောပါရစေ

Kan Ta Luu's photo.
ကိုယ် ချစ်တဲ့ သားသား မီးမီးလေးတွေ ကို သိပ်ချစ်လို့  သူတို့ ဓါတ်ပုံ ကို  အိမ်ခေါင်းရင်း နံရံ မှာ မချိတ် မိစေ နဲ့နော်  လာဘ်တိတ်တတ်တယ်။

ထမင်း စားပြီးလို့  သွားကြား ညပ်တဲ့အခါ  နီးစပ်ရာ ဘုရားစင် နတ်စင် က အမွှေးတိုင်တုတ် နဲ့ သွားကြား မထိုး မိစေနဲ့နော် လာဘ်တိတ် တတ်တယ် ။

လစာထုတ် လို့  ဈေးရောင်း ရလို့ ပဲဖြစ်ဖြစ်  ပထမဆုံး ဦးဦး ဖျားဖျား ဝင်လာတဲ့ ငွေ ကို  စီးကရက် ဝယ်တာ/ မီးသွေး ဝယ်တာ မီးခြစ် ဝယ်တာ/ထင်း ဝယ်တာ/ အမျိုးသမီး လစဉ် ပစ္စည်းဝယ်တာ/ ဖိနပ် ခြေအိတ် ဝယ်တာ မျိုးတွေ မလုပ်မိစေနဲ့နော် လာဘ်တိတ် တတ်တယ် ။

ပထမဆုံး လှူဖွယ် တစ်ခုခု အရင် ဝယ်ပြီး ဘုရား သို့မဟုတ် ရဟန်း တစ်ပါးပါး ကို လှူပါလေ။


ဆေးလိပ်သောက်တတ် သူများ  အသစ်ကပြဿ       နာ မရှိပါဘူး ။ စီးကရက် အတို ဆေးပေါ့လိပ် အတိုတွေကို
တစ်ချို့က နားကြားမှာ ညှပ်ထား တတ်ကြတယ် ။  မလုပ်ကြပါနဲ့ ခင်ဗျာ   လာဘ်တိတ် တတ်တယ်။



 
ပြီးတော့ အိမ်ထောင်ဦးစီး ရဲ့ ပုဆိုး/လုံခြည် /အဝတ် အထည် တစ်မျိုးမျိုး ကို  မသုံးတော့ရင် စွန့် ပစ် လိုက်ပါ ။
လက်နှီးစုတ် လုပ်တာ ကြမ်းတိုက်တာ ကလေး အနှီး လုပ်တာတွေ မလုပ်ကြပါနဲ့  လာဘ်တိတ် တတ်တယ်။


အလုပ် မလုပ်သူ ထံသို့  လာဘ်လာဘ သည်  ရောက်မလာပါ ၊ အလုပ်လုပ်သူ အတွက်သာ လာဘ်လာဘ သည် ရောက်လာသည်။

ပုံမှန် ဝင်ငွေထက် နည်းတာ , 
ပုံမှန်ရောင်းနေကျ ပစ္စည်းတွေ မရောင်း ရပဲ ကျန်နေတာ , 
ပုံမှန် လာနေကျ ဖေါက်သည် အလာ နည်းသွားတာ , -----  -တွေဟာ
လာဘ်တိတ် သွားလို့ ဖြစ်တာပါ။



ဆင်ခြင်ကြခြင်းဖြင့်  လာဘ်လာဘ များပွင့်လန်း ၍ ချမ်းသာ ကိုယ်စိတ်မြဲကြပါစေ.....................


အဂ္ဂမောင်
ကံတလူလောကီပညာ

 Kan Ta Luu

No comments:

Post a Comment