Saturday, November 9, 2013

ကြုံတောင့်ကြုံခဲ ဖူးမြင်ခွင့်ရသော ဂေါတမမြတ်ဗုဒ္ဓ၏ ကေသဓာတု (ဆံတော်) ဓာတ်တော်များ ”



ဗုဒ္ဓနှစ် - ၂၅၆၀ ပြည့်တွင် သီရိလင်္ကာ သမ္မတ မဟိန္ဒာရာဇာပါက (President Mahinda Rajapaksa) ၏ မေတ္တာ ရပ်ခံချက် အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း(Chittagong) ဘုန်းတော်ကြီး... ကျောင်းတွင် စံမြန်းတော် မူသော ဂေါတမမြတ်ဗုဒ္ဓ ၏ (ကေသဓာတု) ဆံတော်ဓာတ်များကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိက်ဟာစင်နာ (Prime Minister Hasina) က သီရီလင်္ကာနိုင်ငံသို့ ပေးပို့ခဲ့သည်။

ထို ဆံတော်ဓာတ်များကို သီရိလင်္ကာ သံဃရာဇာ (သာသနာပိုင်) ဆရာတော်နှင့်သံဃာတော် အရှင်သူမြတ်များ၊ ဆံတော်ဓာတ် များ ခေတ္တ ထားရှိပူဇော်မည့် ဟူနုပိတယဂန်ဂါရမာယာကျောင်းတိုက် ဆရာတော် Galaboda Gnanissara Nayaka Theroနှင့် သီရိ လင်္ကာသမ္မတ ၏ သား ရိုရှိတာရာဇပါက တို့က ပင့် ဆောင်ပူဇော် ခဲ့သည်။




ယခုအခါ မြတ်ဗုဒ္ဓ ၏ ကေသဓာတု ဆံတော်ဓာတ်များကို သီရိလင်္ကာ Madampe ရှိ Senanayake Aramaya ကျောင်းတိုက်တွင်ထားရှိ ပူဇော်ထားပါသည်။




                     This photo of Gangaramaya (Vihara) Buddhist Temple is courtesy of TripAdvisor

- Myanmar Buddhist Society

Dhamma Danã Source ►
Credit: Young Buddhist Association

From...Facebook

2 comments:

  1. ဆံတော်ပုံတော်မဖူးတွေ့ရပါ
    ပြန်တင်ပေးပါခင်ဗျာ။

    ReplyDelete
    Replies
    1. ဆံတော် ပုံတော် ပြန်တင်ပေးထားပါတယ် ခင်ဗျာ ... http://layiepcho.blogspot.my/2013/11/blog-post_586.html

      Delete