Sunday, November 17, 2013

iPhone 6 နဲ့ပတ်သက်တဲ့ နောက်ထပ်သတင်း တစ်ပုဒ်

 
ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ iPhone 6 နဲ့ပက်သက်တဲ့ သတင်းထွက်ပေါ်ခဲ့ လို့ အပြီး ယခု တစ်ဖန် ထပ်မံပြီး ထွက်ပေါ်လာတဲ့ iPhone ရဲ့နောက်ဆက်တွဲ သတင်းတစ်ပုဒ်ပါ။

ယခင်ထွက်ပေါ်ခဲ့ တဲ့ သတင်းတုန်းက iPhone 6 မှာမျက်နှာပြင်အရွယ် ၅ လက်မနှင့် Full HD Retina Display ပါဝင်လာမယ့်လို့ ဆိုပြီး ယခုမှာတော့ Sapphire မှန်တွေ ပါဝင်လာမယ်လို့ သိရပါတယ်။


အဲဒီမတိုင်ခင်က Apple ကုမ္ပဏီဟာ GT Advanced Technologies နဲ့ ပူးပေါင်းပြီး အရီဇိုးနားဒေသမှာ သတ္တုစက်ရုံတည်ဆောက်သွားမယ်လို့ ပြောဆိုလို့အပြီး ယခုလိုထပ်မံထွက်ပေါ်လာခဲ့တာပါ။

ဒါကြောင့် အဆိုပါ စက်ရုံရဲ့အရှိန်ကြောင့် Daily Mail ရဲ့ဖော်ပြချက်အရ Sapphire Crystal ကို iPhone 6 မှာအသုံးပြုမယ်ဆိုပြီး ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ရတာပါ။

လက်ရှိအနေ အထားမှာတော့ Apple ဟာ Sapphire Crystal ကို iPhone 5s မှာဖြစ်တဲ့ Touch ID Fingerprint Scanner နဲ့ ကင်မရာကိုအကာ ကွယ်ပေးတဲ့ နေရာမှာအသုံးပြုထားပါတယ်။

ဒါကြောင့် Apple အနေနဲ့ တန်းကြေးမြင့်ပြီး လက်ရှိတန်းမြင့်ဖုန်းတွေတောင် Gorilla Glass သုံးနေ ချိန် အဆို ပါသတင်းသာ မှန်ကန်ခဲ့မယ်ဆိုပါက Appleရဲ့iPhone6မှာပထမဆုံးအကြိမ်Sapphireမျက်နှာပြင်နဲ့ မြင်တွေ့ရဖို့
တော့ရှိနေပြီ ဖြစ်ကြောင်း သုံးသပ်မိပါတယ်။

Ref:Dailymail
ခွန်နေ(AMMG)
From...Stuff Myanmar Magazine




No comments:

Post a Comment