Sunday, November 17, 2013

ဆီးကျိတ်ကင်ဆာ (ခေါ်) အမျိုးသားများ သုတ်ရည်ဂလင်း ကင်ဆာရောဂါ



အဆိုပါ ရောဂါကို ဆေးသိပံ္ပ နည်းအရ ခိုင်လုံတဲ့ အဖြေ မထုတ်နိုင်သော်လည်း တိရစ္ဆာန် အဆီ လွန်ကဲစွာစား သုံးသူများ၊ မျိုးရိုး စဉ်ဆက် ထို ကင်ဆာရှိသူများ၊ အစာအာဟာရ ချို့တဲ့သူများ စသူတို့မှာ ဖြစ်နိုင်ခြေ ပို များကြောင်း သိရပါတယ်။

ရောဂါလက္ခဏာများ အနေဖြင့် သုတ်ရည် ဂလင်း သိသိသာသာကြီးထွား လာခြင်း၊ ဆီးသွားသည့် အခါ အားမ ရဖြစ်ခြင်း၊ ပြတ်တောင်း ပြတ်တောင်းဖြင့် ဆီးသွားရ ခက်ခြင်း၊ မကြာခဏ ဆီးသွားပြီး အထူးသဖြင့် ညဘက် မှာ ပိုသွားခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ သုတ်ရည်ထဲ သွေးပါခြင်း၊ တင်ပါးနှင့် တင်ပါးဆုံရိုးတို့တွင် တဆစ် ဆစ်နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်း စသည်တို့ ဖြစ်ပေါ်တတ်သည် သိရသည်။


၎င်း ကင်ဆာရောဂါကို လျော့ပါး သက်သာစေနိုင်မည့် အစားအသောက်များမှာ ပန်းဂေါ်ဖီစိမ်း ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ (အဖြူ) ၊ ခရမ်းချဉ်သီး ၊ ဖရဲသီး ၊ ပင်လယ်စာ၊ ဂျုံနှင့် ဂျူံထွက် ပစ္စည်းများ၊ ဆန်လုံးညိုနှင့် ကွေကာ အုတ် စသည်တို့ဖြစ်ကြောင်း သိရသည်။


The Mirror Daily 





No comments:

Post a Comment