Wednesday, November 20, 2013

သင်္ချာမရတဲ့ တတိယတန်းကျောင်းသူတွေကို အပြစ်ပေးတဲ့အနေနဲ့ဖက်နမ်းခိုင်းခဲ့တဲ့ ကျောင်းဆရာကို ကသာတရားရုံးမှာ တရားစွဲဆို



 
သင်္ချာမေးခွန်း မဖြေနိုင် တဲ့ကျောင်းသူ(၅)ယောက်အား အတန်းဖေါ်ကျောင်းသား(၅)ယောက်ကို ဖက်နမ်း ခိုင်းပြီး ထိုဖက်နမ်း သည့်ကိစ္စ မိဘများကို ပြန်ပြော သည်ဆိုပြီးပြင်း ထန်စွာရိုက်နှက်ခဲ့သည့် ဖြစ်ရပ်အပေါ် အတန်းပိုင်ကျောင်း ဆရာအား ကသာမြို့နယ်တရားရုံး တွင် ၁၉၊၁၁၊၂၀၁၃ရက်နေ့က ဥိးတိုက်လျှောက် တိုင်ကြား ခဲ့ပြီဖြစ်ကြောင်း တိုင်ကြားခဲ့သူကျောင်းသူ မိဘများမှ HJL မီဒီယာရုံးခန်းသို့ လာရောက် အ သိပေး ပြောဆိုသွားခဲ့ပါသည်၊
 
ဖြစ်စဉ်အသေးစိတ်မှာ ကသာမြို့နယ်၊မြင်းကျောင်းကုန်းအနီးရှိ အထက်ချောင်းဝကျေးရွာ အ.မ.က(၂၈)ရှိ တတိယတန်းအတန်းပိုင်ဆရာဦး-------မှ ၃၀၊၁၀၊၁၃ရက်နေ့တွင် ကျောင်းသူကျောင်းသားများ အား သင်္ချာမေးခွန်း မေးမြန်းခဲ့ပါသည်၊

ထိုသို့မေးမြန်းခြင်းကို မဖြေဆိုနိုင်သည့် ကျောင်းသူ(၅)ဦးအား အတန်းရှေ့ထွက်စေခဲ့ပြီး ကျောင်း သား (၅)ယောက်ကို ဖက်နမ်းစေရန် ခိုင်းစေခဲ့ကြောင်းနှင့် ထိုသို့ ဖက်နမ်းခံရခြင်းမှာ
ယခုရက် တစ်ခါထဲ မဟုတ်ဘဲ မကြာခဏအနမ်းခံ ခဲ့ရပါကြောင်း အနမ်းခံရသူ တတိယတန်းကျောင်းသူ မအိ-------မှ မီဒီယာကို ပြောဆိုခဲ့ပါသည်၊ 
 
ထိုသို့ ကျောင်းခန်းအတွင်း မကြာခဏအနမ်း ခံနေရသည့် ကိစ္စကိုကျောင်း သူများမှ မပြောဆို ရဲခဲ့ကြသော် လည်း ကျောင်းသူ မခင်-----မှ အိမ်ရောက်စဉ် အဖိုးဖြစ်သူဦးကျော်ဌေး ကို ပြောပြလိုက်မိရာ မှ ထိုသတင်းရွာ ထဲ ပြန့်သွားပြီး နောက်ရက် မနက်ကျောင်းတက်တက် ချင်းအနမ်းခိုင်းခဲ့သူ အတန်းပိုင် ဆရာမှ အနမ်းခံခဲ့ရ သူ ကျောင်းသူ(၅)ယောက်နှင့် တိုင်ကြားခဲ့သူ မခင်----ကို ကျောင်းရှေ့ထုတ် ၍ ပြင်းထန်စွာရိုက်နှက် ခဲ့ပါ သည်၊
 
ထိုရိုက်နှက်ခံရမှုကြောင့် မခင်----၏ ကြောကုန်း၊တင်ပါးနှင့် ဦးခေါင်းတို့တွင် အရှိုးရာများထင်ခဲ့ရပါသည်၊ ထိုဖြစ်စဉ်ကို အနမ်းခံခဲ့ရသည့် မအိ---၏မိဘများနှင့် အရိုက်ခံခဲ့ရသူ မခင်---၏ မိဘများမှ ကျေးရွာ အုပ် ချုပ်ရေး မှူးရုံးသို့သွားရောက်တိုင်ကြားခဲ့ရာ အတန်းပိုင်ဆရာမှ မှားမိခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်ဟု ဆိုပါသည်၊

ထိုတောင်းပန် ၀န်ခံချက်ကို ကျောင်းသားမိဘများမှ ကျေနပ်ခြင်းမရှိသောကြောင့် ကသာမြို့နယ်ပညာရေး မှူးထံအဖိုးဖြစ်သူ
ဦးကျော်ဌေးကိုယ်တိုင် အဖေါ်တစ်ဦးနှင့်အတူ သွားရောက်တိုင်ကြားခဲ့ပါ သည်၊ထိုသို့ တိုင်ကြားနေ စဉ် အ.မ.က(၂၈)ကျောင်း အုပ်ဒေါ်ဥမ္မာစိုးရောက်လာ သဖြင့် မြို့နယ်ပညာရေးမှူးမှ ရွာသို့ ပြန် ၍ ညှိနှိုင်းကြရန် ဖြေရှင်းပေးခဲ့ ရာဦးကျော်ဌေး မှ မညှိနှိုင်း လိုကြောင်း ဌာနဆိုင်ရာ အရေးယူမှု သာ ပြု လုပ်ပေး ရန်တောင်းဆိုတိုင်ကြားခဲ့သည်ဟု အဖိုးဖြစ်သူမှ ပြောပြပါသည်၊

ထိုသို့တိုင်ကြားခဲ့ခြင်းကို အရေးယူမှု မရှိသည့်အတွက် ယခုလို ကျောင်းသားမိဘ(၂)ဦးမှ ကသာမြို့နယ် တရားရုံးထံ ဦးတိုက်လျှောက်လွှာ (၂)ခုဖြင့် တိုင်ကြားခဲ့ရခြင်းဖြစ်သည်ဟု ဆိုပါသည်၊ အခြားအနမ်းခံ ရသူ ကျောင်းသူ(၄)ယောက်အား
အတန်းပိုင်ဆရာမှ အနမ်းခံရသည့် ကိစ္စကို လူကြီးတွေ မေးရင် မဟုတ်ကြောင်း ငြင်းဆိုရန်နှင့် အရိုက်ခံရသည့် ကိစ္စသာ ပြောကြားရန်သင်ကြားနေပြီး ခိုင်းသည့်အတိုင်း မလုပ်ပါက စာမေးပွဲချပစ်မည်ဟု ခြိမ်းချောက်နေကြောင်းလည်းပြောပြပါသည်၊

ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ ကသာမြို့နယ် တရားရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ထိုဦးတိုက်မှုကို ယနေ့ပင် လက်ခံရရှိခဲ့ပြီး ကသာရဲစခန်းသို့ ကျင့်(၂၀၂)အရ စစ်ဆေးရန် ညွှန်ကြားသွားမည်ဖြစ်ကြောင်း အတည်ပြု ဖြေ ကြားသွားခဲ့ပါသည်။


(ဟာဂျူလီ-ကသာ)
 
From...Search Myanmar
 

No comments:

Post a Comment