Tuesday, November 19, 2013

နှလုံးတိုက်ခိုက် ခံရမှုကို လျော့ချနိုင်သည့် နေထိုင်မှု ပုံစံ




နှလုံးရောဂါကို ကာကွယ်ဖို့ အတွက် လိုအပ်တဲ့ ဘဝနေထိုင်မှု ပုံစံ ခုနစ်ချက်ဟာ ကင် ဆာရော ဂါ ဖြစ်နိုင်ခြေ ကိုပါ လျှော့ချနိုင် တယ်လို့ အမေရိကန်နှလုံးရောဂါဌာနမှ ထုတ်လုပ်တဲ့ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

အဲဒီခုနစ် ချက်ဟာ-

(၁) တက်တက်ကြွကြွ နေထိုင်ခြင်း .တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅ဝ ခန့် လေ့ကျင့်ခန်းပြုလုပ် ရပါမယ်။ ဥပမာအားဖြင့် နာရီဝက် လမ်းမြန်မြန်လျှောက် တာကို တစ်ပတ် ငါးကြိမ် ပြုလုပ်ပေးပါ။

(၂) ကျန်း မာေ၇းနှင့် ညီညွတ် သော ကယို အ လေး ချိန်ရှိခြင်း ခန္ဓာကိုယ်အရပ် အမောင်းနဲ့ အလေးချိန် အချိုးအဆ(BMI)ဟာ ၂၅ ထက် ပိုမမြင့်မားရပါ။

{၃) ကျန်းမာရေးနှင့် ညီညွတ်သော အစာ စားခြင်း ပြည့်ဝဆီနဲ့ ထပ်ပြန်ကြော်ဆီ၊ ကိုလက်စထ ရော၊ ဆိုဒီယမ် (ဆား)နဲ့ သကြားစားသုံးမှုကို လျှော့ စားပြီး ကောက်နှံတစ်ခုလုံး ပါဝင်တဲ့အစာ၊ အမျှင်၊ အဆီမပါတဲ့ အသား ၊ ရောင်စုံဟင်းသီးဟင်းရွက် တွေကို များများ စားသုံးပါ။

(၄) သွေးတွင်း ကိုလက်စထရော အဆင့်ကို ထိန်း ချုပ်ထားနိုင်ခြင်း ကိုလက်စထရောစုစုပေါင်းအဆင့်ဟာ ၂ဝဝ mg/dl ထက် နည်းရပါမယ်။ ကောင်းတဲ့ ကိုလက် စထရော (HDL)နဲ့ မကောင်းတဲ့ ကိုလက်စထရော (LDL) အဆင့် ညီညွတ်မျှတမှုရှိရပါမယ်။ (ဥပမာ HDL 40 mg/dl ထက်နည်းရင် နှလုံးအတွက် မကောင်း ပါ)

(၅) သွေးဖိအားကို ထိန်းချုပ် ထားနိုင်ခြင်း အပေါ်သွေးဖိအား ၁၂ဝ mmHg ထက်နည်း ပြီး အောက်သွေး ဖိအား ၈ဝ mmHg ထက် နည်းရ ပါမယ်။





(၆) သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ထား နိုင်ခြင်း ည ၁ဝ နာရီနောက်ပိုင်း အစာမစားဘဲ မနက် စောစောမှာ သွေး တွင်း သကြားဓာတ်ကို စစ်ထားတဲ့ အဖြေဟာ ၁ဝဝ ထက် နည်းရပါမယ်။

(၇) ဆေးလိပ်မသောက်ခြင်း ဆေးလိပ်သောက်တာကြောင့် အဆုတ် ကင်ဆာဖြစ်နိုင်ခြေ မြင့်မား သလို နှလုံးသွေးကြော ရောဂါနဲ့  လေဖြတ်နိုင်ခြင်းကို မြင့်မားနိုင်တယ်။


ဒေါက်တာခင်မိုးမိုး
 Good Health 

From...Yoyarlay

No comments:

Post a Comment