Thursday, November 14, 2013

ငါ့ရဲ့ ထွန်ကြောင်းနဲ့ စိန်ခေါ်ပွဲ

                         Online Photo's

ငါက.အမှောင်ညမှာ.မီးမရှိပဲ
မောင်းရတဲ့ ကား
ငါက..ကျရာဇာတ်ရုပ်ကိုဖြစ်သလိုချက်ပြုတ်ပြီး
ကန်သွင်းနေရတဲ့ တိုက်စစ်
ခြေမတွေ ရထားလမ်းဖြစ်လို့ 
လက်မတွေကြား.၀ဲဖြတ်မောင်းတာတောင်
ကမ်းနဲ့ ဝေးပြီး မိုးကမလုံသေးဘူး
အမှားအမှန်နဲ့ ရောသုတ် ပြီး
လိမ်ကျစ်ထားတဲ့ .ဟေ့..လောက
ဒီမှာ
ငါ..ခေါင်းတိုက်ပြီး.မော့သောက်ပြအုံးမယ် ။


ငါက…ခွေးအ..တစ်ကောင်လို.လျှာ.တစ်လစ်နဲ့ 
ငါ့..ဘီးနှစ်ဖက်ကို.သံပတ်ပေးပြီး.ဘ၀ကို
ရေးခြစ်နေရတဲ့ ..ငှတ်
ငါက..ငါ့ခန္ဓာကို.နှာဖားကြိုးတပ်လို့ 
ထွန်ယက်နေရပြီး
မြူးဇစ်.မလှသေးတဲ့ ..ခရု
ဆံပင်တွေ..ဓာတ်ကြိုးဖြစ်
မျက်လုံးတွေ.အ၀ိစီရောက်တာတောင်
ဘူတာ.နဲ့ ဝေးပြီး..ခရီးကရှည်တုန်း
အနု.အကြမ်း.ကစားကွတ်နဲ့ 
ယိမ်းနွဲ့ နေတဲ့ …ဟေ့…လောက
ဒီမှာ
ငါ.ဧည့်ခံပြီး.သီချင်းဆိုလို့ 
ခုတ်ထစ်ပြအုံးမယ်

ငါ....ခြင်္သေ့လို
ငါ....ဧရာဝတီလို
ငါ....ဒုံးပျံလို
ငါ....စပိတ်တစ်ဖဲ.လို
ဒီပွဲ....ဖလားရအောင်
ငါ....ဒေါင်းပြမယ်…အို.......လောက…။

ချစ်မိုးဦး

 

No comments:

Post a Comment