Monday, July 13, 2015

ကိုးရီးယား ဇာတ်လမ်းတွဲများ မှ မှတ်သား စရာများ

Myanmar Model Girls's photo.



၁။ ချမ်းသာပြီး ချောမောသော ယောက်ျားများ သည် ပြောချင်ရာပြော တတ်သော ရွက်ကြမ်းရေ ကျို မိန်းမ များကို ကြိုက်လေ့ ရှိသည်။

၂။ မိန်းကလေးများ ၏ အရင်းနှီးဆုံး ယောက်ျားလေး သူငယ်ချင်းတိုင်း သည် သူမ တို့ကို သေချာပေါက် ချစ်လေ့ ရှိသည်။

၃။ ညီအစ်ကို များ၊ သူငယ်ချင်း များ၊ ကျောင်းနေဘက် များ၊ ရန်သူ များသည် မိန်းကလေး တစ်ယောက်တည်း ကိုသာ စုပြုံကြိုက်လေ့ ရှိသည်။

၎။ ကိုးရီးယား တွင် ဘယ်လမ်း မဆို ဂငယ်ကွေ့ ကွေ့ခွင့် ရှိသည်။  ကိုယ်ကွေ့ချင် သည့် လမ်းတွင် ဘယ်တော့ မှ ကားမရှိ (တစ်စီးမှ ကို မရှိ) ။

၅။ စားသောက်ပြီး မရှင်း ပဲ ထပြေး သွားခွင့် ရှိသည် (မပြေးခင် တစ်ယောက်ယောက် ကိုတော့ ငိုပြီး ပါးရိုက် ခဲ့ရမည်)။

၆။ လူတိုင်း ကင်ဆာဖြစ်နေကြသည်။

ရ။ မိုးရေထဲ တွင် ငါးမိနစ် ခန့်နေပါ။ သေချာပေါက် ဖျားမည်။

 ၈။ ဖျားလျှင် ပူစရာမလို။ ရည်းစား က ကျောပိုးပြီး ဆေးရုံ သို့ ပြေးလိမ့်မည်။ (Taxi, car, ambulance ဘာ မှ ခေါ် စရာ မလို၊ ပြေးတာ က ပိုမြန်၏)။


၉။ ရေဆင်းကူး လျှင် ဘယ်တော့မှ အဝတ်အစား လဲစရာ မလို။ ဒီတိုင်း ဆင်းသွား ရုံသာ။

၁၀။ ချမ်းသာ သူ = မကောင်းသော လူ။

၁၁။ ဆင်းရဲ သူ = လွန်စွာ ရိုးသားဖြူစင်သူ။

၁၂။ မင်းသား၊ မင်းသမီး ၏ အစ်ကိုသည် ဘယ်တော့ မှ အသုံးမကျ။  အစ်ကို အရင်းဖြစ် လျှင် ပိုဆိုး သည်။ ရုပ် ချင်းတောင် တစ်စက် မှ မတူ၊ မချော။

၁၃။ စာ တကယ်ကြိုးစားရင် နှာခေါင်းသွေးယို ရမည်။


၁၄။ နှာခေါင်းသွေးယို ရင် ကင်ဆာဖြစ်ဖို့ သေချာ သလောက် ရှိပြီ။ ခွဲစိတ် မှ အသက်ရှင်မည်။ သို့သော် ခွဲစရာ ပိုက်ဆံ ဘယ်တော့မှ မရှိ။  ဆရာဝန်တွေ နားမလည်နိုင်သော အကြောင်းများ စွာနှင့် ရောဂါချက်ချင်း ကြီးလာမည်။

၁၅။ ကော်ဖီဆိုင် တွင် coffee/orange juice သာ မှာ ရမည် (မှာရုံသာ မှာရန် ဖြစ်သည်။ ဘယ်တော့မှ မသောက်)။

၁၆။ လျှို့ဝှက်ချက် များကို တိုင်ပင် ချင်လျှင် တံခါး ကို သေချာ မပိတ်ရ (ဒါမှ သာ နားစွန် နားဖျား ကြားတဲ့သူ ရှိမှာဖြစ်သည်။

၁ရ။ America သွားပြီး ပြန်လာရင် အံ့သြ စရာကောင်းလောက်အောင် အောင်မြင်မည်။ England က ပြန် လာ ရင် အလွန်တရာ ကို လန်းသွားမည်။ ကိုးရီးယား မှာနေလျှင် ဆံပင် ပုံစံက လွဲလို့ ဘာမှ မပြောင်း။

၁၈။ အဲဒီလို ကိုးရီးယား ကို ပြန်လာခြင်းသည် ကင်ဆာဖြစ်နေလို့ ဖြစ်သည်။

၁၉။ ဘယ်နေရာမှာ ပဲနေနေ ဆေးရုံတစ်ခုတည်း သာ အတူတက်ကြသည်။

၂၀။ စားစရာ မရှိလောက်အောင် ဆင်းရဲသော်လည်း အဝတ် တစ်ထည် ကို ဘယ်တော့မှ နှစ်ခါပြန် မဝတ်။

၂၁။ ဆင်းရဲသော ကလေးတိုင်း သည် ဆံပင် ဘုတ်သိုက်၊ ညစ်ညစ် ပတ်ပတ် သာ နေကြသည်။

၂၂။ လူတစ်ယောက် ကို ကားမတိုက်အောင် တွန်းထုတ်ပြီးလျှင် သူ့နေရာ မှာ ဆက်ရပ်နေရမည် (ဒါမှ ကားက တိုက်စရာ ရမည်)။

၂၃။ လူတိုင်း တွင် ငယ်ငယ် ကတည်းက ကွဲကွာ သွားသော ညီအစ်ကို မောင်နှမ များ ရှိကြသည်။

၂၄။ ရည်းစား ထံမှ ဖုန်းကို မကိုင်ချင် လျှင် ပိတ်ထား လို့ မရ။ ဘက်ထရီ ကို ဆွဲထုတ် မှသာ ရသည်။

၂၅။ ကိုးရီးယားယောက်ျားတိုင်း သည် အရက်ကောင်းကောင်းသောက်နိုင်၊ သီချင်းကောင်းကောင်း ဆိုတတ်၊ စန္ဒရားကောင်းကောင်း တီးတတ်သည်။ အများ အားဖြင့် စန္ဒရား ထားပေးသော စားသောက်ဆိုင် များတွင် ထို အလုပ် များကို တပြိုင်တည်း လုပ်လေ့ ရှိသည်။ သူ ဒါတွေ လုပ်တတ်မှန်း ရည်းစား က လုံးဝမသိ (ပထမဆုံး တွေ့ ဖူးခြင်း ဖြစ်၏)။

၂၆။ ချစ်သူ ရည်းစားဖြစ်ပြီး လျှင် တစ်ချိန် တွင် နိုင်ငံခြား သေချာပေါက် ထွက်ရမည်။ ထွက်ရမှာ ကို ကြို အသိပေးစရာ မလို။ လေ ဆိပ်ရောက်လျှင် ရည်းစား က မျက်ရည်နှင့် ပြေးလိုက် လာလိမ့်မည်။ (၆၀% လောက်တော့ တွေ့ရန် အခွင့်အရေး ရှိသည်။ ကျန်သော ၄၀% က တစ်ယောက် ကို တစ်ယောက် ၆ ခါလောက် ဖြတ်လျှောက် ရင်း လွဲသွားမည်၊ ဘယ်တော့မှ မမြင်ကြ)။

၂ရ။ လေယာဉ်ပေါ် က ဆင်းလျှင် နေကာ မျက်မှန် တပ်ထား ရမည်။

၂၈။ ယောက်ျား များသည် ဘာ အားကစား လုပ်လုပ် လည်ပင်း အထိ လုံသော Tracksuit များ ဝတ်ကြသည်။

၂၉။ မိန်းကလေး များ စိတ်ဆိုး လျှင် လှည့်ထွက် သွားတတ်သည်။ သို့သော် လက်ကို တစ်ချက် ဖမ်းဆွဲလိုက် လျှင် ချက်ခြင်း လည်ပြီး ပါလာသည်။ ပုခုံးရိုးတွေ ဘာတွေ ဘယ်တော့ မှ ဘာမှ မဖြစ်။

၃၀။ ကားတိုက်မှုဖြစ်ကာ ခေါင်းကို ထိခိုက် မိလျှင် အတိတ်မေ့သွား တတ်သည်။ သို့သော် ပူစရာမလို၊ နောက် တစ်ခေါက် ခိုက်မိလျှင် ပြန်သတိရ လာမည်။

၃၁။ ပျော်စရာ တစ်ခုခု ဖြစ်ပြီးလျှင် အမြဲ ငိုရမည်။

၃၂။ ဓာတ်လှေကားနှင့် အိမ်သာ များကို ဝင်လျှင် မတွေ့ချင်သော သူများနှင့် တွေ့လေ့ရှိသည်။

၃၃။ အိမ်သာ မှားဝင်ခြင်းသည် ဖြစ်နေကြ ဖြစ်သည်။

၃၄။ အလွန်တရာ ချမ်းသာသူ မဟုတ်သရွေ့ ခမည်းခမက် များက ကြည့်မရ။

၃၅။ ယောင်းမ ကလည်း ထိုနည်း လည်းကောင်း။

၃၆။ မတ်နှင့် ခဲအို များကို သတိထားပါ။ သင့်ကို ကြိုက်နေလေ့ ရှိသည်။

၃ရ။ နမ်းပုံ နမ်းနည်း နှစ်မျိုးသာ ရှိသည်။ ပါးစပ် ကို အသေပိတ် ထားပြီး ငြိမ်ပြီးနေရင်နေ၊ ဒါမှမဟုတ် တစ်ဘက်လူ ကို ကိုက်စားတော့ မလို ဆွဲစုပ်နိုင် ရမည် (ဘယ်လိုပဲ နမ်းနမ်း ရှိသမျှ အရာတွေ အကုန် ချာချာ လည်၏)။

၃၈။ ကား တစ်ခုခုဖြစ်လျှင်၊ ဆီ ကုန်လျှင် ဘယ်သူ မှ အသွားအလာ မရှိသော တောလမ်း တွင် ညကြီး မိုးချုပ် သာ ဖြစ်လေ့ ရှိသည် (ဖုန်းလိုင်းတောင် မရှိ)။ ထိုနေရာ မှ မြို့ပြန်ရောက်အောင် ငါးလက်မဒေါက်ဖိနပ်နှင့် ဆယ်မိုင်လောက် လမ်းလျှောက်ရမည်။

၃၉။ ဟိုတယ် တွင် အခန်းငှား လျှင် အမြဲတမ်း တစ်ခန်း သာ အလွတ် ရှိသည် (အဲဒီ အခန်းတွင် ကုတင် တစ်လုံးပဲ ရှိ၏၊ ဘယ်တော့မှ အပို မရှိ)။

၄၀။ ပထမဆုံး အကြိမ် အတူ အိပ်ရုံဖြင့် ကိုယ်ဝန် ရလာမည်။

၄၁။ နဖူးပေါ် ကို နမ်းလိုက် လျှင် ကိုယ်ဝန် ရှိလာမည်။

၄၂။ လက်တွဲပြီး သွားလျှင်တောင် ကိုယ်ဝန် ရှိလာတတ်၏။

၄၃။ အခက်အခဲ များ ကို အတူကျော်ဖြတ်ရန် ကြုံလာ ပါက တစ်ယောက်သေချာပေါက် သေပေးရမည် (ကင်ဆာဖြစ်ဖို့  များ၏)။

၄၄။ ချစ်သူ စုံတွဲများ သည် ဘတ်စ်ကား ၏ နောက်ဘက် ညာဘက်ခြမ်း ထိုင်ခုံတွင် အမြဲထိုင်ကြသည်။ တစ်ယောက်တည်း အထီးကျန် ဖြစ်လာပါက ထိုနေရာ တွင် သွားပြန်ထိုင်ကာ အတိတ်ကို ပြန်စဉ်းစားလေ့ ရှိသည်။

၄၅။ သာမန်ယောက်ျားတစ်ယောက် သည် လူဆိုး ငါးယောက်ခြောက်ယောက်ကို တစ်ယောက်ချင်း တန်းစီ ကာ အလဲ ထိုးနိုင်သည်။ အားလုံး လဲသွားပြီးလျှင် ပြန်ထ လာကာ တစ်ပြိုင်တည်း ပြန်ချကြ၏။ ထိုအခါ တွင် ပြန် အထိုးခံရပြီး ဘယ်နေရာ မှန်း မသိသော ဂိုဒေါင်ကြမ်းပြင် တွင် မှောက်သွားမည်။ 

သူ့ရည်းစား က ထိုအဖြစ်ကို အစအဆုံး မြင်သည်။ သို့သော် ဘယ်တော့မှ ၉၁၁ ကို ဖုန်းမဆက်။ ငိုရုံသာ တတ်၏။ သို့သော် ပြဿ         နာမရှိ။ နောက်တစ်နေ့တွင် အထိုး ခံရသောကောင်က ပတ်တီး နည်း နည်းနှင့် ပြန်ကောင်းနေမည် ဖြစ်သည်။ ဘယ်လောက် အထိုး ခံရ ခံရ မျက်ကွင်းမညို။

၄၆။ မိန်းမကောင်း များသည် ကား မမောင်းကြ။ အကျင့် မကောင်းသော မိန်းကလေး များသာ ကိုယ်တိုင် ကားမောင်းကြ၏။ တစ်ခါ တစ်ခါတော့ မိန်းမကောင်း များလည်း ကားမောင်းသည်။ သို့သော် ဘယ်လို လိုင်စင် ရထားမှန်းမသိ၊ စုတ်ပြတ်နေအောင် မောင်း၏။

၎ရ။ ချမ်းသာ သူများသည် တံတိုင်းကြီးများ ကာထားသော အိမ်ကြီး အိမ်ကောင်း များတွင် နေကြသည်။ ကျန် တခြား သူများက မြို့ထဲမှ တိုက်ခေါင်မိုးများပေါ်၊ သို့မဟုတ် မြို့ပြင် တွင် တဲထိုးနေကြ၏။

၄၈။ ကိုးရီးယားကျောင်းများ တက္ကသိုလ်များ တစ်ခု မှ အသုံးမကျ။ စာသေချာ သင်ချင်လျှင် နိုင်ငံခြားသွားမှ ရ၏။

၄၉။ U.S တွင် ပညာသွား သင်လျှင် (Harvard ဆို ပိုကောင်း၏) သင်သည် အတော်ဆုံးကျောင်းသားဖြစ်ကာ English လို မွှတ်နေအောင် ပြောတတ်သူဖြစ်၏ (သို့သော် ဇာတ်လမ်းကြည့်သူ အင်္ဂလိပ် တစ်ယောက်မှ ထို ကိုရီးယားများ ပြောတာ ကိုနားမလည်)။

၅၀။ အကြောင်း တစ်ခု မဟုတ်တစ်ခုကြောင့် ယောက်ျားလေး က ရေချိုး ရာမှ အဝတ် မပါပဲ ထွက်လာသည်။ မိန်းကလေး က မြင်ကာ လက်ညှိုးထိုး အော်၏။ ထိုအခါ ထိုယောက်ျား ကလည်း အော်ကာ သူ့ ရင်ဘတ်ကို ကာ၏ ။ (ရင်ဘတ် မှာ ဘာရှိလို့လဲ မသိ)။


(Credit: http://vanillacherryice.wordpress.com/…/50-things-you-lear…/)


သြ .. ဒါနဲ့  အခု တလော mrtv - 4 မှာပြနေတဲ့ ရင်သွေး ဆိုတဲ့ ဇာတ်လမ်း ..
ကိုရီးယား လို Two Weeks 투윅스 ဇာတ်ကား သည် မင်းသား ဖြစ်သူ အပြေးကြီး ပဲ တစ်ကား ရိုက်ရ သော ရုပ်ရှင်ဖြစ်သည် ... တအားကောင်းသည် ..
 

သို့ သော် ဘာ စိတ်ကူးပေါက်ပြီး မြန်မာပြည် က လူ တချို့  ဇာတ်လမ်း တွဲတွေ ကို နာမည်ပေးတဲ့ အခါ ... သောက်တလွဲတွေ ဖြစ်နေခြင်းကို စဉ်းစားမရ ... တစ်ကြိမ်လဲ မဟုတ် နှစ်ကြိမ်လဲ မဟုတ် .. ကားတိုင်း လိုလို. 

ဒါကြောင့်လဲ  နိုင်ငံတကာက ဇာတ်လမ်းတွဲတွေ ကို တုပပြီး ရိုက်သည့် အခါ .. ဒိုင်ယာလော့ခ် .. position .. setting တွေ အားနည်းရုံ သာမက .. ကင်မရာ ဖလင်လိပ် ရှည်အောင် မလိုအပ်တာတွေ ကို ရိုက်ပြပြီး ဦးစားပေးကြသည် ... 

ဇာတ်ကားကိုကြည့်ပြီး နာမည် လှလှတောင် မပေး တတ်တာ ဇာတ်လမ်း ကို ရှည်အောင် ဇာတ်အိမ် ခိုင်အောင် မဆွဲ တတ်တာ မထူးဆန်း .... ကိုရီးယား ကနေ ဇာတ်ညွှန်းကောင်းကောင်း တစ်ခု ၀ယ်ပြီး ရိုက်လိုက် လျှင် ရှယ်ပေါက် သွားမည့်  သရုပ်ဆောင် များစွာ ရှိသည် ....



ရယ်ရလွန်း လို့ ပြန်ရှယ် ပါတယ် 



No comments:

Post a Comment