Saturday, January 14, 2017

သင့် ရဲ့ လက်ကောက်ဝတ် အရစ်လေးမှ သိနိုင်တဲ့ သင့် အကြောင်းများ



၁. ပထမဆုံး လမ်းကြောင်း
********************
ဒီ လမ်းကြောင်းလေးကတော့ ကျန်းမာရေး လမ်းကြောင်းလေးဖြစ်ပါတယ်။ အရေးအပါဆုံး လမ်းကြောင်း တစ်ခု လည်းဖြစ်ပါတယ်။ လက်ဖဝါးပြင် ရဲ့ အနီးစပ်ဆုံး လမ်းကြောင်းတစ်ခုပါ။ ဒီလမ်းကြောင်းလေးမှာ
ရှင်းလင်းပြီး နက်နက် နဲနဲ ပေါ်ထင်နေတယ် ပြတ်ကြောင်း၊ ချိန်းကြိုးဆက်များ မပါဝင်ရင်တော့ ကျန်းမာရေးအလွန်ကောင်းမွန်မယ်လို့ ဖော်ပြနေတယ်။ 

လမ်းကြောင်းလေးမှာ ပြတ်ရာများ ပါဝင်နေရင်တော့ မိန်းမ ဆိုရင် မီးယပ် ရောဂါများဖြစ်ပွားနိုင်ပြီး၊ ယောက်ျားလေး ဆိုရင် ဆီး၊ ဟော်မုန်း၊ ဆီးကျိတ်၊ ဒါမှမဟုတ် မျိုးပွားမှု့ မှာ ပြဿ       နာများဖြစ်ပွားနိုင်ပါတယ်။
၂. ဒုတိယ လမ်းကြောင်း
******************
ဒီ လမ်းကြောင်းလေးက ဥစ္စာ ဓန လမ်းကြောင်းလေးဖြစ်ပါတယ် ။ ဒီ လမ်းကြောင်းလေး မှာ သင့် ရဲ့ ချမ်းသာခြင်း၊ အဆင်ပြေ သာယာဝပြောခြင်း၊ ပျော်ရွင်မှု့တွေကို ပြောပြနေပါတယ်။ ဒီ လမ်းကြောင်းလေး မှာ ကွင်းဆက်များ မပါပဲ တစ်ဖြောင့်ထည်းဖြစ်နေမယ် ဆိုရင် အခွင့် အလမ်းများပေါ်များပြီး အနာဂတ် အတွက်ကောင်းမွန်လှပါတယ်။ 

အက်ကြောင်းများ၊ ကွင်းဆက်များ ပါဝင်နေရင်တော့ဘဏ္ဍာရေး အခြေအနေ ခက်ခဲနိုင်တယ်လို့ ပြောပြနေပါတယ်။ ပထမမျဥ်း နဲ့ ကျိုးပဲ့နေခြင်း မဟုတ်ပဲ ကွဲပြား သီးခြားစွာ တည်ရှိနေရင်တော့ အနာဂတ်မှာ အောင်မြင်ကျော်ကြားနိုင်တယ်လို့ ဆိုလိုပါတယ်။
၃. တတိယ လမ်းကြောင်း
*******************
ဒီ လမ်းကြောင်းလေးက အောင်မြင်မှု့ လမ်းကြောင်းလေးဖြစ်ပါတယ်။ လူအများစု မှာ အနည်းဆုံးနှစ်ဦးတော့ တတိယ လမ်းကြောင်းလေး ပါရှိကြပါတယ်။ တတိယ လမ်းကြောင်းလေး သင့်မှာ ရှိရင်တော့ အောင်မြင် မှု့ ကျော်ကြားမှု့တွေနဲ့ အတူ သြဇာ လွမ်းမိုးမှု့ကြီးများတယ်လို့ပြောပြနေပါတယ်။ သင်က လူတစ်ကာ ရဲ့ အောက့်မေ့ဖွယ် လူတစ်ဦး ဖြစ်စေနိုင်ပါတယ်။


၎.စတုထ္တ လမ်းကြောင်း
*****************
ဒီ လမ်းကြောင်းက အရှားပါးဆုံး လမ်းကြောင်းလေးဖြစ်ပါတယ်။ ကံကောင်းတဲ့ လူ အနည်းငယ်သာ ပါရှိ တက် ပါတယ်။ ဒီလမ်းကြောင်းလေးက တတိယ လမ်းကြောင်းလေး နဲ့ အပြိုင်ဖြစ်နေရင်တော့ အသက်ရှည် ကျန်းမာပြီး လူမှု့ရေးရာမှာ ကျော်ကြားခြင်း၊ သြဇာ လွှမ်းမိုးနိုင်ခြင်း စသည့် ခွန်အားကြီးသော လူတစ်ဦး ဖြစ်စေနိုင်ပါတယ်။
ကဲ ....  မိတ်ဆွေတို့ရော ဘယ်လမ်းကြောင်းတွေထိ ပါရှိကြသလဲ….

Credit to Original Uploader
Source


No comments:

Post a Comment