Sunday, January 22, 2017

နွားရိုင်း ပေးတဲ့ ငြိမ်းချမ်းရေး သင်ခန်းစာ



စပိန်နွားရိုင်းသတ် ကစားသမား အဖြစ်ကနေ နွားရိုင်းသတ်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး သမားဖြစ်သွားတဲ့ ဖြစ်ရပ်။

နွားရိုင်းသတ်သမား ဟာ နွားရိုင်းကို လှံချက် များစွာနဲ့ ထိုးနှက် ထားနိုင်ပေမယ့်  တစ်ချီ မှာတော့ နွားရိုင်း က သေချာပေါက်ေ ဝှ့သတ်နိုင်မဲ့ အခြေအနေ ကို ဆိုက်ရောက် သွားတယ်။

ဒါပေမယ့်...
လှံချက်တွေ နဲ့ အထိနာနေတဲ့ နွားရိုင်း က တရား မျှတမှုကိုတောင်းဆို သလို မျက်လုံးချင်းဆိုင် စိုက်ကြည့်တာက လွဲလို့ ဘာမှ မလုပ်ခဲ့တာကြောင့် ကစားသမား အသက် ချမ်းသာရာ ရသွားတယ်။

သူဟာ တစ်ပြိုင်နက်တည်းပဲ ဒီ ကစားသမားဘဝ ကို စွန့်လွတ်ဖို့ ဆုံးဖြတ်လိုက်သလို ဒီနွားရိုင်းသတ်ပွဲကို ဆန့်ကျင် တိုက်ဖျက်ရေး လှုပ်ရှားသူ အဖြစ်ပါေ ဆာင်ရွက်လာတယ်။

Credit : Kyaw Than

ကျနော်တို့ ဘဝတွေမှာ ဗုံလုံ တစ်လှည့် ငါးပျံ တစ်လှည့် ဆိုသလို ကိုယ့် လက်ထဲ အသာစီး ရတဲ့ အခွင့် အရေး ရလာတဲ့ အခြေ အနေတွေ ရန်ဘက် ကို ကောင်းကောင်းကြီး လက်တုန့်ပြန်နိုင်စရာ အခြေအနေတွေ ရှိလာတတ်ပါတယ်။





ဒီအခါမှာ လက်စားချေလိုက်တာဟာ စိတ်အလို လိုက်လိုက်တာပါ။
လက်စား မချေပဲ ခွင့်လွှတ်လိုက် တာက စိတ်ကို အောင်မြင်သွားတာ။

အဟိတ် တိရိစ္ဆာန်ဖြစ်တဲ့ နွားရိုင်း က ကျနော်တို့ အားလုံးကို သင်ကြားပေးနေတယ်။
အဲ့ဒီတုန်းက သူ သတ်လိုက်ရင် သူ့ ရန်သူ တစ်ယောက်တည်းသေမယ်။
သူ တစ်ကောင်တော့ ရှင်ကောင်း ရှင်မယ်ပေါ့။

ဒါပေမဲ့ ခုလုပ်ရပ်က သူ့မျိုးနွယ်စု အများအပြား ကို ရှင်သန်စေတယ်။
သူတို့ ရန်သူ အများအပြားကိြုေ ပာင်းလဲစေတယ်။

တစ်ကယ်တမ်း လောကမှာ ခွင့်လွှတ်ခြင်း သာလျှင် အောင်နိုင်ခြင်း အစစ် ဖြစ်ပါတယ်။



Thorn Nay Soe

Source

No comments:

Post a Comment