Tuesday, January 31, 2017

သွေးကြောများ ယောင်ကိုင်း ပွထ နာကျင်ခြင်းမှ သက်သာပျောက်ကင်းစေဖို့





သွေးကြောများ ယောင်ကိုင်းခြင်း နဲ့ သွေးကြော အတွင်း သွေးခဲခြင်း တို့ကို သက် သာပျောက်ကင်းစေတဲ့ ဆေးနည်းကို မျိုးဆက် တစ်ခုမှ တစ်ခုသို့ လက် ဆင့် ကမ်း ရရှိလာခဲ့တာပါ။ ယခုလို လုပ်တာဟာလည်း ဆေးရဲ့ အံ့သြဖွယ် အစွမ်း ထက် မှုကြောင့်ပဲ ဖြစ်ပါတယ်။ 

အဆိုပါဆေးဖော်စပ်ဖို့ သိုးနို့စိမ်း (၁) ခွက် နဲ့ ကလေးသုံး ဆပ်ပြာ (၁) တုံးတို့ ပဲ လိုအပ်ပါလိမ့်မယ်။ ပထမဆုံး ဆပ်ပြာ ကို နို့နဲ့ ရောချေလိုက်ပါ။ ပြီးရင် အနာဖြစ်တဲ့နေရာကို လိမ်းပြီး နှိပ်နယ်ပေးပါ။ အောက်ကနေ အပေါ်ကို နှိပ်ပေးရမှာဖြစ်တယ်။ 

အဲဒီအတိုင်း အနည်းဆုံး တစ်နေ့ (၃) ကြိမ်လုပ်ပေးပါ။ နောက် ခြေထောက် လိမ်းဖို့ (၁၀) ရက်စာ အတွက် ထပ်မံဖော်စပ်ပါ။ စပြီး ကုသ တဲ့ အချိန်ကနေ (၁) လ အထိ တစ်ရက် (၃) ကြိမ် ပုံမှန်နှိပ်ပေးရမှာဖြစ် တယ်။  



နှစ်ပတ်လောက်ကြာပြီးတဲ့အချိန်မှာ အကျိုးသက်ရောက်မှု ရှိလာတာ သတိပြုမိမှာဖြစ်တယ်။ ဖော်စပ်ထားတဲ့ ဆေးလက်ကျန်ကို ရေခဲသေတ္တာထဲ သိမ်းထားပါ။

 
Credit to Ginger
ငွေတာရီ
http://goldenfuture999.blogspot.my/


No comments:

Post a Comment