Sunday, January 22, 2017

သမ္မတ အိုဘားမား ရဲ့ အိမ်ဖြူတော် နောက်ဆုံးနေ့အကြောင်း တစ်စေ့ တစ်စောင်း (ရုပ်သံ)






ဘားရက်အိုဘားမား ဟာ အမေရိကန်နိုင်ငံ ရဲ့ ၄၄ ကြိမ်မြောက် သမ္မတ အဖြစ် အိမ်ဖြူတော်ထဲမှာ ဇန်န၀ါရီ ၂၀ က သူ့ရဲ့နောက်ဆုံးရက်ကို အချိန် ကုန်ဆုံးခဲ့ပါတယ်။
သူဟာ သူ့ရဲ့သမ္မတနေရာကို ဆက်ခံမယ့် ဒေါ်နယ်ထရမ့် ကို မနက်ပိုင်းမှာ အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံပြီး နေ့လယ် အစောပိုင်းမှာတော့ ကယ်လီဖိုးနီးယား မှာ အချိန်ကုန်ဖို့ နောက်ဆုံး အကြိမ်အဖြစ် အမေရိကန်သမ္မတတွေ စီးတဲ့ အဲဖို့စ်ဝမ်း လေယာဉ် နဲ့ သွားခဲ့တယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။
မနက် ၉ နာရီ ၁၅ မိနစ် – အိုဘားမားဟာ သူ့နေရာကို ဆက်ခံမယ့် သမ္မတအသစ် အတွက် အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းက သူ့ရဲ့ စားပွဲပေါ်မှာ စာတစ်စောင် တင်ထားခဲ့ပါတယ်။
မနက် ၉ နာရီ ၃၀ မိနစ် – အိမ်ဖြူတော် အရှေ့ကို ထွက်လာပြီး သတင်း သမားတွေ အပါအဝင် လူတွေ ကို နှုတ်ဆက်ကာ သတင်းသမား တစ်ဦးရဲ့ “ခင်ဗျား ဝမ်းသာ ဝမ်းနည်းဖြစ်နေလားဆိုတဲ့ အမေးကို ” “ ဒါပေါ့ သိပ်ဖြစ်တာပေါ့ဗျာ” လို့ ဖြေကြားခဲ့ပါတယ်။
မနက် ၉ နာရီ ၄၅ မိနစ် – အိမ်ဖြူတော်ရှေ့မှာ သမ္မတ ဇနီးမောင်နှံ ဘားရက် အိုဘားမား နဲ့ မီရှဲလ်အိုဘားမား တို့ဟာ သမ္မတအသစ် ဒေါ်နယ်ထရမ့် နဲ့ မယ်လနီရာ တို့ရဲ့ အလာကို စောင့်ဆိုင်းနေကြပါတယ်။ ထရမ့်တို့ရောက်လာချိန်မှာ အိုဘားမား က ထရမ့် ကို “ရွေးကောက်ခံ မစ္စတာ ပရက်ဆီဒန့် နေကောင်းရဲ့လား” လို့ နှုတ်ဆက်မေးမြန်းခဲ့ပြီး အိမ်ဖြူတော်ရှေ့မှာ ဓာတ်ပုံ အတူ တွဲပြီး ရိုက်ခံခဲ့ကြပါတယ်။




မနက် ၁၀ နာရီ ၅၃ မိနစ် – အိုဘားမားနဲ့ ထရမ့်တို့ အတူတကွ အိမ်ဖြူတော်ကနေ ထွက်ခွာကြပါတယ်။
မနက် ၁၁ နာရီ ၃၀ မိနစ် – သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား တက်ရောက်ပြီး အခမ်းအနားမှာ ရှိနေတဲ့ ထရမ့်ရဲ့ မိသားစုဝင်တွေကို တဦးချင်း နှုတ်ဆက်ခဲ့ပါတယ်။ သမ္မတဟောင်း ဂျော့ရှ်ဒဗလျူဘုရှ်နဲ့လည်း ဟာသတွေ ပြောခဲ့ပါသေးတယ်။
မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် – အိုဘားမား နဲ့ ထရမ့် တို့ ကပ်ပီတိုလ် အဆောက်အဦ ကနေ ထွက်ခွာကြပြီး အိုဘားမား က အဲဖို့စ်ဝမ်းလေယာဉ် နဲ့ ထွက်ခွာခဲ့ပြီး လေယာဉ်ပေါ်ကနေ အိမ်ဖြူတော်ကို ကြည့်ရှုခဲ့ပါသေးတယ်။
မွန်းလွဲ ၁ နာရီ ၁၀ မိနစ် – မေရီလန်းအခြေပြု အန်ဒရူးလေတပ်စခန်းကို ရောက်ရှိခဲ့ပြီး ခင်ဗျားတို့အားလုံးဟာ တစ်ကယ့် ကို အံ့သြစရာပါ။ တစ်ကယ်ကို အမှတ်ရစရာ အလုပ်တွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ 
ခင်ဗျားတို့တွေ ရှေ့ ဘာဆက်လုပ်ကြမယ် ဆိုတာတွေ မြင်ရဖို့ ကျနော် စောင့်တောင် မစောင့်နိုင်တော့ဘူးလို့လည်း သူရဲ့ မိန့်ခွန်းထဲ ထည့်ပြောသွားပါသေးတယ်။ ဘုရားသခင် ကောင်းချီးပေးပါစေလို့လည်း ဆုတောင်းပေးသွားပါတယ်။
မွန်းလွဲ ၁ နာရီ ၂၅ မိနစ် – လေတပ်စခန်းမှ ပြန်လည်ထွက်ခွာသွားပါတယ်။




No comments:

Post a Comment