Saturday, November 11, 2017

လိုရာသုံး ဗဟုသုတများ



လိုရာသုံး ဗဟုသုတ ခွန်နှစ် ခု

(1)----ရေ၀င်ဆန့် တွက်နည်း
(2)----သစ် တွက်နည်း
(3)----မြေ တွက်နည်း
(4)----ဘိလပ်မြေ တွက်နည်း
(5)----မြန်မာ ရတု ရေတွက်ပုံ
(6)----အကြိမ်ရေ ရေတွက်ပုံ
(7)----အသုံးဝင်သော နှစ်လုံးတွဲ အင်္ဂလိပ် စကားတိုများ


(1) ရေ၀င်ဆန့် တွက်နည်း
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
အုတ်ရေကန် ဝင်ဆန့်မှု
တွက်ချက်နည်းက ပိုလွယ်ပါတယ် ။ 
အလျား×အနံ×အမြင့်=ကုဗပေ ရတယ် ။
အဲဒီ ကုဗပေ နဲ့ ၁ ကုဗပေ မှာ ရေ ၆•၂၅ ဂါလံ နဲ့ မြှောက် ရတာ ဝင်ဆန့်တဲ့ ရေဂါလံပေါ့ ။

=========================

(2) သစ် တွက်နည်း
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

မြန်မာ လက်သမား တို့၏ သစ်တွက်နည်း ဝေမျှပါသည်။
သစ် တစ်တန်=၄၀၀ လက္မ သတ်မှတ်ပါသည်။

ဥပမာ ....   ၂"X၁"( အရှည် ၁၈ ပေ)=၂" ဟု သတ်မှတ်သည်။

၄၀၀ ÷၂= ၂၀၀ ထို့ကြောင့်
၂"၁" (အရှည် ၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။

၂"၁" (အရှည် ၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။
၃"၁"= ၃"(အားလုံးပေရှည် ၁၈ ပေ မှတ်ယူရပါမည်)
၎"၁"=၄" (၁၀၀ချောင်း)
၅"၁"=၅" (၄၀၀ စား ၅ (၈၀ ချောင်း)
၆"၁"=၆" (၆၆.၆ ချောင်း)
၃"၀.၅"=၁.၅" (၂၆.၆၆ ချောင်း)
၎"၀.၅"=၂" (၂၀၀ ချောင်း)
၎"x၄"=၁၆ လက္မ(၂၅ ချောင်း)
၅"x၅"=၂၅လက္မ (၁၆ ချောင်း)

ဥပမာ ။ တန်ဘိုး တစ်တန်=၄၀၀၀၀၀ကျပ်
၄၀၀၀၀၀%၄၀၀= ၁၀၀၀ ကျပ် (၁" တန်ဘိုး ဖြစ်သည် ။)
၂"x ၁၀၀၀=၂၀၀၀၀ ကျပ် (၂"၁" ၁၈ပေ တစ်ချောင်း၏ တန်ဘိုးဖြစ်သည်။)

အမြန်ဆုံးသော သစ်တွက်နည်း
ဥပမာ ...
သစ်တစ်တန် ၆၅၀၀၀၀ ဈေးဖြင့်
၎''x၂ '' (လေးနှစ်) ၁၈ ပေ တစ်ချောင်း
တန်ဖိုးကို တွက်ကြည့်မယ် ။

ဈေးနှုံး ကို တည် ဒသမ သုည သုည နှစ်ငါး
ဖြင့်မြှောက် (၆၅၀၀၀၀ × •၀၀၂၅ )
ရလဒ် ကို သစ် ချောင်း ၏ ဒု × ဗျက် (၄''×၂'') ရလဒ်ဖြင့် ပြန် မြှောက်လိုက်ပါ ။

ဒါဆို ၄" × ၂" (လေးနှစ်) ၁၈ ပေ တစ်ချောင်း၏ တန်ဖိုး ရပါပြီ....
၆၅၀၀၀၀× •၀၀၂၅ = ၁၆၂၅
၎× ၂ = × ၈

-------------
၁ ၃၀၀၀
လေးနှစ် တစ်ချောင်း တန်ဖိုး ၁၃၀၀၀ ဖြစ်ပါသည်...
မည်သည့် ဒု ဗျက်
မည်သည့် ဈေးနှုံးမဆို တွက်ကြည့် နိုင်ပါ သည်။




(3) မြေတွက်နည်း မြေဧက ဖွဲ့ တွက်နည်း
     ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။

နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560 
နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560
တြိဂံ = .၅xအခြေxအမြင့် ÷ 43560
တြိဂံ = ½ အခြေxအမြင့် ÷ 43560
ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560
စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560

ပုံသေ မြှောက်ကိန်း .၇၈၅၄.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်း ကွက် ဖေါ်သည်။

အနား ငါးမျက်နှာ ၆ မျက်နှာနှင့် အနားများစွာ = စတုဂံ စတုရန်း တြိဂံ စသည် အကွက်စိပ် ပြီးတွက် ရလာဒ်အားလုံးကို ပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

*** ခြံမြေကွက် အကျယ်အဝန်း အရ စိုက်ပင် တွက်နည်း

( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )

(၁) လျား x နံ ရှိ စိုက်ပင် အရေအတွက် ကို မြှောက်။

(၂) ခြံကွက် ၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေး မြှောက်ကိန်းမြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ

သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင်

ဖိုခနောက်ဆိုင် စိုက်လျှင် ၁၅% အပို ထွက်မည် ၄၁၆ x .၁၅ = ၆၂၄၁၆ + ၆၂= ၄၇၈ ပင်

( ၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင် စိုက်ပင် အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။

စိုက်ပင် အကွာဝေး ၁၉ x ၁၉ = ၃၆၁၄၃၅၆၀ ÷ ၃၆၁ = ၁၂၀ 
ဖိုခနောက်ဆိုင် စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက် ၁၂၀ + ၁၈ = ၁၃၈ ပင်

===============================

(4) ဘိလပ်မြေ တွက်နည်း
     ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့  အကြမ်းတွက်လို့ ရအောင်ပါ။
မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်း နဲ့  ပြောကြပါတယ်။

ကုဗ ကျင်းနဲ စကွဲယား ကျင်း ဆိုပြီး ရှိပါတယ်။
ကုဗကျင်း က အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။

၃ ခုမြှောက် လို့ ၁၀၀ ရရင် ၁ ကျင်း ပါ။
၅၀ ဆို ကျင်းဝက် ၂၅ ဆို ကျင်း တစ်မတ် စသဖြင့်ပါ။

ကုဗကျင်း ကို ၉ လက်မ နဲ့ အထက် အုတ်စီခြင်းတို့  ကွန်ကရစ်လောင်းခြင်းတို့  မြေကြီး တူးခြင်းတို့ မှာ  
အများဆုံး သုံးပါတယ်။

ရှိသမျှ အလျားအနံအမြင့် တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်း ထွက်လာပါပြီ။

မြေကြီး ၁ ကျင်း ဆို ၁၀ ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။

1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့်  သဲကျင်းဝက် ကျောက် ၁ ကျင်း ၊
1:2:4 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်  သဲကျင်းဝက် ကျောက် ၁ ကျင်း ၊
1: 1-1/2 အချိုး ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့်  သဲကျင်းဝက် ကျောက် ၁ ကျင်း ၊

အုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မ အထက် အုတ်စီခြင်း ၊
ကုဗ တစ်ကျင်း ဆို အုတ် ၁၃၅၀ လုံး ၊ ဘိလပ်မြေ ကတော့ သုံးတဲ့ အချိုးမှာ မူတည်ပါတယ်။
အများသုံးတဲ့ 1:4 အချိုး ဆို ဘိလပ်မြေ ၆ အိတ် နီးပါး ၊သဲ ၂၈ ကျင်း တစ်မတ် သာသာလောက် ။

စကွဲယားကျင်း အလျား နဲ့  အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။
၎ လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်း တို့  အမိုး မိုးခြင်း တို့  ကြွေပြား ကပ်ခြင်းတို့ မှာ သုံးပါတယ်။

နံရံတွေမှာ အသုံး များတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ ... 

အုတ် ၅၅၀ လုံး 1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်း သံချောင်း တစ်ချောင်းဟာ ဆိုက်မှန် ပါက ပေ ၄၀ ၁၂ မီတာ ရှိရပါတယ်။

သို့ ပေမယ့် ၃၉ပေ ၆ လက်မ လောက်ဆို မှန်တယ်ပြောရပါမယ်။
ဘာမားဖြစ် ကတော့ အတိအကျပြောလို့  မရပါဘူး။

တစ်တန်မှာ ရှိရမယ့် အချောင်းရေ က....
10 မီလီ ၃ မူး ( ၃/၈) မှာ ပေ ၄၀ အရှည် ၁၃၅ ချောင်း
၁၂ မီလီ ၅ မူး ( 1/2) မှာ ၈၈ ချောင်း
၁၆ မီလီ ၆ မူး ( 5/8) မှာ ၅၃ ချောင်း
၂၀ မီလီ ၃ မတ် (3/4) မှာ ၃၃ ချောင်း
၂၅ မီလီ ကျပ်လုံး မှာ (1) မှာ ၂၁ ချောင်း ရှိပါတယ်။

ဘိလပ်မြေ ၁ အိတ် ဟာ ၅၀ ကီလို လေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။

သံချောင်းတွေ ဆက်ဖို့ လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိ နေစေရပါမယ်။
ထုပ်တွေ ယက်မတွေ မှာတော့ အဆ ၆၂ လောက်ထိ သုံးတတ်ပါတယ်။
ခိုချင်ရင်တော့ ၅၀ ဆလောက် ဆို ရလောက်ပါတယ်။
အခုနောက်ပိုင်း မီတာ နဲ့ သုံးလာပါတယ်။
ဆက်သွယ်ချက်က ၁ မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူး ရှိပါတယ်။
လက်သမားနဲ့  ယှဉ်ပြောလို့ ရတဲ့အခေါ်ပါ။

1 M မီတာ= 3.281 ပေ
1 လက်မ= 25.4 mm မီလီမီတာ 1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေ စကွဲယား
ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuft

 ရေကန် တစ်ခု ရေဂါလံ ဘယ်လောက်ရှိလဲ တွက်ချင်ရင် ၁ ကုဗပေ မှာ ၆.၂၄ ဂါလံ ရှိပါတယ်။
အလျား အနံ အမြင့် တစ်ပေစီ ရှိတဲ့ ပုံး တစ်လုံးဟာ ရေ ၆.၂၄ ဂါလံ ဆန့် ပါတယ်။

ဒါကြောင့် ၆ ပေအလျား ၄ ပေ အနံ ၃ ပေ အမြင့် ရှိတဲ့ ရေကန်ဟာ 
6 X 4 X 3 X 6.24=449.28 ရေ ၄၅၀ ဂါလံ ဆန့် ပါတယ်။

ရေ တစ်ဂါလံ ၁၀ ပေါင်လေးလို့  ၄၅၀၀ ပေါင် လေးပါတယ်။
၂၂၄၀ ပေါင် ၁ တန် လေးလို့  ၂ တန်လောက် အလေးချိန် ရှိပါမယ်။
ရေကန် ကို အပေါ်မှာ ထားရင် dead load ဝန်သေ ၂ တန် ကို ခံနိုင်အောင် သံချောင်း ကော်လံတိုင် 
ဆိုဒ် ကို သုံးရပါမယ်။ တွက်တတ်လား မေးရင်တော့ မသိပါဘူး။

1 ဂါလံ မှာ ၄.၅၄၆ လီတာ ရှိပါတယ်။ အခုနောက်ပိုင်း စတီး ရေတိုင်ကီတွေက
လီတာ နဲ့  ပြထားတတ်လို့  ပြန်တွက်ကြည့်လို့ ရပါလိမ့်မယ်။

သစ် တစ်တန်ဟာ ၁ လက်မ ပတ်လည် မှာ ( 1 X 1) မှာ ၇၂၀၀ ပေ အရှည် ရှိရပါမယ်။

၂X၁ နှစ်တစ် တစ်တန်ဟာ ( 7200÷2= 3600 ပေအရှည်)3 X 2 တစ်တန် ( 7200÷6=1200 ပေအရှည်) စသဖြင့် တွက်ယူကြည့်ပါ။


=========================

(5) မြန်မာ ရတု ရေတွက်ပုံ
    ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

ရှေးမြန်မာတို့ ၏ ရတု ၊ အကြိမ်ရေ တွက်ပုံ

၁ နှစ်မြောက် = စက္ကူ ရတု
၂ နှစ်မြောက် = ဂွမ်း ရတု
၃ နှစ်မြောက် = သားရေ ရတု
၎ နှစ်မြောက် = ပိုး ရတု
၅ နှစ်မြောက် = သစ်သား ရတု
၆ နှစ်မြောက် = သကြား ရတု
၇ နှစ်မြောက် = သက္ကလပ် ရတု
၈ နှစ်မြောက် = ကြေး ရတု
၉ နှစ်မြောက် = ဥဿဖရား ရတု
၁၀ နှစ်မြောက် = သံဖြူ ရတု
၁၁ နှစ်မြောက် = သံမဏိ ရတု
၁၂ နှစ်မြောက် = ချည် ရတု
၁၃ နှစ်မြောက် = ဇာပန်း ရတု
၁၄ နှစ်မြောက် = ဆင်စွယ် ရတု
၁၅ နှစ်မြောက် = သလင်း ရတု
၂၀ နှစ်မြောက် = ကြွေ ရတု
၂၅ နှစ်မြောက် = ငွေ ရတု
၃၀ နှစ်မြောက် = ပုလဲ ရတု
၃၅ နှစ်မြောက် = ကျောက်စိမ်း ရတု
၄၀ နှစ်မြောက် = ပတ္တမြား ရတု
၄၅ နှစ်မြောက် = နီလာ ရတု
၅၀ နှစ်မြောက် = ရွှေ ရတု
၅၅ နှစ်မြောက် = မြ ရတု
၆၀ နှစ်မြောက် = စိန် ရတု
၇၅ နှစ်မြောက် = ဒုတိယစိန် ရတု
၉၀ နှစ်မြောက် = န၀ရတ် ရတု


====================

(6) အကြိမ်ရေ ရေတွက်ပုံ
   ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
၁=ပထမ
၂=ဒုတိယ
၃=တတိယ
၎=စတုတ္ထ
၅=ပဉ္စမ
၆=ဆဋ္ဌမ
၇=သတ္တမ
၈=အဋ္ဌမ
၉=န၀မ
၁၀=ဒဿ မ
၁၁=ဧကာဒဿ မ
၁၂=ဒွါဒဿ မ
၁၃ =တေရဿ
၁၄ =စတုဒဿ
၁၅=ပဉ္စာဒဿ
၁၆=သေဠာဿ၁
၁၇=သတ္တဒဿ
၁၈=အဋ္ဌာရဿ
၁၉=ဧကုန၀ီဿ
၂၀=၀ီဿ
၂၁=ဧကာဝီဿ
၂၂=စမ္မ၀ီဿ
၂၃=ကြိဝီဿ
၂၄=စတုဝီဿ
၂၅=ပဉ္စာဝီဿ
၂၆=ဆ၀ီဿ
၂၇=သတ္တာဝီဿ
၂၈=အဋ္ဌာဝီဿ
၂၉=ဧကုနတိံဿ
၃၀=တိံဿ

=======================


■ (7) အသုံးဝင်သော နှစ်လုံးတွဲ အင်္ဂလိပ်စကားတိုများ
      ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

(1) About when? = ဘယ်တော့လောက်လဲ
(2) All set? = အားလုံး အဆင်သင့် ဖြစ်ပြီးလား
(3) Any clues? = ဘာ သဲလြန္စမ် ား ရွိလဲ
(4) Any discount ? = ဈေးလျှော့ဦးမလား
(5) Any seats? = ခုံလွတ်ရှိသေးလား
(6) Anything else? = ဘာလိုသေးလဲ
(7) Anything new? = ဘာထူးသေးလဲ
(8) Anything wrong ? = ဘာဖြစ်တာလဲ
(9) Apparently so = အဲဒီလို ထင်တာပဲ
(10) Back off ! = သွားစမ်းပါ
(11) Bad news ! = စိတ်မကောင်းပါဘူး (ဆိုးလိုက်တဲ့ သတင်း)
(12) Be patient ! = စိတ်ရှည်ရှည်ထားစမ်းပါ
(13) Be reasonable ! = နည်းလမ်းတကျ စဥိးစားကြည့်
(14) Beautiful job ! = ကောင်းလိုက်တဲ့ လက်ရာ
(15) Big deal ! = ဒါလေးများ
(16) Bless me ! = ဘုရားရေ
(17) Bless you ! = ဆုတောင်းပေးပါတယ်ကွာ
(18) Bye now ! = သွားပြီဗျို့ 
(19) Can't complain ! = ဘာမှပြောစရာ မရှိဘူး
(20) Certainly not ! = ဘယ်ဟုတ်ပါ့မလဲ
(21) Chill out ! = မကြောက်နဲ့
(22) Could be ! = ဖြစ်နိုင်ပါတယ်
(23) Damned fool ! = သောက်ရူး
(24) Drop dead ! = သွား...သေလိုက်
(25) Enjoy yourself ! = ပျော်ရွှင်ပါစေ
(26) Fat chance ! = မဖြစ်နိုင်တာပဲ
(27) Female troubles ! = မိန်းမတွေက သိပ်ပစိပစပ်များတာ
(28) For shame ! = ရှက်စရာ ကောင်းလိုက်တာ
(29) Get lost ! = ထွက်သွားစမ်း
(30) Go on ! / Keep on ! / Carry on ! /Go ahead ! = ဆက်လုပ် ဆက်ပြော
(31) Good job ! = တယ်ဟုတ်ပါလား
(32) Got that ? = နားလည်ရဲ့လား
(33) Guess what ? = မှန်းကြည့်စမ်း
(34) Hands off ! = မထိနဲ့ (လက်ရှောင်)
(35) Hard times ! = အတော် စိတ်ရှု ပ်ဖို့ ကောင်းတာပဲ
(36) Hot air ! = မဟုတ်တရုတ်တွေ
(37) How come ? = ဘယ်လို ဖြစ်ရတာတုန်း
(38) How maddening ! = စိတ်ညစ်အောင် တော်တော် လုပ်တာပဲ
(39) It stinks ! = နံစော်နေတာပဲ
(40) It's handy ! = အသုံးတည့်ပါတယ်
(41) Looking good ! = ကြည့်လို့ ကောင်းတယ်
(42) Lucky you ! = မင်း...တော်တော် ကံကောင်းတာပဲ
(43) My treat ! = ငါ့ ဧည့်ခံတာပါ /ကျွန်တော်၊မ ကျွေးမယ်
(44) Not likely ! = မဖြစ်နိုင်ဘူး / ဝေးပါသေးရဲ့
(45) Not yet ! = မပြီးသေးဘူး
(46) Over here ! = ဒီမှာ ဟေ့
(47) Watch out ! = သတိထား
(48) You guys ! = ကိုယ့်လူတို့
(49) Why bother ? = ဘာလို့ ဒုက္ခရှာနေတာလဲ
(50) Think positively ! = အကောင်းဖက်က တွေးစမ်းပါ
(51) Search me ! = ပန်းပေးတယ် / ကျွန်ုပ် မသိပါ
(52) You see ? = သိလား
(53) Have fun ! = ပျော်ကြ ...ပျော်ကြ.../ ပျော်သလို နေကြပါ
(54) Enjoyable ! Delighted! = ကြို က်တယ်
(55) Honest work! = သမ္မာ အာဇီဝ အလုပ်ပဲ
(56) Right away ! = အခုချက်ချင်း
(57) Come on ! = လာလေကွာ
(58) Shut up ! = ပါးစပ်ပိတ်
(59) Thumbs up ! = အောင်ပြီဟေ့
(60) Hold sit ! = ရပ်လိုက် /ခဏ နေဦး
(61) Hold still ! = မလှု ပ်နဲ့ ငြိမ်ငြိမ်နေ
(62) God forbid ! = ဖွ လွဲစေဖယ်စေ
(63) Poorly paid ! = လခ မစွံဘူး
(64) Need anything ? = ဘာလိုချင်ပါသလဲ
(65) That's weired ! = ကိုးရို့ကားယားကြီး
(66) It can ! = အဲဒါ ဖြစ်နိုင်တယ်
(67) Mutual reliance ! = ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့
(68) Pardon me ! = တဆိတ်လောက်
(69) Need to talk ! = ပြောစရာရှိလို့
(70) So talk ! = အဲလိုဆို ပြောလျေ
(71) Chat ! What? = ဘာပြောမှာလဲ ပြောလေ
(72) Stop that ! = တော်ပါ မပြောပါနဲ့တော့
(73) Well enough ! = အခြေအနေ ကောင်းပါတယ်
(74) What happen ? = ဘာဖြစ်နေလဲ
(75) Any hardship ? = ဘာခြားနားနေလို့လဲ
(76) How's everything ? = အစစအရာရာ အဆင်ပြေရဲ့လား
(77) Take that ! = ကဲကွာ
(78) Look alive ! = မြန်မြန်လုပ်
(79) Show time ! = လှုပ်ရှားလိုက်ကြစို့
(80) Let go ! = လွှတ်စမ်း / လွှတ်လိုက်ပါ
(81) Go ...go ! = လုပ်ထားကွ
(82) Nature calls! = အိမ်သာ သွားလိုက်ဦးမယ်
(83) Duty calls ! = ကိစ္စလေး ပေါ်လာလို့ သွားလိုက်ဦးမယ်
(84) Near miss ! = ထပ်လွဲသွားတယ်ကွာ
(85) far out ! = မိုက်တယ်ကွာ
(86) Thank God ! = တော်ပါသေးရဲ့
(87) Holy cow ! / Good Heavens! =အမလေး
(88)My ...my ! = အမလေး ...လေး
(89) Who cares ? = ဘာဂရုစိုက်စရာရှိလဲ
(90) Who supervise ? = ဘယ်သူ ကမကထလုပ်တာလဲ
(91) Better talk != ပြောသင့်တာပေါ့ကွာ
(92) Doing okay ? = အိုကေလား
(93) Been okay ! = အိုကေပါတယ်
(94) And you ? = ခင်ဗျာကော ဘယ်လိုလဲ
(95) Have courage ! = တရားနဲ့ ဖြေပါဗျာ
(96) Which country ? = ဘယ်နိုင်ငံကလဲ
(97) Have it ! = စားပါဦး
(98) What thing ? = ဘာတွေလဲ
(99) Dutch treat ! = ကိုယ်စားတာကိုယ်ရှင်း
(100) Where to ? = ဘယ်လဲ
(101) Just here! = ဒီနားလေးတင်
(102) Phone calling ! = ဖုန်းလာနေတယ်
(103) Keep trying ! = ဆက်ကြိုးစားပါ
(104) What about ? = ဘာတွေပြောနေတာလဲ
(105) Just gossip ! = အတင်းပြောနေကြတာပါ
(106) No doubt ! = အဲဒါတော့ သံသယ မရှိနဲ့
(107) Lovely voice ! = ကောင်းလိုက်တဲ့ အသံ
(108) Can't wait = မစောင့်နိုင်ပါဘူး
(109) Dear me ! = အဲလို ဒုက္ခပါပဲ
(110) So soon ! = မကြာတော့ပါဘူး
(111) Really splendid ! = တစ်ကယ့် သားနားတယ်
(112) Just relax ! = စိတ်အေးအေးထားပါကွာ
(113) You wish ! = မင်းပြောသလို ဖြစ်ပါစေ
(114) No lie ? = လိမ်တာ မဟုတ်ဘူးနော်
(115) Mind that ! = အဲဒါကို သတိရပါ
(116) Enjoying yourself ? = မင်း ပျော်နေလားဟင်(
117) All time ! = အချိန်တိုင်းပါပဲ
(118) Hurry on ! = သွက်သွက်လုပ်ပါ
(119) Hold , please ! = ခနလေး နေပါဦး
(120) This taken ? = ဒီခုံ လူရှိလား
(121) You decide ! = မင်းပဲ ဆုံးဖြတ်လိုက်
(122) Stop worrying ! = မစိုးရိမ်နဲ့တော့
(123) Any difference ? = ဘာကွာလို့လဲ
(124) Fairly act ! = သရုပ်ဆောင်ကောင်းတယ်
(125) Most pleased ! = ကျေနပ်သွားပြီ
(126) Behind you ! = နောက်မှာ အန္တရာယ်
(127) Noisy talk ! = ဆူညံနေတာပဲ

Credit. .Kyaw Soe Lin
Source


No comments:

Post a Comment