Saturday, November 11, 2017

အမှိုက်တွေကို ရှင်းထုတ်လိုက်ပါ




ဘဝ တစ်လျှောက်လုံးမှာ ကြုံတွေ့ရသမျှတွေကို သင့် ဦးနှောက်နဲ့ မှတ်တမ်းတွေ အကန့်လိုက် သိမ်းဆည်းထားကြပါတယ်။ အဲ့ဒီလို သိမ်းဆည်းထားတဲ့ အရာတွေထဲမှာ မလိုအပ်တဲ့ အမှိုက်တွေ များစွာပါဝင်ပါတယ်။


အမှိုက် ဆိုတာဘာလဲ .. ?

အမှိုက် ဆိုတာ သင့် ဘဝတစ်လျှောက်မှာ သင်ကြုံတွေ့ခဲ့ရတဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်တွေ နားကျဉ်း စရာဖြစ် ရပ်တွေ ရှုံးနိမ့်ခဲ့ရတာတွေ အားငယ် နေရတာတွေ ချိုးနှိမ် ခံရတာတွေ စသဖြင့် သင့်ဘဝကို အဆိုးတွေ သယ် ဆောင် ပေးခဲ့တဲ့ မှတ်ဉာဏ်တွေပဲ ဖြစ်ပါတယ်။

အဲ့ဒီ အမှိုက်တွေက သင့်ကို နလန် မထူအောင် သင့်စိတ်တွေကို ရောဂါပေးနေတဲ့ မှတ်ဉာဏ် တွေပဲဖြစ်ပါတယ် ။ ဒါတွေကို သင်ပြန်တွေးပြီး သင့်စိတ်ကို သင်ကိုယ်တိုင် ပြန်သတ်မိနေတယ် ဆိုတာကို သင်သတိ ထားမိပါရဲ့လား။

ဒီလို ဆိုးဝါးတဲ့ အတိတ်တွေကို သင် သိမ်းဆည်းထားနေသရွေ့ သင့် ဦးနှောက်ကို အမှိုက် ပုံကြီး အကြီး ကြီး ဖြစ်အောင် ရောဂါတွေဖြန့်ဝေနေပါလိမ့်မယ်။

အဲ့ဒီတော့ သင် အဲ့ဒီ အမှိုက်လို မှတ်သား ဉာဏ်တွေကို ဆက်သိမ်းထားသင့်ပါရဲ့လား.........?

သင့် ဦးနှောက်ထဲက ဘဝ အတွက် အရေးမပါတဲ့ အမှိုက်တွေကို တစ်ဖြည်းဖြည်းချင်း ရှင်းထုတ်လိုက်ပါ  သန့်ရှင်းသွားတဲ့ အခန်းတွေမှာ သင့်ဘဝတွက် အရေးပါတဲ့အရာတွေကို အစားထိုး သိမ်းဆည်းပါ။


အချိန်မှီ မရှင်းထုတ်ခဲ့ရင် အဲ့ဒီ အမှိုက်ဆိုးတွေက သင့် ဦးနှောက် တစ်ခုလုံးကို ဝါးမြို သွားပါလိမ့်မယ် ။ ဘဝအတွက် အရေးပါတဲ့ အရာတွေကို သိမ်းဆည်းဖို့အတွက် နေရာလွတ်တွေ လိုအပ်နေပါလိမ့်မယ်။



ဒါကြောင့် သင့် ဦးနှောက်ကို သန့်စင်ပါ ။
အမှိုက် မှန်သမျှကို ရှင်းထုတ်လိုက်ပါ ။
အမှိုက်တွေနဲ့ အလေးမခံပါနဲ့ ။
သင့် ဘဝတွက် အရေးပါဆုံး အရာတွေနဲ့ သင့်ဘဝတစ်ခုလုံးကို တည်ဆောက်ပါ ။
ကျွန်မ တို့တွေ ဘာအတွက်များ ဒီအမှိုက်တွေကို တွယ်တာနေကြမှာလဲ ။

အတွေးသစ် အမြင်သစ် တွေနဲ့ ဒီနေ့က စပြီး ....
နာကျင်စရာတွေ
စိတ်ပျက်စရာတွေ
ဝမ်းနည်းစရာတွေ
အားငယ်စရာတွေ
စတဲ့ အမှိုက်တွေကို ရှင်းထုတ်ပြီး ဘဝတွက် တန်ဖိုးရှိတာလေးတွေနဲ့ အစားထိုး သိမ်းဆည်းကြရအောင်လားရှင်။

လေးစားစွာဖြင့်
May July

Credit to original writer May July

Source

No comments:

Post a Comment