Thursday, December 28, 2017

နား မ ချမ်း သာ တဲ့ သ တင်း များ



အ ခု တစ် လော လေး မှာ နိုင် ငံ တစ် ကာ နဲ့ ပတ် သက် ပြီး မြန် မာ နိုင် ငံ သ တင်း တွေ က နား ထောင် လို့ သိပ် မ ကောင်း ဘူး ။ ပြည် တွင်း လည်း မကောင်း ဘူး ။ ရ ခိုင် ဒေ သ ဆို မ ဟုတ် တာ တွေ ချဲ့ ကား ပြီး တစ် မင် သက် သက် အ ပြစ် တင် နေ ကြ တယ် ။ 

အဲ့ဒီ လို မ ဟုတ် တဲ့ သ တင်း တွေ က ဟုတ် တဲ့ သ တင်း တွေ နဲ့ ရော ပြီး ပြန့် နှံ နေ တော့ ငြင်း ရင် လည်း အ တင်း ငြင်း တယ် လို့ ဖြစ် ရ တယ် ။ မ ယုံ ကြ ဘူး ။ ရ ခိုင် ဒေ သ က သ တင်း တွေ က တော့ အ မှန် မ ဟုတ် တာ မြန် မာ နိုင် ငံ ထဲ မှာ ရှိ တဲ့ မြန် မာ နိုင် ငံ သား တိုင်း နီး ပါး သိ ကြ ပါ တယ် ။ 

ဒါ ပေ မဲ့ နိုင် ငံ တစ် ကာ မှာ ရ ခိုင် ဒေ သ လို ပဲ မ ကောင်း သ တင်း တွေ ထွက် ပြီး အ မှန် ဖြစ် နေ တဲ့ သ တင်း တွေ လည်း ရှိ တယ် ။ အဲ့ ဒါ တွေ က Ice လို့ ခေါ် တဲ့ မက် သာ ဖီ တ မင်း ဆေး ကို က မ္ဘာ ပေါ် မှာ မြန် မာ နိုင် ငံ ရယ် တ ရုတ် နိုင် ငံ ရယ် ပဲ ထုတ် လုပ် တယ် ဆို တာ ရယ် ၊ မြန် မာ နိုင် ငံ အ ရှေ့ မြောက် ပိုင်း က တိုင်း ရင်း သူ လေး တွေ ကို မ လေး ရှား နိုင် ငံ မှာ ပြည့် တန် ဆာ ခန်း တွေ ကို ပို့ ဆောင် နေ တဲ့ လူ ကုန် ကူး မှု တွေ ဖြစ် နေ တယ် ဆို တာ ရယ် ပါ ။ 

တွေး ကြည့် ရင် ရင် နာ ဖို့ ကောင်း တယ် ။ အဲ့ ဒီ ပြ ဿ နာ နှစ် ခု စ လုံး က လက် နက် ကိုင် သောင်း ကျန်း သူ တွေ အ များ ဆုံး ရှိ နေ တဲ့ ရှမ်း ပြည် နဲ့ က ချင် ပြည် နယ် ဖက် က ချည်း ပဲ ။ မ နေ့ တစ် နေ့ က ပဲ အ ကြမ်း ဖက် အ ဖွဲ့ က မူ ဆယ် ၁၀၅ မိုင် စီး ပွား ရေး ဇုံ နား ကို လက် နက် ကြီး နဲ့ ပစ် လို့ က လေး တစ် ယောက် သေ ပြီး တစ် ယောက် ပေါင် ပြတ် သွား တယ် ဆို တဲ့ သ တင်း တက် လာ တယ် ။ 

မ နှစ် က အ လား တူ အ ချိန် မှာ လည်း KIA ဦး ဆောင် တဲ့ အ ကြမ်း ဖက် အ ဖွဲ့ မူ ဆယ် ၁၀၅ မိုင် ကို စစ် ရေး နဲ့ အ ကြမ်း ဖက် ခဲ့ ပါ သေး တယ် ။ လက် နက် ကိုင် သူ ပုန် သောင်း ကြမ်း သူ တွေ ဟာ သူ တို့ ပြော ချင် ရာ ပြော လုပ် ချင် ရာ လုပ် လို့ ရ ဖို့ အ တွက် ကိုယ့် တိုင်း ရင်း သား တွေ ကို ချ နင်း နေ ကြ တယ် ။ ကိုယ့် တိုင်း ရင်း သူ တွေ သူ များ မွတ် စ လင် နိုင် ငံ မှာ ပြည့် တန် ဆာ သွား လုပ် နေ ရ တာ ကို ပျော် ပျော် ကြီး ကြည့် နေ ကြ တယ် ။ သူ တို့ ပါး စပ် က တွင် တွင် အော် နေ တဲ့ တန်း တူ ညီ မျှ ရေး ဆို တဲ့ အ သံ အောက် မှာ သူ့ တိုင်း ရင်း သူ တွေ ပြည့် တန် ဆာ ( ကြက် ) ဖြစ် နေ ရ ပြီ ၊ ရုပ် ပျက် ဆင်း ပျက် သေ နေ ကြ ရ ပြီ ။ 

အဲ့ ဒီ ဒေ သ တွေ မှာ လက် နက် ကိုင် တွေ သာ မ ရှိ ခဲ့ ဘူး ဆို ရင် ဘယ် တိုင်း ရင်း သူ မှ ပြည့် တန် ဆာ အ ဆင့် လောက် တော့ ရောက် မှာ မ ဟုတ် တာ သေ ချာ တယ် ။ ဖြစ်ဦးတော့ သူ များ နိုင် ငံ သွား လုပ် စ ရာ မ လို ဘူး ။ သူ တို့ လက် နက် ကိုင် ရ ဖို့ ၊ သူ တို့ ဆ ရာ ကြီး လုပ် ရ ဖို့ ၊ သူ တို့ ပိုက် ဆံ ကို လက် ကြော မ တင်း ပဲ ရှာ ရ ဖို့ ဗ မာ တွေ လူ မျိုး ကြီး ဝါ ဒ ကျင့် သုံး တယ် ၊ ဗ မာ တွေ နှိမ် တယ် လို့ ဝါ ဒ ဖြန့် တယ် ။ သူ့ တိုင်း ရင်း သူ တွေ နိုင် ငံ ခြား မှာ ပြည့် တန် ဆာ သွား လုပ် နေ တာ ကို 

လက် ပိုက် ပြီး ထိုင် ကြည့် တယ် ။
ဘိန်း မှောင် ခို ကူး ပြီး ထိုင် ကြည့် နေ တယ် ။
စိတ် ကြွ ဆေး ထုတ် ပြီး ထိုင် ကြည့် နေ တယ် ။
သေ နတ် ကိုင် ပြီး ထိုင် ကြည့် နေ တယ် ။
ဆက် ကြေး တောင်း ပြီး ထိုင် ကြည့် နေ တယ် ။  

မ ခံ နိုင် ဖြစ် နေ ရ တာ က လက် နက် ကိုင် ပြီး ဆ ရာ ကြီး လုပ် နေ တဲ့ သူ ပုန် သောင်း ကြမ်း သူ တွေ မ ဟုတ် ဘူး ဗ မာ တွေ က နာ နေ ကြ တာ ။ တိုင်း ရင်း သူ တွေ မ လေး ရှား ၊ ထိုင်း တို့ မှာ ပြည့် တန် ဆာ သွား လုပ် နေ ရ တာ ကို ဗ မာ တွေ မ ခံ ချိ မ ခံ သာ နဲ့ နာ နေ ကြ တာ ။ ပြော ကြ ပါ လိမ့် မယ် အ ရင် မဆလ လက် ထက် တို့ စစ် အ စိုး ရ လက် ထက် တို့ ကို လက် ညိုး ထိုး ပြီ ။ အဲ့ ဒီ ခေတ် တွေ ကို လွမ်း လို့ ဝ ရင် ပင် လုံ အ ထိ လက် ညိုး ထိုး ပြီး ပြ ကြ လိမ့် မယ် ။ 

တစ် ချို့ များ ဆို ပင် လုံ ဆို တာ သူ နဲ့ ဘာ မှ မ ဆိုင် တာ တောင် ပါး စပ် က ပင် လုံ ကို မ ချ တော့ ဘူး ။ အ ရမ်း ထင် ပေါ် ချင် ၊ အ ရမ်း ခေါင်း ဆောင် လုပ် ချင် ၊ အ ရမ်း ဆ ရာ ကြီး လုပ် ချင် တဲ့ သူ တွေ ကြောင့် မြန် မာ နိုင် ငံ ကော မြန် မာ တိုင်း ရင်း သူ လေး တွေ ကော အ တိ ဒု က္ခ ရောက် ကြ ရ တယ် ။ 






သြ စ တြေး လျှား မှာ စံ ချိန် တင် Ice လို့ ခေါ် တဲ့ ရေ ခဲ ဆို တဲ့ မက် သာ ဖီ တ မင်း ဆေး တွေ တန် နဲ့ ချီ မိ တယ် ။ သြ စီ တာ ဝန် ရှိ တွေ က အဲ့ ဒီ ဆေး တွေ က တ ရုတ် ပြည် က လာ တယ် လို့ ယူ ဆ တယ် လို့ ပြော ပြီး က မ္ဘာ ပေါ် မှာ ice ကို အ ပြီး သတ် ထုတ် လုပ် တာ မြန် မာ နိုင် ငံ နဲ့ တ ရုတ် နိုင် ငံ ပဲ ရှိ တယ် လို့ ဖော် ပြ တယ် ။ 

သူ့ ဖာ သာ သူ မူး ယစ် ဆေး ဝါး မိ တာ နေ ရင်း ထိုင် ရင်း မြန် မာ ကို လာ ပုတ် ခတ် တယ် ။ ပုတ် ခတ် ခံ ရ အောင် လည်း လက် နက် ကိုင် သူ ပုန် တွေ ၊ အ ကြမ်း ဖက် သ မား တွေ က တစ် ကယ် ကို လုပ် နေ ကြ တာ ကိုး ။ ငယ် ငယ် က ဘိန်း စား ဆို ရင် ဘယ် တော့ မှ မ ပြတ် တော့ ဘူး ဒါ နဲ့ ပဲ သေ မှာ ပဲ လို့ တစ် ထစ် ချ မှတ် ယူ ထား ကြ တယ် ။ တစ် ကယ် လည်း ဘိန်း စား တွေ ဘိန်း စား ရင်း နဲ့ သေ သွား ကြ တာ ပါ ပဲ ။ 

ဘိန်း စား က ဘာ အ လုပ် မှ မ လုပ် ချင် တော့ ဘူး ဘိန်း ပဲ စား နေ ချင် တာ လေ ။ ဒီ လို ပဲ မူး ယစ် ဆေး ဝါး နဲ့ စီး ပွား ရှာ ဖူး တဲ့ သူ က မူး ယစ် ဆေး ဝါး နဲ့ ပဲ စီး ပွား ရှာ ချင် တော့ တယ် ။ တစ် ခြား ဘယ် စီး ပွား ရေး မှ မ လုပ် ချင် တော့ ဘူး ။ အ ကျိုး အ မြတ် က အ ရမ်း ရ တယ် လေ ။ 

 သြ စ တြေး လျှား က မူး ယစ် ဆေး ဝါး တွေ မိ တော့ သူ့ နိုင် ငံ က တာ ဝန် ရှိ က Ice တစ် ဂ ရမ် ကို တ ရုတ် ပြည် မှာ အ မေ ရိ ကန် ဒေါ် လာ ၈၀ လောက် ပဲ ဈေး ရှိ ပေ မယ့် သြ စ တြေး လျှား နိုင် ငံ ထဲ မှာ တစ် ဂ ရမ် ကို အ မေ ရိ ကန် ဒေါ် လာ ၅၀၀ ဈေး ပေး ရ တယ် လို့ ပြော တယ် ။ အ ခု မိ တာ တန် နဲ့ ချီ မိ တော့ အ ကျိုး အ မြတ် က နည်း နည်း နော နော မှ မ ဟုတ် တာ ။ ဒါ တောင် ပင် ရင်း စက် ရုံ ဈေး က တစ် ဂ ရမ် ကို ဒေါ် လာ ၈၀ ရှိ ချင် မှ ရှိ မှာ ။ 

 ဒီ လို အ ကျိုး အ မြတ် တွေ ရှိ နေ သ ရွေ့ တော့ တော့ မြတ် လေး ရုပ် ရှင် ကား ( ရွှေ လက် ဖြင့် ခေါ် လည်း မ လာ ) ရိုက် နေ လို့ ဘယ် လို မှ အောင် မြင် လာ မှာ မ ဟုတ် ဘူး ။ ဖိ လစ် ပိုင် နိုင် ငံ က ကမ္ဘာ ပေါ် မှာ လူ ဦး ရေ သန်း ၂၀ လောက် အိမ် ဖော် လုပ် ငန်း တ ရား ဝင် လုပ် ပြီး သူ့ နိုင် ငံ ကို တစ် နှစ် တစ် နှစ် အ မေ ရိ ကန် ဒေါ် လာ ဘီ လီ ယံ နဲ့ ချီ ပြီး ပြန် ပို့ နေ တယ် ။ 

 ထိုင်း နိုင် ငံ က လည်း ပြည့် တန် ဆာ လုပ် ငန်း လုပ် ပြီး ဆက် စပ် လုပ် ငန်း တွေ နဲ့ နိုင် ငံ ရဲ့ GDP ကို တစ် ဝက် လောက် ရ အောင် ဆောင် ရွက် ပေး နေ တယ် ။ မြန် မာ နိုင် ငံ က သ ယံ ဇာ တ တွေ ဖင် ခု ထိုင် ထား တယ် ။ လက် နက် တွေ ကိုင် ပြ ထား တယ် ။ ပါး စပ် က တစ် နေ့ တစ်မျိုး မ ရိုးရ အောင် ကြွေး ကြော် သံ တွေ ထုတ် နေ တယ် ။ 

ကိုယ့် တိုင်း ရင်း သူ တွေ ကို ပြည့် တန် ဆာ သွား လုပ် ခိုင်း ထား တယ် ။ မူး ယစ် ဆေး ဝါး ရောင်း စား နေ တယ် ။ ဆ ရာ ကြီး ဆက် လုပ် ဖို့ သေ နတ် ဝယ် စု နေ တယ် ။ အ ခု လက် ရှိ အ ချိန် နဲ့ ကြည့် ပြီး ပြော ရ ရင် ငြိမ်း ချမ်း ရေး ကို လက် မှတ် မ ထိုး ပဲ လက် နက် ကိုင် ထား တာ တွေ ဟာ ကိုယ် ကျိုး အ တွက် ဆို တာ အ သေ အ ချာ ပါ ပဲ ။ ငြိမ်း ချမ်း ရေး မ ယူ ချင် တာ ၊ NCA လောက် မှ လက် မှတ် မ ထိုး ချင် နေ တာ တွေ ဟာ တစ် ခြား အ ခွင့် အ ရေး တွေ မ တ ရား ရ နေ ၊ လို နေ ချင် လို့ ပေါ့ ။ 

 ဘယ် လို ပဲ လူ မျိုး ရေး တွေ နဲ့ သွေး ခွဲ နေ ပါ စေ အ ဓိ က က တော့ လက် နက် ကိုင် ထား ရင် ရ မယ့် အ ကျိုး က လက် နက် စွန့် လိုက် ရင် ရ မယ့် အ ကျိုး ထက် များ နေ လို့ ဆို တာ ပြော နေ စ ရာ မ လို ပါ ဘူး ။ 

 မြောက် ကို ရီး ယား နိုင် ငံ လို ပေါ့ ။ ခေါင်း ဆောင် က နျူ လက် နက် အ တင်း ထုတ် ပြီး သူ အသက်ရှင် ခေါင်း ဆောင် ဆက်လုပ် ဖို့ ကြိုး စား တယ် ။ ဘာ မှ မ သိ ရ တဲ့ ပြည် သူ သန်း ၂၀ ငတ် နေ ပြီ ။ တစ် က မ္ဘာ လုံး သိ တယ် မြောက် ကို ရီး ယား ခေါင်း ဆောင် တစ် ကိုယ် ကောင်း ဆန် နေ တာ ။  

ဒီ လို ပဲ တိုင်း ရင်း သား လက် နက် ကိုင် တွေ သူ့ တိုင်း ရင်း သား တွေ ကို ဗ မာ လူ မျိုး ကြီး ဝါ ဒ ဆို တာ နဲ့ ဝါ ဒ ဖြန့် စည်း ရုံး ပြီး လက် နက် မ စွန့် ရ အောင် အ မျိုး စုံ လုပ် တယ် ။ သူ့ တိုင်း ရင်း သူ တွေ ပြည့် တန် ဆာ ဖြစ် ကုန် ပြီ ။ အိမ် ထဲ နေ ရင်း က လေး တွေ သေ ကုန် ပြီ ။ ကြား က မ နေ နိုင် မ ထိုင် နိုင် လက် သည်း ဆိပ် လက် ထိပ် နာ နေ တာ က ဗ မာ တွေ ပဲ ။ 


 မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၂၄ ၊ ၁၂ ၊ ၂၀၁၇ မိုး တင့် ဆွေ
၂၅ ၊ ၁၂ ၊ ၂၀၁၇
တ န င်္လာ ။
Photos in facebook and daily eleven news


No comments:

Post a Comment