Wednesday, August 10, 2016

သွေးဆာနေတဲ့ ဖုတ်




"ဘာ ကြီးကြီးဒေါ်ငွေခင် ဆုံးပြီ ဟုတ်လား"
"အေး ညည်းကြီးဒေါ်ဆုံးသာ သာမာန် မဟုတ်ဘူး ညည်း အမြန် အညာ ဆင်းလာခဲ့"....
ဒေါ်ငွေခင် ကတော့ ကျွန်မ တို့ အဘိုးဘက် က တစ်ဦးတည်း ကျန်တော့တဲ့ အမျိုးပါပဲ...အမျိုးတော်တာ က အဖိုးရဲ့တူ ဦးစိုးမောင် နဲ့ပါ ဒါပေမယ့် ဦးစိုးမောင်ထက် ကြီးကြီး ငွေခင်နဲ့ ပိုရင်းနှီးကြတယ်...


ကျွန်မတို့ အညာ က ပြန်လာတုန်းကတောင် ကြီးကြီး က ဘာရောဂါ မှ မရှိပါဘူး ဒါပေမယ့် အသက်ကြီးလာလို့ ပိန်တာ နဲ့ အညာဘက် ဆိုတော့ အရမ်း ပူတာကြောင့် အားပြတ်နေသလို နည်းနည်းလေး လှုပ်တာနဲ့ အား မရှိတော့တာမျိုးပဲ ဖြစ်တာပါ တစ်ကယ် ဆို ဦးစိုးမောင် ကသာ လွန်ခဲ့တဲ့ ၁ လလောက် က အတော် နေမကောင်ဖြစ်ပြီး သေမလို ဖြစ်ခဲ့တာ....အဲ့လို လူက မသေ ဘဲ ဘာရောဂါမှ မရှိတဲ့ ကြီးကြီးက ဆုံးပြီ တဲ့ နောက်ပြီးသွေးရိုးသားရိုး မဟုတ်ဘူးတဲ့ တစ်ခု ခုတော့ ထူးဆန်းနေပြီ ပဲ........လက်မှတ်ဖြတ်ပြီး အညာ ကို ပြန်ရောက်ခဲ့ပြန်ပြီ ။


"လာမြမြ တူမကြီး.."
"ဦးလေးစိုးမောင် ကြီးကြီး က ဘယ်လိုဖြစ်တာလဲဟင်"
" သေ သွား တာလေ".
ဦးလေးအဖြေကြီးက တစ်မျိုးကြီးပဲ..ဦးလေး က ကြီးကြီးသေလို့ ၀မ်းနည်းပုံလည်း မရဘူး ။     တစ်ကယ်ဆို ကြီးကြီး က ဦးလေးအပေါ်အရမ်းကောင်းတာကို..."မြမြ ဒီည ဒီမှာပဲ တည်းမလို့လား."
"ဟုတ်...."
"လာ အဲ့မှာ မတည်း နဲ့ ငါတို့ ဘက်ခြမ်းမှာ လာအိပ်" ဦးလေးက သူ့ အိမ်မှာ မိဘတွေ မရှိတော့တဲ့ သူ့မြေးမ လေးကိုခေါ်ထားတယ် .....အာ့နဲ့ ကျွန်မလဲ ကြီးကြီး အမအိမ် ဘက်ရောက်လာတယ်..ကျွန်မတောင် မထိုင်ရသေးဘူး..."မြမြ ညည်းဦးလေး ဖုတ်ဝင်နေသလားမသိဘူး...."



"ရှင် "
"ကဲပါ တော်ကလည်း ထိုင်ပါစေဦး"
"မဟုတ်ပါဘူး အဒေါ် ကျွန်မကိုပြောပြပါ အုန်း"
"ဒီလို မြမြ ရေ ညည်းတို့ ဦးလေး သေမလိုဖြစ်သေးတယ်လေ ညည်းတို့ ဒီအလည်မလာခင် ၁ လလောက်ကလေတော်တော်လေးဆိုးတာပါအေ ။ ကျုပ်တို့ဖြင့်သေပြီ ထင်နေတာ.သူကသတိလစ် လစ် သွားတာကိုး..ငါတို့က ငွေခင် ကို ပြောသေးတယ်   ညည်းယောက်ျား ကျန်းမာရေး ပြန်ကောင်းလာတာ မရိုးသားဘူးပေါ့" 

"အမလေး ညည်းတို့ ကြီးဒေါ်က ယောကျာ်း ချစ်လေ သိတယ် အတိုင်း ကျုပ်တို့ ကိုအော်ဟစ် ငေါက် လွှတ်လိုက်တာ ကျုပ်တို့ ဘာမှ မပြောရဲဘူး ညည်းတို့ လာတုန်းကလဲ ခဏတစ်ဖြုတ်ပဲ ဆိုတော့  မပြောဖြစ်တာပေါ့နောက် ၅ ရက်  တ ခါလောက် ငွေခင် မြို့ပေါ်တက် ဈေးဝယ် ပြီးပြန်လာရင် စိုးမောင်က နင်းပေးတယ်လေ.......အေး အဲ့လို နင်းပေးပြီး တာနဲ့ ငွေခင် တစ်ယောက် အားမရှိသလို ဖြူ ဖတ်ဖြူ ရော် နဲ့ နေမကောင်း ဖြစ်တတ်တယ်...ဒါကလဲ ကျုပ်တို့က စောင့်ကြည့်နေတဲ့ သူတွေဆိုတော့ သတိ ထား မိတာပေါ့......." တစ်ယောက် တစ်လှည့် စီပြောနေတဲ့ ကြီးကြီး ရဲ့ အဒေါ် စကားတွေကို ယုံတစ် မယုံ တစ်ဝက် ဝေခွဲနေရတယ်..



"ဒေါ်လေးတို့က ဘယ်လို သိတာလဲ"
"ညည်းကလည်း သူတို့အိမ် ကိုကြည့် ခြံစည်းရိုး မရှိ အကာ အကွယ်မရှိဘူး အိမ်က သခ်ျိုင်းနားမှာလေ စိုးမောင် အသည်းအသန် ဖြစ်တုန်း ကလဲ သေတော့ မလိုနဲ့ အခု ငွေခင် သေတော့ သူက ဝ ဖြိုးနေတာပဲ နောက်ပြီး သူ့ မျက်နှာကိုကြည့်မိလား နှားခေါင်းက လန်ပြီး နားရွက်တွေ လဲ လန်နေပြီလေ ဒါ သေတာ ကြာလို့ ဖြစ် လာတဲ့ လက္ခဏာ ပဲ ပြီး မိန်းမ ဆုံးတာတောင် ဘယ်လိုမှ မနေတာ မထူးဆန်းဘူးလား "....... သူတို့ ဓလေ့ နဲ့ သူတို့အတွေး က ဟုတ်နေတာပဲ ကျွန်မလဲ လူတွေသေ ရင် ဒီလို လက္ခဏာ ရှိလားသေသေ ချာချာ မပြောတတ်ပါဘူး.....





"ကျုပ်တို့ က အဲ့ဒီ ဖုတ် ကို ထုတ်စေချင်တယ်..ညည်း ကော"
"ကျွန်မ ကတော့ ထုတ်စေချင်တာပေါ့......သူ့မြေး ကကော သူက ကျွန်မ နဲ့ နေတာမှ မဟုတ်တာ" ကျွန်မ ဦးလေး က သူ့မြေးမလေး နဲ့ နေတာဆိုတော့ သူ့မြေးမလေး သဘောကပဲ ပိုအရေးကြီးတာပေါ့လေ...."အင်းးး မြမြ ညည်း မှတ်မိလား ညည်းတို့ အဘွားတုန်းကလဲ အသိမြန်လို့ မဟုတ်ရင် ဌေးဌေး လဲ သေ မှာ..."
"ဟုတ်တယ်နော် ဦးလေး စိုးမောင်က အဖွား လို ဖြစ်နေတာပေါ့နော်....."(ကျွန်မ တစ်ခါရေးဖူးတဲ့ အစွယ်မပါဘဲ သွေးစုတ် တဲ့ ဖုတ်ကောင် အကြောင်းပေါ့)

"အန်တီမြ ဖွားလေးတို့ ဘာပြောပြော သမီးက မယုံဘူး ဒါ့ကြောင့် သမီးကို ဘာမှ မပြောနဲ့ ဖိုးဖိုး က ဘာမှ မဖြစ်ဘူး ဘာမှလဲ ထုတ်စရာမလိုဘူး... ယုံလဲ မယုံဘူး ဖွားဖွား ကလဲ သူ့ဘာသာ သေတာ ဖိုးဖိုးနဲ့ မဆိုင်ဘူး...".....သူ့ သဘောက အဲ့လိုဆိုတော့ ကျွန်မတို့လဲ ဘာမှ မတတ်နိုင်ဘဲ ရက်လည်ပြီးတော့ ..စိတ် မကောင်းစွာနဲ့ပဲ.ပြန်လာခဲ့ရတယ် ။ 


ဒီလိုပြန်လာခဲ့တာ သူမ အတွက် ကံမကောင်းချင်းဖြစ်နေလိမ့်မယ် ဆိုတာ ကျွန်မ ကြိုသိခဲ့မယ် ဆိုရင် ကျွန်မ တစ်ခါတည်း ဦးလေးကို ဖုတ် ထုတ်ဖို့ အတင်းပြောခဲ့မှာပါ......ရန်ကုန်ပြန်ရောက်တာ ၂ ပတ် ရှိတော့...."ဟဲလို မြမြရေ ထူးပြန်ပြီဟ"......
အညာ က ဖုန်းလာပါပြီ......


" ဘာလို့လဲ အဒေါ်"..
" ဒီကို လာခဲ့အုန်း ကျုပ်တို့ ရွာတော့ ရွာနာတော့မယ်.."
ပြေးရပြန်ပါပြီ......
ရောက်တာနဲ့ တန်းပြီး အဒေါ်က "စိုးမောင် မြေးလေး ဆေးရုံ တင်ထားရတယ် ဒီနေ့ စိုးမောင် ကို ဖုတ် ထုတ် မယ် သူ့မြေးမလေး လဲ သေပြီး ဖုတ်ဝင်နေတယ်...."
ကျွန်မ နား အတော်ရှုပ်သွားတယ်....

ကျွန်မ ဦးလေးကို ရွာထဲ က လူကြီးတွေ ဖမ်းချုပ် ထားတယ် နောက်ပြီး ဆန်မန်းတွေလဲ အိမ်ခန်း အရှေ့အနောက် တစ်နေရာ မကျန်အောင် ဖျန်းထားကြတယ် "ငါ့အောက် က အရွက်တွေ ထုတ်ပေးကြ"အာဂေါင် ကိုခြစ်ပြီးကြောက်စရာ အသံကြီး နဲ့ တစ်ကယ် ပင် ကြက်သီးတွေ ထမိတယ်.....သိပ်မကြာခင်မှာ အရမ်း ကို ဆိုးဆိုး ဝါးဝါး အပုတ်နံ့ ထွက်လာတယ်..." ဖုတ် ကတော့ ထွက်သွားပြီ သူ ဒီအိမ်ထဲက ထွက်လို ရမှာမဟုတ်ဘူး ရွာသားတွေ အပြင်ထွက် ဒီအိမ်ကို မီးရှို့ပြီး ဖုတ်ကို သတ်ရမယ်....


" တ စ တ စ နဲ့လောင်မြိုက်သွားတဲ့ ဦးလေး တို့ အိမ်ကြီး ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်...." ဦးလေးရဲ့ မြေးမလေးကော"...
"ဆေးရုံပေါ်မှာ သူ ကတော့ ဒီတိုင်း အမဲသားတောင်းတဲ့ ဖုတ် ထင်တာပဲ ညနေစောင်းရင် အမဲသားတောင်းတယ်...."

"ဘယ်လိုဖြစ်ကြတာတုန်း ကျွန်မ ပြန်သွားတာတောင် မကြာသေးဘူး" "ဒီလိုအေ ကျုပ်တို့လဲ ခလေးမကို သူ့ အဖိုး ဖုတ် ထုတ်ဖို့ပြောပေမယ့် မရဘူး နောက်ပိုင်းသူ အိပ်ရာထဲ လဲတော့ ငွေခင် လိုပဲ အားမရှိသလို ဖြူဖတ်ဖြူရော် နဲ့ ဒီကြားထဲ ငါတို့လဲ နေတွေ ပူတော့ မနက် မလင်းခင် ကြက်သွန်ခင်း သွား ည မိုးချုပ်မှ ပြန်လာတာ ဒါ့ကြောင့် သူကို သတိမရဘူး ။


 နောက်နေ့ ကျုပ် ညဖက်ကြီး အပေါ့သွား တော့ စိုးမောင်မြေးမ တောင်ပိုင်း  အိမ် က ကြက်တွေ အစိမ်း စားနေတယ်လေ ။ အဲ့တာကြောင့် တစ်အိမ်ထဲမှာ တစ်လ ထဲ ၃ လောင်းဖြစ်မှာ ဆိုးလို့ ခလေးမ ကို ဆေးရုံပို့ပြီး ဆေးရုံမှာပဲ ဖုတ် ထုတ်ကြဖို့ စီ စဉ်ထားတာ အခု ဆေးရုံသွားကြမယ် လာ........"

"ဟင်............"
ကျွန်မ သက်ပြင်းအရှည်ကြီးချ လိုက်မိတယ်...... ခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ပါပြီ......
"ငါ အမဲသား စားချင်တယ် ငါ့ကို အမဲသားကျွေး....ငါလက်တွေ ကြိုးဖြေပေး....."
"လာ ကုန်ပြီလား စိုးမောင် အခြေ အနေကော...." " လောက်တွေတောင် တက်နေပြီ အနံ့တွေ မခံနိုငိတော့လို့ အိမ်ပါ မီးရှို့ပြီး ဖုတ်ကိုပါ သတ်ပလိုက်တယ်..


ဒီ ခလေးကို ခဏ တုတ်ထား ကြ ကုတင်အောက်မှာ ခုံ ဖိနပ် နဲ့ သြဇာရွက်တွေ ထည့်လိုက်ဦးမယ်..."  ကုတင်အောက်မှာ ခုံဖိနပ် ကို တစ်ဖက်ကို မှောက် ကျန်တစ်ဖက် ကို ပက်လက်ထားပြီး သြဇာရွက် ကို သူအိပ်တဲ့ အိပ်ယာအောက် မှာ ထည့်လိုက်တာ နဲ့ အသံနက်ကြီးဖြင့်......


"အားးးး" ဟုအော်ကာ တစ်ကိုယ်လုံး လူးလှိမ့်ပြီး..မကြာခင်မှာ အသက် မရှိတော့တဲ့ ခန္ဓာကိုယ် ပဲကျန်တော့တယ်.............သူ ကတော့ သေတာ သိပ်မကြာသေးလို့ ထင်တယ် ။ အရမ်း ရုပ်ပျက်ဆင်းပျက်မဖြစ်သေးဘဲ ပုပ်စော်တော့ တော်တော် နံနေပါပြီ ။ အဲ့တာကြောင့် ချက်ချင်း သဂြိုလ်လိုက်ကြရတယ် ။ ရွာမှာလဲ အသံမစဲ ပဌာန်း ပွဲကြီး ကို ချက်ချင်းစီစဉ် ကြပါတယ်...




‪#‎Thet‬ Tant Chit Thu (သက်တန့်ချစ်သူ) ရေးသည်။



No comments:

Post a Comment