Monday, August 15, 2016

ရာသီခွင် (၁၂) ခု နဲ့ သူတို့ရဲ့ အချစ်ရေး



ရာသီခွင် တစ်ခုချင်းစီ မှာ အချစ်ရေး နဲ့ ပတ်သက်ပြီး မတူဘဲ ကွဲပြားနေတဲ့ အချက်လေးတွေ၊ စရိုက်        လေးတွေ နဲ့၊ အခြေ အနေ သဘောတရားတွေ ရှိပါတယ်။

မိဿ          (Aries)
အချစ်ရေး နဲ့ပတ်သက်ပြီး အရမ်း ခံစားချက်ပြင်းထန်တယ်။ စိတ် အတက်အကျ အပြောင်းအလဲလည်း မြန်တယ်။

ပြိဿ           (Taurus)
ရိုးရှင်းတဲ့ အမြင်ပဲ ရှိတယ်။ တစ်ယောက်ယောက် နဲ့ စိတ်ချင်း ဆက်နွယ်မှု ရှိတယ်လို့ခံစားရရင် ချစ်မိသွားဖို့လွယ်ကူတယ်။

မေထုန် (Gemini)
အပေါင်းအသင်း များတယ်။ ချစ်သူ ရှိရင်တောင် ချစ်သူကိုပေးစရာအချိန် မရှိသလောက်ဖြစ်နေမယ်။

ကရကဋ် (Cancer)
စိတ်ကူးယဉ် ဆန်တဲ့ အချစ်မျိုးပဲ လိုချင်တယ်။ ရိုမီယို နဲ့ ဂျူးလိယက် လို ရိုမန်တစ်ဆန်ဆန် ချစ်ချင်တယ်။
play



သိဟ် (Leo)
ချစ်သူနဲ့တောင် ခေါင်းနည်းနည်း မာတယ်။ ကိုယ်က အချစ်ရေးမှာ ကံဆိုးနေရင်တောင် ချစ်နေရင် မမှုဘူးဆိုတဲ့စိတ်မျိုး။

ကန် (Virgo)
အသစ် အသစ်တွေကို စိတ်ဝင်စားလေ့ ရှိတယ်။ ချစ်သူ ဆိုရင်လည်း ရွေးစရာများ သလို၊ အများကြီးရွေးရတာကိုလည်း ကြိုက်နှစ်သက်သူပေါ့။

တူ (Libra)
ရိုမန်တစ် ဆန်ဆန် အချစ်တတ်ဆုံး ရာသီဖွားတွေပေါ့။ ကိုယ်ကလည်း အကောင်းဆုံး ချစ်ပေးသလို ကိုယ်    ချစ်သလောက်လည်း ပြန်ချစ်တာကို လိုချင်တယ်။

ဗြိစ္ဆာ (Scorpio)
ရိုးသားသလို ခံစားချက် က နည်းနည်း အစွန်းရောက်တယ်။
play



ဓနု (Sagitarius)
အချစ်ကို ဆော့ကစားချင်တဲ့ သူမျိုး။ မရည်ရွယ်ဘဲ နဲ့ကို ဆရာကြီး၊ ဆရာမကြီးတွေ အဖြစ် သတ်မှတ်ခံရ မယ်။

မကာရ (Capricorn)
အချစ် ကို ဘ၀မှာ ရှိတဲ့ တစ်ခြား အရာတွေလောက် အရေးပါတယ် မထင်ဘူး။ အချစ် ကိုလည်း ကောင်းကောင်းနားလည်တဲ့အထဲမှာ မပါဘူး။

ကုံ (Aquarius)
ကိုယ်နဲ့ အဆင်ပြေမယ့်သူ ကို ရအောင်ရှာနိုင်တယ်။

မိန် (Pisces)
ကိုယ့်ကို ဘယ်သူက ချစ်နေလဲ ဆိုတာ ကောင်းကောင်း သိတဲ့အတွက် အချစ်ရေးမှာ ကံ အကောင်းဆုံးလို့ပြောလို့ရတယ်။ သစ္စာရှိပြီး တန်ဖိုးထားတတ်တဲ့ သူတွေ ဆိုလည်း မမှားဘူးပေါ့။

http://www.duwun.com.mm/lifestyle/-id4856270.html

No comments:

Post a Comment