အမြင့်ဆုံး ဆုငွေ ကျပ် သိန်းတစ်သောင်း ပေးမယ့် ကျပ် ၅၀၀ တန် ထီကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက် မှာ စတင် ဖွင့်လှစ် သွားမယ်လို့ ပြည်တွင်း အခွန်များ ဦးစီးဌာန က အတည်ပြုလိုက်ပါတယ်။
အထူးဆုကြီး အနေ နဲ့ ဖွင့်လှစ်မယ့် ကျပ်သိန်း ၁၀၀၀၀ ဆု အပြင် ဒုတိယ ဆု ကျပ်သိန်း ၅၀၀၀ နဲ့ တတိယ ကျပ်သိန်း ၁၀၀၀ ဆုတွေ အပါအ၀င် အခြား ဆုမဲတွေကိုလည်း တိုးမြှင့် ဖွင့်လှစ်သွားမယ် လို့ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်မှာ ပြောကြားထားပါတယ်။
ကျပ် ၅၀၀ တန် ထီတွေ စတင်ရောင်းချတဲ့ အချိန်မှာ လက်ရှိရောင်းချနေတဲ့ ကျပ် ၂၀၀ တန် ထီ စနစ်ကိုလည်း ဖျက်သိမ်းမှာ မဟုတ်ဘဲ နောက်ပိုင်းမှာ ကျပ် ၂၀၀ တန် ထီကို စိတ်ဝင်စားတာ နည်းပါး လာရင် ဖျက်သိမ်းသွားမယ်လို့ သိရပါတယ်။
၅၀၀ ကျပ်တန် ထီလက်မှတ်တွေ ကို မြို့နယ် အခွန်ရုံးတွေမှာ လက်လီဖြန့်ဖြူးရောင်းချမှာ မဟုတ်ဘဲ လက်ကား ဝယ်ယူရောင်းချချင်ရင် သတ်မှတ်ညွှန်ကြားချက်တွေနဲ့ အညီ ဝယ်ယူခွင့် ရရှိဖို့ တင်ပြလျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
Source & Photos :
7DayDaily
http://www.duwun.com.mm/news/local/-id5396310.html


No comments:
Post a Comment