Tuesday, August 23, 2016

ဖိလစ်ပိုင် တွင် အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်



ဖိလစ်ပိုင်နိုင်ငံ တွင် မကြာသေးမီ လများ အတွင်း အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်            ခဲ့သောကြောင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုနှုန်း ကျဆင်းရေး လှုပ်ရှားသူများက အာဏာပိုင်များအား ကူးစက်   မှုနှုန်း ကျဆင်း  သွားရေး လုပ်ဆောင်ပေးရန် တိုက်တွန်းခဲ့ရကြောင်း သိရသည်။

          ဇွန်လ တစ်လတည်း မှာပင် အိပ်ခ်ျအိုင်ဗွီ ကူးစက်သူ (၈၄၁) ဦး အထိရှိခဲ့သည်။ ယင်းသည်             ဖိလစ်ပိုင်တွင် အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုနှင့် ပတ်သက်၍ ပထမဆုံး စာရင်းကောက်ယူခဲ့သည့် ၁၉၈၄ ခုနှစ်      မှစပြီး၊ လ  အလိုက် ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း ဖိလစ်ပိုင်     ကျန်းမာရေး ၀န်ကြီးဌာန၏ စာရင်းအင်းများတွင် ဖော်ပြထားသည်။

          ကူးစက်မှု (၉၉) ရာခိုင်နှုန်း သို့မဟုတ် ဖြစ်ရပ် (၇၇၇)  ခုသည် လိင်  ဆက်ဆံရာမှ ကူးစက်             ခဲ့ခြင်းဖြစ်ပြီး၊ အများစုမှာ အမျိုးသား အချင်းချင်း လိင်     ဆက်ဆံရာမှ ကူးစက်ခြင်း ဖြစ်သည်။ ကူးစက်မှုသစ် (၆၀)  မှာ မူးယစ်ဆေး   သုံးစွဲရာမှ ဖြစ်ပြီး၊ ဖြစ်ရပ်လေးခုမှ မိခင်မှ ရင်သွေးသို့ ကူးစက်ခြင်း ဖြစ်သည်။

          ဖိလစ်ပိုင်တွင် အေ့ဒ်စ် ရောဂါ ဝေဒနာရှင်  များကို ခွဲခြား  ဆက်ဆံမှုများ ရှိနေဆဲ ဖြစ်သောကြောင့် အိပ်ခ်ျအိုင်ဗွီ ကူးစက် ခံထားရပါက လူမသိအောင်နေထိုင်မှုများ ရှိနေသဖြင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ    ဦးရေသည် ယခု  ထုတ်ပြန်သည့် ဦးရေထက် ပိုမိုများပြားနိုင်ကြောင်း အေ့ဒ်စ် ရောဂါရှင်များ အရေးလှုပ်ရှားလုပ်ဆောင်နေသည့် ပရဟိတ   အဖွဲ့ Project Red Ribbon မှ ဂျရဲဆန်တို့စ်  က ပြောဆိုခဲ့သည်။

          ယင်းကြောင့် အစိုးရသည် အိပ်ခ်ျအိုင်ဗွီ ကူးစက်ပုံ နည်းလမ်း များနှင့် ပတ်သက်ပြီး အများပြည်သူကို ပညာပေးမှုကို အရှိန်တိုးမြှင့် လုပ်ဆောင်သင့်ကြောင်း ဆန်တို့စ်က ပြောဆိုခဲ့သည်။



          ဖိလစ်ပိုင်၌ ၂၀၀၁ မှ ၂၀၁၂ ခုနှစ်ကြား အိပ်ခ်ျအိုင်ဗွီ ကူးစက်သူ ဦးရေနှစ်ဆ တိုးပွားလာခဲ့ကြောင်း ကုလ  အေ့ဒ်စ် အေဂျင်စီ (UNAIDS) ၏ ၂၀၁၃ ခုနှစ်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

          ဖိလစ်ပိုင်  တွင် မှတ်တမ်းတင်မှု စတင်ပြုလုပ်ခဲ့သည့် ၁၉၈၄ ခုနှစ်မှ   စပြီး အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ (၃၄၉၉၉) ဦး  ရှိခဲ့သည်။ ကမ္ဘာ  တစ်ဝန်းတွင် အိပ်ခ်ျအိုင်ဗွီ ကူးစက်     ခံထား ရသူ (၃၆ဒသမ၇)သန်း ရှိနေကြောင်း ကုလ  ၏ စာရင်းအင်းများတွင် ဖော်ပြထားသည်။     
  

လူလူငြိမ်း
မနီလာ ၊ သြဂုတ် ၁၁
Source:BBC


No comments:

Post a Comment