Thursday, July 14, 2016

Chrome ကို လျင်မြန်စွာ အသုံးပြုလိုပါက Tab အများ အပြား ဖွင့်၍ အသုံးပြုခြင်း ကို ရှောင်ကြဉ်သင့်





Google မှ ထုတ်လုပ် ထားသည့် Chrome Browser ကို လျင်မြန်စွာ အသုံးပြုလိုပါက Tab အများ အပြား ဖွင့်၍ အသုံးပြုခြင်းကို ရှောင်ကြဉ် သင့်ကြောင်း Google ၏ နည်းပညာ ဌာနခွဲမှ ထုတ်ပြန်သည့် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Chrome ၏ တည်ဆောက်ထားပုံ များ အရ Tab အများ အပြား ဖွင့်လှစ် အသုံးပြုခြင်းသည် စွမ်းဆောင်ရည် ပိုင်းနှင့် လျင်မြန်မှု ပိုင်းကို လျော့ကျစေသောကြောင့် Tab အများ အပြား ဖွင့်၍ အသုံးပြုခြင်း ကို ရှောင်ကြဉ် သင့်သည်ဟု အကြံပြုခဲ့ခြင်း ဖြစ်သည်။ 
 
သုံးစွဲသူများ က အသုံးမပြုသော Tab များ ကို ပိတ်ရန် မေ့လျော့လေ့ ရှိခြင်း မှာလည်း မြန်နှုန်းနှင့် စွမ်းဆောင် ရည်ပိုင်းကို ထိခိုက်စေ သောကြောင့် အဆိုပါ အချက်ကိုလည်း သတိပြုသင့်သည်ဟု ဆိုသည်။ 
 
Save Browsing Session ထဲ၌ အသုံးပြုသည့် History များကို စုပြုံ မှတ်သားသည့် Option ကိုလည်း အပြောင်း အလဲ လုပ်သင့်ကြောင်း အကြံ ပြုခဲ့သည်။ 
 
ထို့ပြင် Chrome ၏ စွမ်းဆောင်ရည်ပိုင်းနှင့် လျင်မြန်မှုပိုင်း ကို ကျဆင်းစေသည့် အကြောင်း ရင်းများထဲတွင် Plug-ins အများ အပြား ရှိနေသည့် အချက် ကလည်း အရေးကြီးသည့် အချက် အဖြစ် ရပ်တည်လျက် ရှိသောကြောင့် မိမိ အသုံးပြုခြင်း မရှိသည့် Plug-ins များကို ဖြုတ်ထားရန် လိုအပ်မည် ဖြစ်သည်။ 
 
 
Web Cache များကို အချိန် တစ်ချိန် သတ်မှတ်ကာ ပုံမှန် ရှင်းလင်းမှု ပြုလုပ်ပေးခြင်း က လည်း Chrome ၏ လျင်မြန်မှု ကို တိုးပွားစေကြောင်း သိရသည်။ Chrome သည် Browser များ ထဲတွင် လူသုံး အများဆုံး Browser အဖြစ် ရပ်တည်လျက် ရှိသည်။
 
 
 
 

No comments:

Post a Comment