Sunday, July 24, 2016

ကလေး အရွယ်မှာ လက်မစုပ်၊ လက်သည်းတွေ ကိုက်တတ်တဲ့ အကျင့်က ဓာတ်မတည့်မှု ပိုနည်းစေနိုင်ဟု သိရ


 
လက်မစုပ်၊ လက်သည်းတွေ ကိုက်တတ်တဲ့ ကလေးတွေ ဟာ ဓာတ် မတည့်မှု ဖြစ်ပွားနိုင်ခြေပိုနည်းကြောင်း သုတေသန အသစ် အရ သိရပါတယ်။ "ဓာတ်မတည့်မှုတွေ ဟာ ငယ်ရွယ်တဲ့ အချိန်မှာ ရောဂါ ပိုးမွှားနဲ့ ထိတွေ့တဲ့ ကလေးတွေ မှာ ဖြစ်ပွားတယ်" ဆိုတဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာ အယူအဆ ကို ယခု ရှာဖွေတွေ့ရှိချက်တွေ ကနေ သက်သေထူပါတယ်။

မကြာမသေးမီ ဆယ်စုနှစ်တွေ အတွင်း ဓာတ် မတည့်မှုဖြစ်တဲ့ ကလေးတွေ ဘာကြောင့် မြင့်တက် လာလဲ ဆိုတဲ့ သီအိုသီ၊ အယူအဆ များစွာ ရှိပါတယ်။  

၁၃ နှစ် အရွယ် ကလေး ၄၅ % မှာ ကြောင်၊ ခွေး၊ ဖုန်မှုန့်၊ မြက်ပင်၊ မြင်း စတဲ့ ဓာတ်မတည့်မှု တစ်ခုခု အနည်းဆုံး တုံ့ပြန်ဖြစ်ပေါ်ကြောင်း သုတေသီတွေ က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒါပေမယ့် လက်မစုပ်၊ လက်သည်းတွေ ကိုက်တဲ့ ကလေးတွေကြား ဓာတ် မတည့်မှု ၃၁% ထိ လျှော့နည်း ပါတယ်။ သို့သော် ဒီ အပြုအမူ ဘယ်ဟာမှာမှ ကလေးတွေ မှာ ပန်းနာ သို့မဟုတ် ပန်းဝတ်မှုန် စတာတွေကြောင့် မျက်ရည်ယို၊ နှာစေး၊ ခြေဆတ်၊ ဖျားနာခြင်း ဖြစ်ပွားစေတဲ့ အကျိုးသက်ရောက်မှု မရှိပါဘူး။


"ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိချက်တွေက အညစ်အကြေး သို့မဟုတ် ရောဂါပိုးမွှားတွေကို အစောပိုင်း ထိတွေ့ခြင်း က ဓာတ် မတည့်ဖြစ်ပွားမှု အန္တရာယ် လျှော့နည်းစေတဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာ သီအိုရီ နဲ့ တစ်ထပ် တည်း ကျကြောင်း" ကနေဒါနိုင်ငံ McMaster University က ပါမောက္ခ Malcolm Sears က ဆိုပါတယ်။

ဒီအပြုအမူ ကို အားပေးသင့်တယ် လို့ အကြံ မပြုပေမယ့် အကျိုးပြုပါတယ်။ ပါးစပ်ထဲ လက်ချောင်းတွေ ထိုးထည့်ခြင်း က မျက်စိဖြင့် မမြင်နိုင်တဲ့ ရောဂါပိုးတွေ ပိုမို ထိတွေ့စေပြီး အဲဒါက ကိုယ်ခံအား စနစ် ကြီးထွား ရင့်သန်မှု ဖြစ်စေတယ်လို့ ဆိုပါတယ်။ 


Ref: Independent  
http://trend.com.mm/2016/07/12/lifestyle-9997

 

No comments:

Post a Comment