Monday, July 4, 2016

ကမ္ဘာကြီး အဆုံးသတ်နိုင်သော အကြောင်းအရင်း ၁၀ ချက်


၁ ။ ဥက္ကာခဲ များနှင့် တိုက်မိခြင်း ။

ဒါဟာ အရင်တုန်းကလဲ ဖြစ်ဖူး ပါတယ်။ ဒိုင်နိုဆောတွေ မျိုးသုန်း
သွားတုန်းကပေါ့။ စကြာဝဠာ အတွင်းမှာ ဤကဲ့သို့ဖြစ်ရပ်မျိုး ဟာ မဆန်းပါဘူး။ 


၁၉၉၂ ခုနှစ် အတွင်းမှာကို ဂျုပီတာဂြိုလ် အတွင်း  အလွန်ပြင်း ထန် တဲ့ ပေါက်ကွဲမှုမျိုး နဲ့ ဥက္ကာခဲ ၃ လုံး ၀င်ရောက် ခဲ့ပါ တယ်။ ယနေ့ ခေတ်မှာ နည်းပညာတွေ နဲ့တော့ ကြိုတင်သိမြင်နိုင် ပါတယ်။

၂ ။ နေလုံး အဆမတန်ကြီးမား လာခြင်း ။

 
 နေမင်းဟာ အစဉ်အမြဲ တည်တန့်နေမည့် အရာ မဟုတ်ပါ။ သူ့ မှာ လဲ အဆုံးသတ် ဆိုတာရှိပါတယ်။ နောင်နှစ်ပေါင်း ၅ ဘီလီယံ ခန့်မှာ နေမင်းကြီးဟာ လောင်ကျွမ်း စရာ လောင်စာ ကုန်ဆုံး သွား မှာဖြစ်ပါတယ်။ 


ထိုအခါ နေမင်း ထဲမှာ ရှိတဲ့ ဟိုက်ဒရိုဂျင် နဲ့ ဟီလီယံ ဓာတ်ငွေ့တွေကြောင့် အဆမတန်ဖောင်းဖွ လာပြီး ကမ္ဘာလုံး ကိုပါဝါးမျို သွားမှာဖြစ်ပါတယ်။


၃ ။ ကမ္ဘာအနှံ့ နျူကလိယ စစ်ပွဲများ ။

နျူကလိယ ဗုံး များနဲ့ စစ်ဖြစ်ပြီးနောက်မှာ ကမ္ဘာ့ အိုဇုန်း လွှာပေါက်ပြဲ မှု၊ ရာသီဥတုဖောက်ပြန်မှု၊ ကမ္ဘာအနှံ့လေထု ညစ်ညမ်းမှု တို့ကြောင့် ကမ္ဘာကြီး ဟာ အသည်းအသန် ခံစားပြီး အဆုံးသတ်သွားနိုင်ပါတယ်။


၎ ။ မီးတောင်ပေါက်ကွဲမှု ။
အင်ဒိုနီးရှားနိုင်ငံမှာ ရှိတဲ့ တိုပါဆိုတဲ့ မီးတောင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၁၅၀၀ ကလို ပေါက်ကွဲမှုမျိုး ထပ်ဖြစ် ခဲ့ ရင် အနီးနားမှာ ရှိတဲ့သန်းပေါင်း များစွာသော ပြည်သူတွေဟာ ချက်ချင်းသေဆုံး သွားနိုင်ပါ တယ်။ ပြီးတာနဲ့ ကမ္ဘာအနှံ့ မီးတောင်ပြာများနဲ့ပဲ ဖုံးလွှမ်းပြီးတော့ လေထု ညစ်ညမ်းမှုကြောင့် အားလုံးနီးပါး ဒုက္ခရောက်ကာ အနည်းငယ်သာ အသက်ရှင် ကျန်နိုင်ပါလိမ့်မယ်။

၅ ။ စက်ရုပ်များ ။
သိပ္ပံပညာ ရဲ့ဆိုးကျိုး တစ်ခုဖြစ်ပါတယ်။ အလွန် အသိညဏ် ရှိလှတဲ့ စက်ရုပ်များဟာ တစ်ချိန်မှာ သူတို့ ကိုယ်တိုင် အသစ်အသစ်များ တီထွင်လာပြီး ကမ္ဘာကြီးရဲ့အနာဂတ် ကို ပြောင်းလဲပစ်နိုင်ပါတယ်။

၆ ။ နည်းပညာ အဆမတန် ထွန်းကားမှု ။
နည်းပညာများ အဆမတန် ထွန်းကားမှုကြောင့် ကမ္ဘာပေါ်ရှိ သယံဇာတများ ပျက်သုန်းကာ စက်ရုပ်များသာ အသက်ရှင်နိုင်မယ့် ပတ်ဝန်းကျင် မျိုးဖြစ်သွားနိုင်တယ်။




၇ ။ ရာသီဥတု ဖောက်ပြန်မှု ။
ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရေခဲတောင်များ အရည်ပျော်ကာ ပင်လယ်ရေမျက်နှာပြင်မြင့်တတ် လာမှု။ တစ်ချိန်ချိန် မှာ လူသားတို့ အတွက်နေထိုင်ရန် အဆင်မပြေသော ရာသီဥတုဖောက်ပြန်မှုကြောင့် အနည်း ငယ် သာလျှင်ရှင် ကျန်ရစ်နိုင်ပါတယ်။

၈ ။ သိပံ္ပ စမ်းသပ်ချက် မှားယွင်း ။
 ဤအချက်ကတော့ ရှင်းပါတယ်။ သိပံ္ပပညာ စမ်းသပ်ချက် တစ်ခုကြီးကြီးမားမား မှားယွင်းမှု သို့မဟုတ် မသိနားမလည်သော မသမာသူများ ထံသို့ သိပံ္ပပညာရောက်ရှိ သွားခဲ့ရင် ကမ္ဘာကြီး အတွက် စိုးရိမ် စရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
၉ ။ ရောဂါ ကူးစက်မှု
 အလွန်အန္တရာယ် များပြီး ပြင်းထန်လှတဲ့ ရောဂါပိုး တစ်မျိုး ကမ္ဘာအနှံ့ ပြန့်နှံ့ သွားခဲ့ရင်.. ထိုရောဂါပိုးအား ကုသနိုင်မည့် ကုထုံးအား အချိန်မှီ ရှာမတွေ့နိုင်ခဲ့လျှင်... လူသားမျိုးနွယ် ဟာလဲထို ရောဂါ ပိုးကြောင့် ပျက် သုန်းမယ့် အန္တရာယ် နဲ့ကြုံတွေ့ နိုင်ပါတယ်။

၁၀ ။ ဂြိုလ်သားများ ကျူးကျော်မှု ။

ကျွန်ုပ်တို့ထက် နည်းပညာမြင့်မားသော အခြား ကမ္ဘာမှ သက်ရှိများဟာ ၄င်းတို့ဂြိုလ်မှာ သယံဇာတများ ရှားပါး လာသောကြောင့် ကမ္ဘာဂြိုလ်ကို မျက်စိ ကျလာနိုင်ပါတယ်။ အဲ့ဒီ အချိန် လူသားတွေ အတွက် နေရာ ရှိပါတော့မလား။





 
 

No comments:

Post a Comment